သထုံၿမိဳ႕တြင္ ဖခင္ျဖစ္သူမွ သမီးအရင္းအား ညစ္ညမ္း ကား မ်ားျပသကာ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳ က်င့္ သည့္အျပင္ ႐ိုက္ႏွက္သည့္ အတြက္ သမီးျဖစ္သူမွ အမႈဖြင့္ တိုင္ၾကား

မြန္ျပည္နယ္ သထုံၿမိဳ႕ ဘင္လႈိင္ရပ္ကြက္ တြင္ ဖခင္ျဖစ္သူမွ သမီးျဖစ္သူအား အႀကိမ္ႀကိမ္ သားမယား အျဖစ္ ျပဳက်င့္ သည့္အျပင္ ႐ိုက္ႏွက္သည့္ အတြက္ သမီးျဖစ္သူမွ ႏိုဝင္ဘာ ၇ ရက္ ညေနပိုင္းက သထုံၿမိဳ႕မ ရဲစခန္းသို႔ ဒဏ္ရာ မ်ားျဖင့္ ေရာက္ရွိလာရာ ရဲစခန္းတာဝန္ရွိ သူမ်ားမွ ျဖစ္စဥ္ အေျခေနအား ေမးျမန္း ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ —- ေျပာျပရာတြင္ ၂၀၁၈ ခုႏွစ္ရက္မမွတ္ မိတြင္ မိခင္ျဖစ္သူ ခရီးသြားေနခိုက္ ေနအိမ္တြင္ မည္သူမွ် မရွိခ်ိန္ ဖခင္ျဖစ္သူ စိုင္းေက်ာ္ေဇာ ၄၃ ႏွစ္ ဘ ဦးသန္းေ႐ႊမွ ေနအိမ္အိပ္ခန္း အတြင္းသို႔ ေခၚယူ အက်ႌခြၽတ္ ခိုင္းကာ ကုတင္ေပၚထိုင္ခိုင္းၿပီး ဖုန္းအတြင္းရွိ ညစ္ညမ္းေခြအား ျပသကာ သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ ခဲ့ေ ၾကာင္း၊ ဖခင္အားေၾကာက္ရသျဖင့္ အျဖစ္ပ်က္ အား မည္သူကိုမွ် မေျပာျပဘဲ ေနထိုင္စဥ္

မိခင္ျဖစ္သူ အလစ္တြင္ မၾကာခဏ သားမယားအျဖစ္ျပဳ က်င့္ၿပီး တားေဆးတိုက္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၆ ရက္ ညတြင္ ဖခင္ျဖစ္သူမွ ေနအိမ္အိပ္ခန္းအတြင္း သို႔ ေရာက္ရွိလာကာ ညစ္ညမ္း ကားျပၿပီး သားမယားအျဖစ္ တစ္ ႀကိမ္ ထပ္မံ ျပဳက်င့္ခဲ့ကာ ႏိုဝင္ဘာ ၇ ရက္ နံနက္အေစာပိုင္းတြင္ သားမယားအျဖစ္ တစ္ႀကိမ္ထပ္ မံျပဳက်င္ခဲ့ေၾကာင္း ေျပာျပခဲ့ သည္။

အဆိုပါ ႏိုဝင္ဘာလ ၇ရက္ နံနက္ ၅ နာရီခန႔္တြင္ ဖခင္ျဖစ္သူ မွ မ—-အား ႏႈိးကာ မ—-၏ ဖုန္းကိုယူၾကည့္ၿပီး အျခား တစ္ေယာက္နဲ႔ ရည္းစားထား ရမလားဟုေျပာဆိုကာ တံပ်က္စည္းစတီး လက္ကိုင္႐ိုး၊ သစ္သားေခ်ာင္း မ်ားျဖင့္ ႐ိုက္ႏွက္ ခဲ့သျဖင့္ မ—-တြင္ ဝဲ/ယာ ပုခုံးညိဳမဲ၊ ဝဲ/ယာ လက္ခံေပါက္ၿပဲ၊ ယာေပါင္ညိဳမဲ၊ ယာဂ်ိဳေစာင္း ဖူးေယာင္၊ ယာခါး ဖူးေယာင္၊ ေနာက္ေစ့ဖူးေယာင္ဒဏ္ရာမ်ားရ ရွိခဲ့သျဖင့္ ေနအိမ္မွထြက္ေျပးကာ ရဲစခန္းသို႔ေရာက္ရွိ လာေၾကာင္း ရဲမွတ္တမ္း အရ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ သထုံၿမိဳ႕မ ရဲစခန္းမွ စိုင္းေက်ာ္ေဇာ အား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၇၆/ ၃၂၅ ျဖင့္ အမႈဖြင့္ဖမ္းဆီး ထားေၾကာင္း သိရသည္။

Myanmar_Online_News #သထုံၿမိဳ႕#သားမယားျပဳက်င့္

Unicode

သထုံမြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်း အား ညစ်ညမ်း ကား များပြသကာ သားမယား အဖြစ် အကြိမ်ကြိမ် ပြု ကျင့် သည့်အပြင် ရိုက်နှက် သည့် အတွက် သမီးဖြစ် သူ မှ အမှုဖွင့် တိုင်ကြား

မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက် တွင် ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့် သည့်အပြင် ရိုက်နှက်သည့် အတွက် သမီးဖြစ်သူမှ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက သထုံမြို့မ ရဲစခန်းသို့ ဒဏ်ရာ များဖြင့် ရောက်ရှိလာရာ ရဲစခန်းတာဝန်ရှိ သူများမှ ဖြစ်စဉ် အခြေနေအား မေးမြန်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မ —- ပြောပြရာတွင် ၂၀၁၈ ခုနှစ်ရက်မမှတ် မိတွင် မိခင်ဖြစ်သူ ခရီးသွားနေခိုက် နေအိမ်တွင် မည်သူမျှ မရှိချိန် ဖခင်ဖြစ်သူ စိုင်းကျော်ဇော ၄၃ နှစ် ဘ ဦးသန်းရွှေမှ နေအိမ်အိပ်ခန်း အတွင်းသို့ ခေါ်ယူ အင်္ကျီချွတ် ခိုင်းကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းအတွင်းရှိ ညစ်ညမ်းခွေအား ပြသကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့် ခဲ့ေ ကြာင်း၊ ဖခင်အားကြောက်ရသဖြင့် အဖြစ်ပျက် အား မည်သူကိုမျှ မပြောပြဘဲ နေထိုင်စဉ်

မိခင်ဖြစ်သူ အလစ်တွင် မကြာခဏ သားမယားအဖြစ်ပြု ကျင့်ပြီး တားဆေးတိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ညတွင် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်း သို့ ရောက်ရှိလာကာ ညစ်ညမ်း ကားပြပြီး သားမယားအဖြစ် တစ် ကြိမ် ထပ်မံ ပြုကျင့်ခဲ့ကာ နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် သားမယားအဖြစ် တစ်ကြိမ်ထပ် မံပြုကျင်ခဲ့ကြောင်း ပြောပြခဲ့ သည်။

အဆိုပါ နိုဝင်ဘာလ ၇ရက် နံနက် ၅ နာရီခန့်တွင် ဖခင်ဖြစ်သူ မှ မ—-အား နှိုးကာ မ—-၏ ဖုန်းကိုယူကြည့်ပြီး အခြား တစ်ယောက်နဲ့ ရည်းစားထား ရမလားဟုပြောဆိုကာ တံပျက်စည်းစတီး လက်ကိုင်ရိုး၊ သစ်သားချောင်း များဖြင့် ရိုက်နှက် ခဲ့သဖြင့် မ—-တွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ယာ လက်ခံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ယာဂျိုစောင်း ဖူးယောင်၊ ယာခါး ဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများရ ရှိခဲ့သဖြင့် နေအိမ်မှထွက်ပြေးကာ ရဲစခန်းသို့ရောက်ရှိ လာကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ သထုံမြို့မ ရဲစခန်းမှ စိုင်းကျော်ဇော အား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီး ထားကြောင်း သိရသည်။

Myanmar_Online_News #သထုံမြို့#သားမယားပြုကျင့်

Leave a Reply

Your email address will not be published. Required fields are marked *