က်ိဳက္ထီး႐ိုးေတာင္ေျခရွိပ်ံက်ေဈး သည္မ်ားမွ ဘုရားေဂါပကႏွင့္ ဘုရားရဲမ်ားကို ျပန္လည္အမႈ ဖြင့္

က်ိဳက္ထီး႐ိုးေတာင္ေျခမွာ ရွိေသာ ပ်ံက်ေဈးသည္မ်ားမွ က်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕ႏွင့္ ဘုရားရဲ မ်ား ကို အမႈျပန္လည္ ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း အဓိမၼဝါဒ ဆန႔္က်င္ေရး ေကာ္မတီ မူဝါဒခ်မွတ္သူ ဦးျမတ္ေက်ာ္ မွ ေျပာၾကားခဲ့သည္။

ဘုရားေဂါပကႏွင့္ ဘုရားရဲမ်ားကို က်ိဳက္ထီး႐ိုးေတာင္ေပၚ ရွိ ပ်ံက်ေဈးသည္ ၁၆ ဦးမွ တဦးခ်င္းစီ အေနျဖင့္ ပုဒ္မ ၃၂၅၊ ပုဒ္မ ၃၅၄၊ ပုဒ္မ ၃၂၃ တို႔အျပင္ တရား႐ုံး ဦးတိုက္ေလွ်ာက္ ရန္ ၇ မႈတို႔ျဖင့္ တရားစြဲဆိုမႈျပဳလုပ္ ခဲ့တာျဖစ္ေၾကာင္း သိရွိရပါသည္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၄ ရက္ေန႔ နံနက္ပိုင္း က က်ိဳက္ထီး႐ိုးေတာင္ေပၚက ပ်ံက်ေဈးသည္ေတြ ကို ဖယ္ရွားတဲ့ ေဂါ ပကအဖြဲ႕မွ လုံၿခဳံေရး အခ်ိဳ႕နဲ႔ ေဈးသည္အခ်ိဳ႕တို႔ ႐ိုက္ႏွက္မႈ ျဖစ္ပြားခဲ့ ပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ လုံၿခဳံေ ရး ဝန္ ထမ္း ၁၀ ဦးခန႔္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ေဈးသည္ ၁၄ ဦးကို ေဂါပကအဖြဲ႕က ပုဒ္မ ၅ ခုျဖင့္ အမႈဖြင့္ ထားခဲ့ တာျဖစ္ေသာေၾကာင့္ ေဈးသည္မ်ားဘက္ကလည္း အခုလို ျပန္လည္အမႈ ဖြင့္ခဲ့တာပဲ ျဖစ္ေၾကာင္း သိရွိရသည္။

က်ိဳက္ထီး႐ိုးေတာင္ေပၚမွာ ေရာင္းခ်ေန တဲ့ ပ်ံက်ေဈးသည္မ်ားကို ဖယ္ရွားေပးဖို႔ ေဂါပကအဖြဲ႕အေနနဲ႔ သတိ ေပးမႈေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္လည္း လိုက္နာျခင္းမရွိ တဲ့အျပင္ ျပန္လည္ရန္ျပဳျခင္း၊ ဆက္လက္ ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ေနတဲ့ အတြက္ အဆိုပါ ပ်ံက်ေဈးသည္ မ်ားကို ႏိုဝင္ဘာလ ၇ ရက္ေန႔ ေနာက္ဆုံး ထား ဖယ္ရွားေပးဖို႔အတြက္ က်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕က သတိေပးစာ ေပးပို႔ထား ခဲ့သည္။

#Myanmar_Online_News #က်ိဳက္ထီး႐ိုး #ဘုရားေဂါပက #ပ်ံက်ေစ်းသည္မ်ား

Unicode

ကျိုက်ထီးရိုးတောင် ခြေရှိ ပျံကျဈေး သည်များမှ ဘုရား ဂေါပကနှင့် ဘုရားရဲများကို ပြန်လည် အမှုဖွင့်

ကျိုက်ထီးရိုးတောင်ခြေမှာ ရှိသော ပျံကျဈေးသည်များမှ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် ဘုရားရဲ များ ကို အမှုပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဓိမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီ မူဝါဒချမှတ်သူ ဦးမြတ်ကျော် မှ ပြောကြားခဲ့သည်။

ဘုရားဂေါပကနှင့် ဘုရားရဲများကို ကျိုက်ထီးရိုးတောင်ပေါ် ရှိ ပျံကျဈေးသည် ၁၆ ဦးမှ တဦးချင်းစီ အနေဖြင့် ပုဒ်မ ၃၂၅၊ ပုဒ်မ ၃၅၄၊ ပုဒ်မ ၃၂၃ တို့အပြင် တရားရုံး ဦးတိုက်လျှောက် ရန် ၇ မှုတို့ဖြင့် တရားစွဲဆိုမှုပြုလုပ် ခဲ့တာဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း က ကျိုက်ထီးရိုးတောင်ပေါ်က ပျံကျဈေးသည်တွေ ကို ဖယ်ရှားတဲ့ ဂေါ ပကအဖွဲ့မှ လုံခြုံရေး အချို့နဲ့ ဈေးသည်အချို့တို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လုံခြုံေ ရး ဝန် ထမ်း ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဈေးသည် ၁၄ ဦးကို ဂေါပကအဖွဲ့က ပုဒ်မ ၅ ခုဖြင့် အမှုဖွင့် ထားခဲ့ တာဖြစ်သောကြောင့် ဈေးသည်များဘက်ကလည်း အခုလို ပြန်လည်အမှု ဖွင့်ခဲ့တာပဲ ဖြစ်ကြောင်း သိရှိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်မှာ ရောင်းချနေ တဲ့ ပျံကျဈေးသည်များကို ဖယ်ရှားပေးဖို့ ဂေါပကအဖွဲ့အနေနဲ့ သတိ ပေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိ တဲ့အပြင် ပြန်လည်ရန်ပြုခြင်း၊ ဆက်လက် ရောင်းချခြင်းများ ပြုလုပ်နေတဲ့ အတွက် အဆိုပါ ပျံကျဈေးသည် များကို နိုဝင်ဘာလ ၇ ရက်နေ့ နောက်ဆုံး ထား ဖယ်ရှားပေးဖို့အတွက် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့က သတိပေးစာ ပေးပို့ထား ခဲ့သည်။

#Myanmar_Online_News #ကျိုက်ထီးရိုး #ဘုရားဂေါပက #ပျံကျဈေးသည်များ

Leave a Reply

Your email address will not be published. Required fields are marked *