ပုသိမ္ၿမိဳ႕ရွိ ေ႐ႊျမင္တင္ အထက္တန္းေက်ာင္းမွ ဘုံ ကထိန္ ေငြပေဒသာပင္ က်ပ္ ၂၄ သိန္းခန႔္ ေဖာက္ထြင္း ခိုးယူခံရ

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ေ႐ႊျမင္တင္ေက်း႐ြာ အုပ္စု ေ႐ႊျမင္တင္ေက်း႐ြာရွိ အထက္တန္းေက်ာင္းမွ ဘုံကထိန္ေ ငြပေဒသာပင္ သီထားေသာပိုက္ဆံ ၂၃၆၉၀၀၀ က်ပ္အားႏိုဝင္ဘာ ၈ ရက္ေန႔ နံနက္ ၂ နာရီခန႔္က ေဖာက္ထြင္းခိုးယူ ခံခဲ့ရေၾကာင္း သိရသည္။

ေ႐ႊျမင္တင္ေက်း႐ြာ အတြင္းရွိ နိေျဂာဓာ ဘုန္းေတာ္ႀကီးေတာ္ ႀကီးေက်ာင္းတြင္ ဘုံကထိန္ ခင္းရန္ ေက်ာင္းသူေ က်ာင္းသား လႉဒါန္းေငြမ်ား၊ေက်း႐ြာ အတြင္း လွည့္လည္အလႉခံေငြမ်ား ကို ပေဒသာပင္မ်ားသီးကာ ေ႐ႊျမင္တင္ အ ထက္ တန္းေက်ာင္း ပင္မေဆာင္၏ ေအာက္တြင္ထား ရွိစဥ္ သံဇကာအား ျဖတ္ေတာက္ ဝင္ေရာက္ကာ ေငြသား မ်ားျဖဳတ္ခိုးခံရျခင္းျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕မရဲ စခန္းမွ သိရသည္။

“ႏွစ္တိုင္းလဲထားေနၾက တစ္ဖက္က သံဇကာ ေသာခတ္ထားတယ္ တစ္ဖက္က သံပန္းတံခါး တပ္ထားတယ္ ။ ည ဘက္ သိသိခ်င္း အုပ္ခ်ဳပ္ေရး မႉးတို႔ ဘာတို႔အေၾကာင္း ၾကားၿပီး အုပ္ခ်ဳပ္ေရးမႉ ကေန ရဲေတြကို အေၾကာင္းၾကား ခဲ့တာ ပါ”ဟု ေ႐ႊျမင္တင္ အထက္တန္း ေက်ာင္းအုပ္ဆရာ မႀကီး ေဒၚခ်ိဳခ်ိဳဟန္ ကေျပာသည္။

သီးသန႔္လႉဒါန္းရန္ က်န္ရွိ အလႉေငြ မ်ားကို ေငြပေဒသာပင္ မ်ားထပ္မံသီးကာ ႏိုဝင္ဘာ ၈ရက္ နံနက္ပိုင္းတြင္ ဘုံကထိန္းခင္းခဲ့ ရေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သတ္၍ ေက်ာင္းအုပ္ဆရာမ ႀကီးမွ အမႈဖြင့္ျခင္း မရွိေသာေၾကာင္းႏွင့္ အမႈမွန္ေပ ၚေပါက္ရန္ ပုသိမ္ၿမိဳ႕ရဲစခန္းစခန္းမွ စခန္းမႉး ဒုရဲမႉး ျမင့္ခင္မွ ဦးစီး စုံစမ္းလ်က္ ရွိေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ပုသိမ်မြို့ရှိ ရွှေ မြင်တင် အထက်တန်း ကျောင်းမှ ဘုံကထိန် ငွေပဒေသာ ပင် ကျပ် ၂၄ သိန်းခန့် ဖောက် ထွင်း ခိုးယူခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ အုပ်စု ရွှေမြင်တင်ကျေးရွာရှိ အထက်တန်းကျောင်းမှ ဘုံကထိန်ေ ငွပဒေသာပင် သီထားသောပိုက်ဆံ ၂၃၆၉၀၀၀ ကျပ်အားနိုဝင်ဘာ ၈ ရက်နေ့ နံနက် ၂ နာရီခန့်က ဖောက်ထွင်းခိုးယူ ခံခဲ့ရကြောင်း သိရသည်။

ရွှေမြင်တင်ကျေးရွာ အတွင်းရှိ နိဂြောဓာ ဘုန်းတော်ကြီးတော် ကြီးကျောင်းတွင် ဘုံကထိန် ခင်းရန် ကျောင်းသူေ ကျာင်းသား လှူဒါန်းငွေများ၊ကျေးရွာ အတွင်း လှည့်လည်အလှူခံငွေများ ကို ပဒေသာပင်များသီးကာ ရွှေမြင်တင် အ ထက် တန်းကျောင်း ပင်မဆောင်၏ အောက်တွင်ထား ရှိစဉ် သံဇကာအား ဖြတ်တောက် ဝင်ရောက်ကာ ငွေသား များဖြုတ်ခိုးခံရခြင်းဖြစ်ကြောင်း ပုသိမ်မြို့မရဲ စခန်းမှ သိရသည်။

“နှစ်တိုင်းလဲထားနေကြ တစ်ဖက်က သံဇကာ သောခတ်ထားတယ် တစ်ဖက်က သံပန်းတံခါး တပ်ထားတယ် ။ ည ဘက် သိသိချင်း အုပ်ချုပ်ရေး မှူးတို့ ဘာတို့အကြောင်း ကြားပြီး အုပ်ချုပ်ရေးမှူ ကနေ ရဲတွေကို အကြောင်းကြား ခဲ့တာ ပါ”ဟု ရွှေမြင်တင် အထက်တန်း ကျောင်းအုပ်ဆရာ မကြီး ဒေါ်ချိုချိုဟန် ကပြောသည်။

သီးသန့်လှူဒါန်းရန် ကျန်ရှိ အလှူငွေ များကို ငွေပဒေသာပင် များထပ်မံသီးကာ နိုဝင်ဘာ ၈ရက် နံနက်ပိုင်းတွင် ဘုံကထိန်းခင်းခဲ့ ရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ကျောင်းအုပ်ဆရာမ ကြီးမှ အမှုဖွင့်ခြင်း မရှိသောကြောင်းနှင့် အမှုမှန်ပေ ါ်ပေါက်ရန် ပုသိမ်မြို့ရဲစခန်းစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ခင်မှ ဦးစီး စုံစမ်းလျက် ရှိကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *