ပဲခူးတြင္ ကေလးသူခိုးဟု အထင္မွား၍ အမ်ိဳးသားတစ္ဦး ဝိုင္း႐ိုက္ခံရ

ပဲခူးၿမိဳ႕႐ြာသစ္ရပ္ကြက္ တြင္ ကေလးသူခိုးဟု စြပ္စြဲကာ အုပ္စုဖြဲ႕႐ိုက္ႏွက္ခံရသူကို ရဲတပ္ ဖြဲ႕က စစ္ေဆးရာ မဟုတ္သျဖင့္ ျပန္လႊတ္ေပးခဲ့ေၾကာင္း ပဲခူးၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးကေျပာ သည္။

ႏိုဝင္ဘာ ၃၀ ရက္ညက ကေလးသူခိုးဟုဆိုကာ ႐ြာသစ္ ရပ္ကြက္ေန ထိုင္သူမ်ား ဝိုင္းဝန္း ႐ိုက္ႏွက္မႈေၾကာင့္ စြပ္စြဲခံ ရသူ ေဝၿဖိဳးေအာင္ ဒဏ္ရာရရွိ၍ ပဲခူး ၿမိဳ႕ေဆး႐ုံႀကီးတြင္ တက္ေရာက္ ကုသေနရသည္။

ထိုညက ေဝၿဖိဳးေအာင္သည္ ႐ြာသစ္ရပ္ကြက္ စီမံကိန္း(၄) လမ္းရွိ ၎၏သူငယ္ ခ်င္းေနအိမ္ သို႔ သြားေရာက္ရာ ယင္းေနအိမ္ရွိ သူမ်ားက မသကၤာသျဖင့္ ေမး ျမန္းရာ ေဝၿဖိဳးေအာင္က တုံ႔ျပန္ ေျပာဆိုျခင္းမရွိဘဲ ထြက္ေျပးသ ျဖင့္ သူခိုးဟု ကနဦးစြပ္စြဲေအာ္ ဟစ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ စစ္ ေဆးမႈ မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

‘‘ခင္မင္မႈနဲ႔ အိပ္ေနက်ေပါ့။ သူ႔သူငယ္ ခ်င္းေအာင္ေက်ာ္ေထြး က ျပန္မေရာက္ေသးတဲ့အခ်ိန္ သူ႔ ျခင္ေထာင္ထဲမွာ ေဝၿဖိဳးေအာင္က အိပ္ေနေတာ့ အိမ္မွာရွိတဲ့သူေတြ က မသကၤာေတာ့ ေမးတယ္။ ဒါ ကို သူကလည္း ထြက္ေျပးရင္းက ျဖစ္သြားတာ’’ ဟု ပဲခူးၿမိဳ႕မရဲစခန္း မွ ရဲအရာရွိက ေျပာသည္။

ေဝၿဖိဳးေအာင္အိပ္ခဲ့သည့္ ေနအိမ္ေဘးမွ (၃)ႏွစ္အ႐ြယ္ ကေလးရွိသည့္ေနအိမ္က သူခိုးဟု အသံၾကားရာ ကေလး သူခိုး အမွတ္ျဖင့္ ကေလးသူခိုးဟု ေအာ္ဟစ္ခဲ့သည္။ ယင္းေနာက္ ရပ္ ကြက္ေနထိုင္သူမ်ားက ကေလးသူခိုးဟု ေအာ္ ဟစ္၍ ဝိုင္းဝန္းဖမ္း ဆီး႐ိုက္ႏွက္ခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕ က လူအုပ္စုကို ထိန္းသိမ္းခဲ့ ေၾကာင္း အထက္ပါရဲအရာရွိက ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္ သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ကေလးသူခိုးဟုဆို ကာေကာလာဟလ ထုတ္လႊင့္ မႈမ်ားေၾကာင့္ မနစ္နာသင့္ဘဲလူတစ္ဦး နစ္နာခဲ့ ရေၾကာင္း ပဲခူးတိုင္းေဒသႀကီးအမွတ္ (၁)လႊတ္ေတာ္ ကိုယ္စား လွယ္ဦးၫြန႔္ေ႐ႊက ဆိုသည္။

‘‘ျပည္သူထိတ္လန႔္ေအာင္ ေကာလာဟလကို ဖန္တီးေနတဲ့ အပိုင္းေတြရွိေနတယ္။ အဲဒီေကာ လာဟလေၾကာင့္ ရပ္ကြက္ထဲမွာ ေနတဲ့သူေတြရဲ႕ သေဘာသဘာ၀ က ထင္ရာျမင္ရာေျပာဆိုတယ္။ လတ္ တေလာအျမင္နဲ႔ ဆုံးျဖတ္ တယ္။ အတြင္းက်က် ေသခ်ာ မဆုံးျဖတ္ဘဲ ဝိုင္းဝန္းက်ဴးလြန္ မႈေတြျဖစ္ၾကတယ္’’ ဟု ၎က ေျပာသည္။

ကေလးသူခိုးဟု သတင္းအ မွား ထုတ္လႊင့္မႈမ်ားကို ရဲတပ္ဖြဲ႕ က ေျချချမစ္ျမစ္သိေအာင္ ေဆာင္႐ြက္ၿပီး အေရးယူေဖာ္ ထုတ္ရန္ လိုအပ္ေၾကာင္း၊ သို႔မွ သာ ယင္းေကာလာဟလထုတ္ လႊင့္ျခင္းေနာက္ကြယ္မွ အ ေၾကာင္းအရာမ်ား ေပၚေ ပါက္လာ မည္ျဖစ္ေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ဦးၫြန႔္ေ႐ႊက သုံးသပ္ေျပာၾကားသည္။

ကေလးသူခိုးအပါအဝင္ ေကာလာဟလ သတင္းအမွား မ်ားကို ဦးစားေပးသိျမင္လာမႈက စိုးရိမ္ဖြယ္ျဖစ္ လာေ ၾကာင္းႏွင့္ ျပည္သူႏွင့္ ႏိုင္ငံအက်ိဳးကို ၾကည့္ ရႈၿပီး သတင္းမွန္ျဖန႔္ေဝေပးရန္ ပဲခူးၿမိဳ႕မရဲအရာရွိက အႀကံျပဳ သည္။

‘‘ျပည္သူေတြအေနနဲ႔ သ တင္းေတြ တက္လာရင္ သတင္း ဌာနကို ၾကည့္ပါ။ ၿပီးေတာ့ တာ ဝန္ရွိသူေတြရဲ႕ အသံပါ၊ မပါစစ္ ၿပီး သတင္းေတြဖတ္ပါ။ တာဝန္ရွိ တဲ့သူေတြကလည္း သတင္းမွား ေပၚ မလိုက္ဘဲ သတင္းမွားလား၊ မွန္လား စိစစ္ၿပီးေဆာင္႐ြက္ၾက ပါ’’ ဟု ၎က ေျပာသည္။

Credit; 7 Day News Journal

Unicode

ပဲခူးတွင် ကလေးသူခိုးဟု အထင်မှား၍ အမျိုးသား တစ်ဦး ဝိုင်းရိုက်ခံရ

ပဲခူးမြို့ရွာသစ်ရပ်ကွက် တွင် ကလေးသူခိုးဟု စွပ်စွဲကာ အုပ်စုဖွဲ့ရိုက်နှက်ခံရသူကို ရဲတပ် ဖွဲ့က စစ်ဆေးရာ မဟုတ်သဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြော သည်။

နိုဝင်ဘာ ၃၀ ရက်ညက ကလေးသူခိုးဟုဆိုကာ ရွာသစ် ရပ်ကွက်နေ ထိုင်သူများ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် စွပ်စွဲခံ ရသူ ဝေဖြိုးအောင် ဒဏ်ရာရရှိ၍ ပဲခူး မြို့ဆေးရုံကြီးတွင် တက်ရောက် ကုသနေရသည်။

ထိုညက ဝေဖြိုးအောင်သည် ရွာသစ်ရပ်ကွက် စီမံကိန်း(၄) လမ်းရှိ ၎င်း၏သူငယ် ချင်းနေအိမ် သို့ သွားရောက်ရာ ယင်းနေအိမ်ရှိ သူများက မသင်္ကာသဖြင့် မေး မြန်းရာ ဝေဖြိုးအောင်က တုံ့ပြန် ပြောဆိုခြင်းမရှိဘဲ ထွက်ပြေးသ ဖြင့် သူခိုးဟု ကနဦးစွပ်စွဲအော် ဟစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ် ဆေးမှု မှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ခင်မင်မှုနဲ့ အိပ်နေကျပေါ့။ သူ့သူငယ် ချင်းအောင်ကျော်ထွေး က ပြန်မရောက်သေးတဲ့အချိန် သူ့ ခြင်ထောင်ထဲမှာ ဝေဖြိုးအောင်က အိပ်နေတော့ အိမ်မှာရှိတဲ့သူတွေ က မသင်္ကာတော့ မေးတယ်။ ဒါ ကို သူကလည်း ထွက်ပြေးရင်းက ဖြစ်သွားတာ’’ ဟု ပဲခူးမြို့မရဲစခန်း မှ ရဲအရာရှိက ပြောသည်။

ဝေဖြိုးအောင်အိပ်ခဲ့သည့် နေအိမ်ဘေးမှ (၃)နှစ်အရွယ် ကလေးရှိသည့်နေအိမ်က သူခိုးဟု အသံကြားရာ ကလေး သူခိုး အမှတ်ဖြင့် ကလေးသူခိုးဟု အော်ဟစ်ခဲ့သည်။ ယင်းနောက် ရပ် ကွက်နေထိုင်သူများက ကလေးသူခိုးဟု အော် ဟစ်၍ ဝိုင်းဝန်းဖမ်း ဆီးရိုက်နှက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က လူအုပ်စုကို ထိန်းသိမ်းခဲ့ ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး လူမှုကွန်ရက်စာမျက်နှာ တွင် ကလေးသူခိုးဟုဆို ကာကောလာဟလ ထုတ်လွှင့် မှုများကြောင့် မနစ်နာသင့်ဘဲလူတစ်ဦး နစ်နာခဲ့ ရကြောင်း ပဲခူးတိုင်းဒေသကြီးအမှတ် (၁)လွှတ်တော် ကိုယ်စား လှယ်ဦးညွန့်ရွှေက ဆိုသည်။

‘‘ပြည်သူထိတ်လန့်အောင် ကောလာဟလကို ဖန်တီးနေတဲ့ အပိုင်းတွေရှိနေတယ်။ အဲဒီကော လာဟလကြောင့် ရပ်ကွက်ထဲမှာ နေတဲ့သူတွေရဲ့ သဘောသဘာ၀ က ထင်ရာမြင်ရာပြောဆိုတယ်။ လတ် တလောအမြင်နဲ့ ဆုံးဖြတ် တယ်။ အတွင်းကျကျ သေချာ မဆုံးဖြတ်ဘဲ ဝိုင်းဝန်းကျူးလွန် မှုတွေဖြစ်ကြတယ်’’ ဟု ၎င်းက ပြောသည်။

ကလေးသူခိုးဟု သတင်းအ မှား ထုတ်လွှင့်မှုများကို ရဲတပ်ဖွဲ့ က ခြေခြမြစ်မြစ်သိအောင် ဆောင်ရွက်ပြီး အရေးယူဖော် ထုတ်ရန် လိုအပ်ကြောင်း၊ သို့မှ သာ ယင်းကောလာဟလထုတ် လွှင့်ခြင်းနောက်ကွယ်မှ အ ကြောင်းအရာများ ပေါ်ေ ပါက်လာ မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ဦးညွန့်ရွှေက သုံးသပ်ပြောကြားသည်။

ကလေးသူခိုးအပါအဝင် ကောလာဟလ သတင်းအမှား များကို ဦးစားပေးသိမြင်လာမှုက စိုးရိမ်ဖွယ်ဖြစ် လာေ ကြာင်းနှင့် ပြည်သူနှင့် နိုင်ငံအကျိုးကို ကြည့် ရှုပြီး သတင်းမှန်ဖြန့်ဝေပေးရန် ပဲခူးမြို့မရဲအရာရှိက အကြံပြု သည်။

‘‘ပြည်သူတွေအနေနဲ့ သ တင်းတွေ တက်လာရင် သတင်း ဌာနကို ကြည့်ပါ။ ပြီးတော့ တာ ဝန်ရှိသူတွေရဲ့ အသံပါ၊ မပါစစ် ပြီး သတင်းတွေဖတ်ပါ။ တာဝန်ရှိ တဲ့သူတွေကလည်း သတင်းမှား ပေါ် မလိုက်ဘဲ သတင်းမှားလား၊ မှန်လား စိစစ်ပြီးဆောင်ရွက်ကြ ပါ’’ ဟု ၎င်းက ပြောသည်။

Credit; 7 Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *