ဘုတ္ျပင္းၿမိဳ႕နယ္ ကမ္းေစာက္ေက်း႐ြာတြင္ က်ားပိုက္ ေရလုပ္သား တစ္ဦး ပိုင္ရွင္ျဖစ္သူ၏ ႐ိုက္ႏွက္ ႏွိပ္စက္ မႈေၾကာင့္ဟုဆိုကာ ေသဆုံးမႈျဖစ္ပြား

ဘုတ္ျပင္းၿမိဳ႕နယ္ ကမ္းေစာက္ေက်း႐ြာတြင္ က်ားပိုက္ေရလုပ္ သားတစ္ဦးအား ပိုင္ရွင္ျဖစ္သူ၏ ႐ိုက္ႏွက္ ႏွိပ္စက္ မႈေၾကာင့္ဟုဆိုကာ ေသဆုံးမႈျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းခ႐ိုင္ ဘုတ္ျပင္းၿမိဳ႕နယ္ ျပည္ႀကီး မ႑ိဳင္ၿမိဳ႕ ေ႐ႊဂဲညိဳေက်း႐ြာအုပ္စု ကမ္းေစာက္ေက်း႐ြာတြင္ က်ားပိုက္ (က်ားပါးစပ္) ေရလုပ္ငန္းတြင္ လုပ္ကိုင္ေနသည့္ ေရလုပ္သား တစ္ဦးအား ပိုင္ ရွင္ျဖစ္သူက က်ားပိုက္မဆြဲဘဲ အိပ္ေနသည္ဟုဆိုကာ ကန္ေက်ာက္ ႐ိုက္ႏွက္သည့္ အတြက္ ေရလုပ္သားမွာ ေသဆုံး ခဲ့ရေၾကာင္း သိရသည္။

ကမ္းေစာက္ေက်း႐ြာတြင္ က်ားပိုက္ (က်ားပါးစပ္) ပိုင္ရွင္ သူရိန္ဦး (၂၇ ႏွစ္) ဆိုသူမွာ ႏိုဝင္ဘာ ၂၉ ရက္က အလုပ္သ မားျဖစ္သူ ေဇာ္ဦး (၄၀ ႏွစ္) ႏွင့္ ေနအိမ္တြင္ ရွိေနခိုက္တြင္ ညပိုင္းက က်ားပိုက္မဆြဲဘဲ အိပ္ေနသည့္ကိစၥကို အေၾကာင္းျပ ၿပီး ေရလုပ္သား ေဇာ္ဦးအား ေျချဖင့္ကန္ေက်ာက္ခဲ့ေၾကာင္း သိရသည္။ ေျချဖင့္ ကန္ေက်ာက္မႈေၾကာင့္ ေဇာ္ဦး၏ ယာဘက္နားထင္ႏွင့္ ယာဘက္မ်က္လုံး ေပါက္ၿပဲဒဏ္ရာ မ်ား ရရွိကာ လဲက်သြားခဲ့ေၾကာင္း သိရသည္။

လဲက်သြားစဥ္ က်ားပိုက္ပိုင္ရွင္ သူရိန္ဦးက ေဇာ္ဦး၏ ဦးေခါင္းကို ကိုင္ၿပီး ၾကမ္းျပင္ ႏွင့္ ထပ္မံ ေဆာင့္ခဲ့ေၾကာင္း၊ ေဇာ္ဦးမွာ ရရွိဒဏ္ရာမ်ားျဖင့္ ေနအိမ္ေအာက္သို႔ ထြက္ေျပး ခဲ့ေၾကာင္း၊ ဒဏ္ရာမ်ားျဖင့္ ေခတၱအၾကာ ေနအိမ္ေပၚျပန္ တက္ၿပီး ထိုင္ေနစဥ္ သတိေမ့ေျမာ သြားေသာေၾကာင့္ အိမ္နီးခ်င္းမ်ားက ၀ိုင္းဝန္းျပဳစုေနစဥ္ ေသဆုံးခဲ့ရေၾကာင္း သိရ သည္။

“အမႈျဖစ္စဥ္ကို ပုဒ္မ ၃၀၂ နဲ႔ ဖြင့္ထားပါတယ္။ တရားခံကို ဖမ္းမိထားပါၿပီ။ ကြၽန္ေတာ္တို႔ ဥပေဒအရာရွိမွာ စြဲခ်က္ယူၿပီး ေကာ့ေသာင္းၿမိဳ႕တရား႐ုံးကို လႊဲေပးမွာပါ။ အခုအမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တရားလို တရားခံေတြဆီက စစ္ခ်က္ေတြ ယူေနပါတယ္”ဟု ရဲအုပ္ မိုးေက်ာ္ေအာင္က ေျပာၾကားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး က်ားပိုက္ ပိုင္ရွင္ သူရိန္ဦး (၂၇ ႏွစ္) ကမ္းေစာက္ ေက်း႐ြာေနသူအား ဘုတ္ျပင္း ၿမိဳ႕ နယ္ ရဲစခန္းက ႏိုဝင္ဘာ ၃၀ ရက္တြင္ (ပ) ၂၅၊ ၂၀၁၉၊ အမႈႀကီးအမွတ္စဥ္ (၅/၂၀၁၉) ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ဘုတ်ပြင်းမြို့နယ် ကမ်းစောက် ကျေးရွာတွင် ကျားပိုက် ရေလုပ်သားတစ်ဦး ပိုင်ရှင်ဖြစ်သူ၏ ရိုက်နှက် နှိပ် စက်မှုကြောင့်ဟုဆိုကာ သေဆုံးမှု ဖြစ်ပွား

ဘုတ်ပြင်းမြို့နယ် ကမ်းစောက်ကျေးရွာတွင် ကျားပိုက်ရေလုပ် သားတစ်ဦးအား ပိုင်ရှင်ဖြစ်သူ၏ ရိုက်နှက် နှိပ်စက် မှုကြောင့်ဟုဆိုကာ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီး မဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာအုပ်စု ကမ်းစောက်ကျေးရွာတွင် ကျားပိုက် (ကျားပါးစပ်) ရေလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ရေလုပ်သား တစ်ဦးအား ပိုင် ရှင်ဖြစ်သူက ကျားပိုက်မဆွဲဘဲ အိပ်နေသည်ဟုဆိုကာ ကန်ကျောက် ရိုက်နှက်သည့် အတွက် ရေလုပ်သားမှာ သေဆုံး ခဲ့ရကြောင်း သိရသည်။

ကမ်းစောက်ကျေးရွာတွင် ကျားပိုက် (ကျားပါးစပ်) ပိုင်ရှင် သူရိန်ဦး (၂၇ နှစ်) ဆိုသူမှာ နိုဝင်ဘာ ၂၉ ရက်က အလုပ်သ မားဖြစ်သူ ဇော်ဦး (၄၀ နှစ်) နှင့် နေအိမ်တွင် ရှိနေခိုက်တွင် ညပိုင်းက ကျားပိုက်မဆွဲဘဲ အိပ်နေသည့်ကိစ္စကို အကြောင်းပြ ပြီး ရေလုပ်သား ဇော်ဦးအား ခြေဖြင့်ကန်ကျောက်ခဲ့ကြောင်း သိရသည်။ ခြေဖြင့် ကန်ကျောက်မှုကြောင့် ဇော်ဦး၏ ယာဘက်နားထင်နှင့် ယာဘက်မျက်လုံး ပေါက်ပြဲဒဏ်ရာ များ ရရှိကာ လဲကျသွားခဲ့ကြောင်း သိရသည်။

လဲကျသွားစဉ် ကျားပိုက်ပိုင်ရှင် သူရိန်ဦးက ဇော်ဦး၏ ဦးခေါင်းကို ကိုင်ပြီး ကြမ်းပြင် နှင့် ထပ်မံ ဆောင့်ခဲ့ကြောင်း၊ ဇော်ဦးမှာ ရရှိဒဏ်ရာများဖြင့် နေအိမ်အောက်သို့ ထွက်ပြေး ခဲ့ကြောင်း၊ ဒဏ်ရာများဖြင့် ခေတ္တအကြာ နေအိမ်ပေါ်ပြန် တက်ပြီး ထိုင်နေစဉ် သတိမေ့မြော သွားသောကြောင့် အိမ်နီးချင်းများက ဝိုင်းဝန်းပြုစုနေစဉ် သေဆုံးခဲ့ရကြောင်း သိရ သည်။

“အမှုဖြစ်စဉ်ကို ပုဒ်မ ၃၀၂ နဲ့ ဖွင့်ထားပါတယ်။ တရားခံကို ဖမ်းမိထားပါပြီ။ ကျွန်တော်တို့ ဥပဒေအရာရှိမှာ စွဲချက်ယူပြီး ကော့သောင်းမြို့တရားရုံးကို လွှဲပေးမှာပါ။ အခုအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလို တရားခံတွေဆီက စစ်ချက်တွေ ယူနေပါတယ်”ဟု ရဲအုပ် မိုးကျော်အောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျားပိုက် ပိုင်ရှင် သူရိန်ဦး (၂၇ နှစ်) ကမ်းစောက် ကျေးရွာနေသူအား ဘုတ်ပြင်း မြို့ နယ် ရဲစခန်းက နိုဝင်ဘာ ၃၀ ရက်တွင် (ပ) ၂၅၊ ၂၀၁၉၊ အမှုကြီးအမှတ်စဉ် (၅/၂၀၁၉) ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *