





Unicode

အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်ကို အင်းစိန်မြို့ ၌ တစ်အိမ်တည်း နေထိုင်သူက သားမယားပြုကျင့် ကြောင်း သတင်းရရှိ

အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်ကို အင်းစိန်မြို့၌ တစ်အိမ်တည်း နေထိုင်သူက သားမယားပြုကျင့်ကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ နေအိမ်၌ ညအိပ်ညစား အဖြစ်လာေ ရာက်နေထိုင်သူမှ နေအိမ်ပိုင်ရှင်၏ တူမဖြစ်သူ အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်ကို သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ စော်ဘွားကြီး ရပ် ကွက်နေသူက ညီမဖြစ်သူ၏ သမီးကို နေအိမ်၌ ခေါ်ထားတယ်။ တူမလေးက နေအိမ်အပေါ် ထပ်မှာ ထားတယ်။

နိုဝင်ဘာ ၂၉ရက်နေ့ ညည့် ၁နာရီခွဲခန့် အပေါ်တွင် အိပ်နေတဲ့ တူမလေး၏ ခြင်ထောင်ထဲက နေအိမ်၌ ညအိပ်ည စား လာရောက်နေထိုင်သူ နန်းဝင်း ၃၂နှစ်၊ ဇာတိ အညင်းကုန်းရွာ၊ မင်းလှမြို့နယ်နေထိုင်သူ ထွက်လာ သည် အား တွေ့မြင် ရကြောင်း အဒေါ်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုချက်အရ သိရသည်။ အသက် ၁၅နှစ်အရွယ် မဇာခြည်လင်း (အမည်လွှဲ)ကို မေးတော့ ဘာမှ မေးရမဘူး၊ ငိုယိုနေတယ်။ နိုဝင်ဘာ ၃၀ရက်နေ့ မိန်းမကိုယ် နာကျင်နေကြောင်း ပြောဆိုတယ်။

၎င်းပြောဆိုချိန် မေးမြန်းတော့ နန်းဝင်းက ” အော်ရင် သတ်ပစ်မယ်၊ လူကြီးတွေ ပြန်ပြောလဲ သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောကြား၍ သိရကြောင်း ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ် သတ် ၍ ပြစ်မှုကျူးလွန်သူ နန်းဝင်း ၃၂နှစ်၊ဇာတိ အညင်းကုန်းရွာ၊မင်းလှမြို့နယ်နေထိုင်သူကို အင်းစိန်မြို့မ ရဲစခန်းမှ (ပ) ၂၇၃၀/၂၀၁၉၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းရေးသားသူ ဝသန်(အင်းစိန်)အား လေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *