ကြမ္းၿခံအတြင္း၌ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးငယ္ တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာ မ်ားျဖင့္ ေသ ဆုံးလ်က္ ေတြ႕ရွိ

ဒီဇင္ဘာလ(၅)ရက္၊ ေန႔လယ္(၂)နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဘုတလင္ၿမိဳ႕နယ္၊ လႊဲတဲေက်း႐ြာအုပ္စု၊ ေျမာက္ေတာႀကီးေက်း႐ြာ အနီး ေညာင္ပင္ႀကီးေတာတိုက္ရွိ ကြမ္းၿခံအတြင္း၌ အမ်ိဳးသမီး တစ္ဦးႏွင့္ ကေလးငယ္ တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ေတြ႕ရွိရေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ ေျမာက္ေတာႀကီးေက်း႐ြာအနီး ေညာင္ပင္ႀကီးေတာတိုက္ရွိ ဦးေက်ာ္သန္း၏ ကြမ္းၿခံ အတြင္း၌ အမ်ိဳးသမီး တစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ဦးေခါင္းေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆုံးေန ေၾကာင္း သတင္းအရ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးဝင္း၊ စခန္းမႉး ဒုတိယရဲမႉးညီညီေအာင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ား သြားေရာက္စစ္ေဆးရာ မရီရီသန႔္(၃၆ ႏွစ္)ႏွင့္ သမီးျဖစ္သူ မေအးသႏၲာထြန္း(ခ)မစုသႏၲာထြန္း(၂ ႏွစ္၊ ၈ လ)တို႔ ႏွစ္ဦးသည္ ေမွာက္လ်က္ အေနအထားျဖင့္

ေသဆုံးေနၿပီး ေသဆုံးသူမ်ားႏွင့္ (၁၀)ေပခန႔္အကြာရွိ မုန႔္ဟင္းခါးခ်ိဳင့္ ခ်ထားသည့္ ျဖန႔္ခင္းထားေသာ ပုဆိုးေပၚတြင္ အရွည္(၁)ေပခြဲခန႔္၊ ဗ်က္(၃)လက္မခြဲခန႔္၊ လက္ကိုင္ဘက္တြင္ (၂)လက္မခန႔္ ရွိၿပီး အသုံးမျပဳရေသးေသာ အၾကမ္းျပဳ လုပ္ထားသည့္ ေသြးစြန္း ေနေသာ ထြန္သြား(၁)ေခ်ာင္းကိုလည္း ေတြ႕ရွိရသည္။

အဆိုပါ မရီရီသန႔္ႏွင့္ သမီးျဖစ္သူ မေအးသႏၲာထြန္း(ခ)မစုသႏၲာထြန္းတို႔အား ေသဆုံးေအာင္ ႐ိုက္ႏွက္သြားသည့္ တရားခံအား စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးႏိုင္ရန္ ဘုတလင္ၿမိဳ႕မရဲစခန္းမွ (ပ)၁၈၁/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္၍ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

Myanmar_Online_News #ဘုတလင္ၿမိဳ႕နယ္ #ကြမ္းၿခံ

Unicode

ကွမ်းခြံအတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာ များဖြင့် သေ ဆုံးလျက် တွေ့ရှိ

ဒီဇင်ဘာလ(၅)ရက်၊ နေ့လယ်(၂)နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာ အနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံအတွင်း၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်း၏ ကွမ်းခြံ အတွင်း၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်း၊ စခန်းမှူး ဒုတိယရဲမှူးညီညီအောင်နှင့် ရဲတပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ မရီရီသန့်(၃၆ နှစ်)နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်း(၂ နှစ်၊ ၈ လ)တို့ နှစ်ဦးသည် မှောက်လျက် အနေအထားဖြင့်

သေဆုံးနေပြီး သေဆုံးသူများနှင့် (၁၀)ပေခန့်အကွာရှိ မုန့်ဟင်းခါးချိုင့် ချထားသည့် ဖြန့်ခင်းထားသော ပုဆိုးပေါ်တွင် အရှည်(၁)ပေခွဲခန့်၊ ဗျက်(၃)လက်မခွဲခန့်၊ လက်ကိုင်ဘက်တွင် (၂)လက်မခန့် ရှိပြီး အသုံးမပြုရသေးသော အကြမ်းပြု လုပ်ထားသည့် သွေးစွန်း နေသော ထွန်သွား(၁)ချောင်းကိုလည်း တွေ့ရှိရသည်။

အဆိုပါ မရီရီသန့်နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်းတို့အား သေဆုံးအောင် ရိုက်နှက်သွားသည့် တရားခံအား စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရန် ဘုတလင်မြို့မရဲစခန်းမှ (ပ)၁၈၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Myanmar_Online_News #ဘုတလင်မြို့နယ် #ကွမ်းခြံ

Leave a Reply

Your email address will not be published. Required fields are marked *