






Unicode

တမူးမြို့နယ် တွင် (၃)နှစ်အရွယ် မိန်းကလေးငယ် လေးအား အသက်(၁၃) ခန့် အရွယ်လူငယ်မှ မဖွယ် မရာ ပြုကျင့်မှုဖြစ်ပွား

၂၀၁၉ ဒီဇင်ဘာ ၀၃ ရက်နေ့တွင် တမူးမြို့နယ် ကျွန်းတောရေ ရှင်ကျေးရွာ၌ (၃)နှစ်အရွယ် မိန်းကလေးငယ်လေး အား အသက်(၁၃) ခန့် အရွယ်လူငယ်မှ မဖွယ်မရာ ပြုကျင့်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်နယ်မြေရဲ စခန်းတောင်ဘက် (၁၂)မိုင်ခန့်အကွာ ကျွန်းတောရေ ရှင်ေ ကျးရွာ တွင် ၂၀၁၉ ဒီဇင်ဘာ ၀၃ ရက်နေ့ နံနက်(၅)နာရီခန့်အချိန်၌ တရားလို သည်နေအိမ်မှ စပါးရိတ် ထွက် သွားချိန် တွင်နေအိမ်တွင် သားအကြီးဖြစ်သူမောင်သားကို(၉)နှစ် ၊မောင်ရဲရင့်ကို(၆)နှစ်နှင့် သမီးအငယ် ဆုံးဖြစ်သူ မ…… .(၃)နှစ် (၃)လတို့သာကျန်ရှိခဲ့ပြီး ညနေ(၆)နာရီခန့်အချိန်တွင် နေအိမ်သို့ပြန်လည် ရောက်ရှိ ချိန် တွင် တရားလို၏သမီးဖြစ်သူ မ……. မှ “မေမေသမီးကို ကိုမင်းချစ်ဦးမှ ဖုတ်ဖုတ်ကိုလုပ်တယ်

“ဟုခြေဟန်လက်ဟန်ရောပါပြီး ပြောပြသဖြင့် တရားလိုမှ သမီး၏လိမ္မော်ရောင်ဘောင်း ဘီအားချွတ်ကြည့်ရာ မိန်းမ အင်္ဂါမှာ နီရဲနေသည်ကိုတွေ့ရှိရပြီး သားအလတ်ဖြစ်သူ ရဲရင့်ကိုအား ဟုတ်သလားဟုမေးရာ ဟုတ်မှန်ကြောင်း၊ နေ့ လည်(၁၁)နာရီကျော်ခန့် သားကြီးဖြစ် သူမောင်သားကို ရေသွားခပ်နေစဉ် သားအလတ်နှင့် သမီးအား မင်းချစ်ဦးမှ ၎င်း၏နေအိမ်ပေါ်သို့ခေါ်ကာ သမီးဖြစ်သူအား နေအိမ်ရှေ့ခန်းတွင်အိပ်ခိုင်းပြီး မင်းချစ်ဦးမှ ယောကျာ်းတန်ဆာဖြင့် ထိုးသွင်းသည်ကို မြင်တွေ့ရကြောင်း၊ သားအကြီးဖြစ်သူမောင်သားကိုအား ထပ်မံမေးရာ ဟုတ်မှန်ကြောင်း

မင်းချစ်ဦးမှ ဂျင်ပေးမည်ဟုပြော၍ ရေခပ်ခိုင်းသဖြင့် ရေသွားခပ်ပြီးပြန်လာစဉ် မင်းချစ်ဦးအိမ်၌ သမီးဖြစ်သူငိုနေ သဖြင့် သားကြီးဖြစ်သူမှ သမီးအားမေးရာ သားလတ်နှင့် သမီးအား မင်းချစ်ဦးမှ ၎င်း၏နေအိမ်ပေါ်သို့ခေါ်ကာ သမီးဖြစ်သူ အား နေအိမ်ရှေ့ခန်းတွင် အိပ်ခိုင်းပြီး မင်းချစ်ဦးမှ ယောကျာ်းတန်ဆာဖြင့် ထိုးသွင်းသဖြင့် ငိုနေ ခြင်းဖြစ်ကြောင်း ပြော ဆိုခဲ့သဖြင့် သမီးဖြစ်သူအား သားမယားဖြင့်ပြုကျင့်သူ မင်းချစ်ဦး (၁၃)နှစ်ခန့်(ဘ)ဦးဇော်ဝင်း ၊(၇)တန်း၊ဗမာ၊ ကျွန်းတောရေရှင်ရွာ ၊ခမ်းပါတ်မြို့နေသူအား အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုမှ တရားခံအား ခမ်းပါတ်နယ်မြေစခန်း တွင် (ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ(၃၇၆) ဖြင့် အမှုဖွင့်ဆောင် ရွက် ထားကြောင်းသိရသည်။

Myanmar_Online_News #တမူးမြို့နယ် #ခမ်းပါတ်နယ်မြေရဲစခန်း #မဖွယ်မရာပြုကျင့်မှု

Leave a Reply

Your email address will not be published. Required fields are marked *