ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ သိမ္းဆည္းယာေျမ မ်ားအတြင္း ၿခံစည္း႐ိုး ကာရံေနမႈကို ေႏွာင့္ယွက္ဟန႔္တား ခဲ့သည္ဟု ဆိုကာ ေတာင္သူ ၁၀ ဦးအား ပုဒ္မငါးခုျဖင့္ အမႈဖြင့္ထား

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ လြန္ေကာင္းေက်း႐ြာ အုပ္စု ၀ါးနက္ေက်း႐ြာအနီးရွိ အမွတ္ (၁၂၁) ေထာက္ ပံ့ေရးႏွင့္ ပို႔ေဆာင္ေရးတပ္ မႏၲေလး (နန္းတြင္း) မွ သိမ္းဆည္းထားသည့္ ယာေျမမ်ားကို ဧၿပီလအတြင္းက ၿခံစည္း႐ိုး ကာရံခဲ့မႈအေပၚ ေႏွာင့္ယွက္ဟန႔္တားခဲ့ သည္ဟုဆိုကာ ေဒသခံေတာင္သူ ၁၀ ဦးကို ပုဒ္မငါးခုျဖင့္ အဆိုပါတပ္မွ အမႈဖြင့္တရားစြဲထားေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ စုံစမ္းသိရသည္။

ျဖစ္စဥ္မွာ ပုသိမ္ႀကီးၿမိဳ႕နယ္ ကြၽဲနဖားေက်း႐ြာ၊ ေ႐ႊစာရံေက်း႐ြာ၊ ေက်ာက္ေခ်ာေက်း႐ြာႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္ လြန္ေ ကာင္းအုပ္စု ၀ါးနက္ေက်း႐ြာတို႔မွ ေဒသခံေတာင္သူမ်ားသည္ ဧၿပီ ၃၀ ရက္ နံနက္ပိုင္းက အမွတ္ (၁၂၁) ေထာက္ ပံ့ေရးႏွင့္ ပို႔ေဆာင္ေရးတပ္၏ ႏို႔စားႏြားေမြးျမဴေရးၿခံျပဳလုပ္ရန္ လြန္ေကာင္းေက်း႐ြာအုပ္စု၊ ၀ါးနက္ေက်း႐ြာ အနီးရွိ ျမန္မာ့စီးပြားေရးေကာ္ ပိုေရးရွင္းမာ ဘယ္ေက်ာက္ျပားစက္႐ုံမွ ထိန္းသိမ္းထားသည့္ ေျမဧက ၇၀၀ အတြင္းရွိ ၁၃၂ ဒသမ ၈၂ ဧကအား ၿခံစည္း႐ိုးကာရံျပဳလုပ္ေနစဥ္

ေတာင္သူအခ်ိဳ႕က ဟန႔္တားေႏွာင့္ ယွက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ထိုသို႔ ဟန႔္တားေႏွာင့္ယွက္မႈမ်ား ျပဳလုပ္ခဲ့သည့္ ေတာင္သူမ်ားအနက္ ေတာင္သူ ေဒၚေဆြ၊ ေဒၚတင္ျမပါ ခုနစ္ဦးတို႔ကို ရာဇသတ္ႀကီး ပုဒ္မ ၃၃၁၊ ၁၁၄ တို႔ျဖင့္ တရား စြဲဆိုခဲ့ၿပီး ႏိုဝင္ဘာ ၁၉ ရက္က ျပင္ဦးလြင္ၿမိဳ႕နယ္ တရား႐ုံးက ေတာင္သူမ်ားကို ဆင့္ေခၚခဲ့ေၾကာင္း၊ ထို႔ျပင္ အဆိုပါ ဧၿပီ ၃၀ ရက္က အမွတ္(၁၂၁) ေထာက္ပံ့ေရးႏွင့္ ပို႔ေဆာင္ေရး တပ္၏ ႏို႔စားႏြားေမြးျမဴေရးၿခံ ျပဳလုပ္ရန္ ၿခံစည္း႐ိုး ထပ္ မံကာရံေနစဥ္ ေတာင္သူ ၁၀ ဦးခန႔္က ၿခံစည္း႐ိုးကာရံ၍ မရႏိုင္ေအာင္ ဟန႔္တားေႏွာင့္ယွက္မႈမ်ား ျပဳလုပ္ခဲ့သည္ ဟု ဆိုကာ

ရာဇသတ္ႀကီး ပုဒ္မ ၂၉၅၊ ၁၈၆၊ ၄၂၇ တို႔ျဖင့္ ေတာင္သူ ဦးလွေသာင္းပါ ခုနစ္ဦးတို႔ကို အမႈဖြင့္တရားစြဲ ဆိုထားသျဖင့္ ျပင္ဦးလြင္ၿမိဳ႕နယ္တရား႐ုံးတြင္ အမႈရင္ဆိုင္သြားရမည္ျဖစ္ေၾကာင္း ေဒသခံေတာင္ သူမ်ားထံ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ စာနယ္ေျမ ရဲစခန္း၏ ဆင့္ေခၚထားသည့္စာအရ သိရသည္။ ယင္းသို႔ ၿခံစည္း႐ိုးကာရံေနမႈကို ဟန႔္တားေႏွာင့္ယွက္ ခဲ့သည္ဟုဆိုကာ အမွတ္ (၁၂၁) ေထာက္ပံ့ေရးႏွင့္ ပို႔ေဆာင္ေရးတပ္ မႏၲေလး (နန္းတြင္း) မွ တရားလို ဗိုလ္ႀကီးေဇာ္ဝင္းႏိုင္ႏွင့္ တပ္ၾကပ္ႀကီးခင္ေမာင္ေက်ာ္ တို႔က ေဒသခံေတာင္သူ ၁၀ ဦးတို႔ကို အမႈႏွစ္မႈ စုစုေပါင္း ပုဒ္မငါးခုျဖင့္ သီးျခားစီ တရားစြဲဆို ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္မတို႔ေတာင္သူေတြက ဒီယာေျမေတြ အေပၚမွာ ဘိုးဘြားအစဥ္အဆက္ ခုတ္ထြင္ ရွင္းလင္းၿပီးေတာ့ လုပ္ကိုင္ စားေသာက္လာတာပါ။ ဒါကို အမွတ္ (၁၂၁) ေထာက္ပို႔တပ္က သူတို႔ပိုင္ဆိုင္တဲ့ယာေျမဆိုၿပီး ၿခံစည္း႐ိုး ကာရံတာေတြ လုပ္ပါတယ္။ သူတို႔ၿခံစည္း႐ိုး ကာရံလိုက္တဲ့အထဲမွာ ကြၽန္မတို႔ေတာင္သူေတြ စိုက္ပ်ိဳးထားတဲ့ သီးႏွံပင္ေတြရွိေန တယ္။ ဒါေတြပါ ၿခံစည္း႐ိုးကာရံတဲ့အထဲမွာ ပါသြားပါတယ္။

ဒီယာေျမေတြအေပၚမွာ လုပ္ကိုင္စားေသာက္ လာတာ ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာက္ ရွိေနပါၿပီ။ ေျမယာပိုင္ဆိုင္မႈ အေ ထာက္အထားေတြ အျပည့္အစုံရွိပါတယ္။ သူတို႔က ဘယ္လိုပိုင္ဆိုင္တယ္ဆိုတဲ့ အေထာက္အထားနဲ႔ ဒီေျမေတြကို သိမ္းသြားတာလဲဆိုတာ ေတာင္သူေတြမသိရဘူး။ အခုကေတာ့ ေတာင္သူေတြက ေျမလည္းအ သိမ္းခံထားရတယ္။ တရားလည္း အစြဲခံထားရေတာ့ အခက္အခဲေတြ ျဖစ္ေနၾကတယ္။ ေတာင္သူေတြကေတာ့ ကိုယ့္ေျမကို ျပန္လိုခ်င္ တယ္။ မတရားအမႈဖြင့္ထားတဲ့ အမႈေတြကို ပိတ္သိမ္းေပးေစ ခ်င္ပါတယ္” ဟု အမႈဖြင့္တရားစြဲဆိုခံ ထားရသည့္ ေတာင္သူမ်ားက ေျပာၾကားသည္။

ထိုသို႔ ေဒသခံေတာင္သူ ၁၀ ဦးတို႔ကို အမွတ္ (၁၂၁) ေထာက္ပံ့ေရးႏွင့္ ပို႔ေဆာင္ေရးတပ္ မႏၲေလး (နန္းတြင္း) မွ ပုဒ္မ ငါးခုျဖင့္ ျပင္ဦးလြင္ၿမိဳ႕နယ္တရား႐ုံး၌ အမႈဖြင့္ တရားစြဲဆို ထားမႈႏွင့္ ပတ္သက္၍ ေဒသခံေတာင္သူမ်ားက ဒီဇင္ဘာ ၃ ရက္တြင္ မႏၲေလး တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံးထံသို႔ ျပင္ဦးလြင္ၿမိဳ႕နယ္ ဥပေဒ႐ုံး၏ အႀကံျပဳခ်က္အား ျပန္လည္စိ စစ္ေပးရန္ အသနားခံတင္ျပထားေၾကာင္း ေဒသခံေတာင္သူ မ်ားထံမွ သိရသည္။

Credit; Eleven Media Group

Unicode

ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းယာ မြေများအတွင်း ခြံစည်းရိုး ကာရံနေမှုကို နှောင့်ယှက်ဟန့် တားခဲ့ သည်ဟုဆိုကာ တောင်သူ ၁၀ ဦးအား ပုဒ်မငါးခုဖြင့် အမှု ဖွင့်ထား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာ အုပ်စု ဝါးနက်ကျေးရွာအနီးရှိ အမှတ် (၁၂၁) ထောက် ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ သိမ်းဆည်းထားသည့် ယာမြေများကို ဧပြီလအတွင်းက ခြံစည်းရိုး ကာရံခဲ့မှုအပေါ် နှောင့်ယှက်ဟန့်တားခဲ့ သည်ဟုဆိုကာ ဒေသခံတောင်သူ ၁၀ ဦးကို ပုဒ်မငါးခုဖြင့် အဆိုပါတပ်မှ အမှုဖွင့်တရားစွဲထားကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာ၊ ရွှေစာရံကျေးရွာ၊ ကျောက်ချောကျေးရွာနှင့် ပြင်ဦးလွင်မြို့နယ် လွန်ေ ကာင်းအုပ်စု ဝါးနက်ကျေးရွာတို့မှ ဒေသခံတောင်သူများသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အမှတ် (၁၂၁) ထောက် ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်၏ နို့စားနွားမွေးမြူရေးခြံပြုလုပ်ရန် လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းမာ ဘယ်ကျောက်ပြားစက်ရုံမှ ထိန်းသိမ်းထားသည့် မြေဧက ၇၀၀ အတွင်းရှိ ၁၃၂ ဒသမ ၈၂ ဧကအား ခြံစည်းရိုးကာရံပြုလုပ်နေစဉ်

တောင်သူအချို့က ဟန့်တားနှောင့် ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် တောင်သူများအနက် တောင်သူ ဒေါ်ဆွေ၊ ဒေါ်တင်မြပါ ခုနစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၁၊ ၁၁၄ တို့ဖြင့် တရား စွဲဆိုခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးက တောင်သူများကို ဆင့်ခေါ်ခဲ့ကြောင်း၊ ထို့ပြင် အဆိုပါ ဧပြီ ၃၀ ရက်က အမှတ်(၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်၏ နို့စားနွားမွေးမြူရေးခြံ ပြုလုပ်ရန် ခြံစည်းရိုး ထပ် မံကာရံနေစဉ် တောင်သူ ၁၀ ဦးခန့်က ခြံစည်းရိုးကာရံ၍ မရနိုင်အောင် ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည် ဟု ဆိုကာ

ရာဇသတ်ကြီး ပုဒ်မ ၂၉၅၊ ၁၈၆၊ ၄၂၇ တို့ဖြင့် တောင်သူ ဦးလှသောင်းပါ ခုနစ်ဦးတို့ကို အမှုဖွင့်တရားစွဲ ဆိုထားသဖြင့် ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ဒေသခံတောင် သူများထံ ပြင်ဦးလွင်မြို့နယ်၊ ပြင် စာနယ်မြေ ရဲစခန်း၏ ဆင့်ခေါ်ထားသည့်စာအရ သိရသည်။ ယင်းသို့ ခြံစည်းရိုးကာရံနေမှုကို ဟန့်တားနှောင့်ယှက် ခဲ့သည်ဟုဆိုကာ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ တရားလို ဗိုလ်ကြီးဇော်ဝင်းနိုင်နှင့် တပ်ကြပ်ကြီးခင်မောင်ကျော် တို့က ဒေသခံတောင်သူ ၁၀ ဦးတို့ကို အမှုနှစ်မှု စုစုပေါင်း ပုဒ်မငါးခုဖြင့် သီးခြားစီ တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့တောင်သူတွေက ဒီယာမြေတွေ အပေါ်မှာ ဘိုးဘွားအစဉ်အဆက် ခုတ်ထွင် ရှင်းလင်းပြီးတော့ လုပ်ကိုင် စားသောက်လာတာပါ။ ဒါကို အမှတ် (၁၂၁) ထောက်ပို့တပ်က သူတို့ပိုင်ဆိုင်တဲ့ယာမြေဆိုပြီး ခြံစည်းရိုး ကာရံတာတွေ လုပ်ပါတယ်။ သူတို့ခြံစည်းရိုး ကာရံလိုက်တဲ့အထဲမှာ ကျွန်မတို့တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေရှိနေ တယ်။ ဒါတွေပါ ခြံစည်းရိုးကာရံတဲ့အထဲမှာ ပါသွားပါတယ်။

ဒီယာမြေတွေအပေါ်မှာ လုပ်ကိုင်စားသောက် လာတာ နှစ်ပေါင်း ၅၀ ကျော်လောက် ရှိနေပါပြီ။ မြေယာပိုင်ဆိုင်မှု အေ ထာက်အထားတွေ အပြည့်အစုံရှိပါတယ်။ သူတို့က ဘယ်လိုပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထားနဲ့ ဒီမြေတွေကို သိမ်းသွားတာလဲဆိုတာ တောင်သူတွေမသိရဘူး။ အခုကတော့ တောင်သူတွေက မြေလည်းအ သိမ်းခံထားရတယ်။ တရားလည်း အစွဲခံထားရတော့ အခက်အခဲတွေ ဖြစ်နေကြတယ်။ တောင်သူတွေကတော့ ကိုယ့်မြေကို ပြန်လိုချင် တယ်။ မတရားအမှုဖွင့်ထားတဲ့ အမှုတွေကို ပိတ်သိမ်းပေးစေ ချင်ပါတယ်” ဟု အမှုဖွင့်တရားစွဲဆိုခံ ထားရသည့် တောင်သူများက ပြောကြားသည်။

ထိုသို့ ဒေသခံတောင်သူ ၁၀ ဦးတို့ကို အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ ပုဒ်မ ငါးခုဖြင့် ပြင်ဦးလွင်မြို့နယ်တရားရုံး၌ အမှုဖွင့် တရားစွဲဆို ထားမှုနှင့် ပတ်သက်၍ ဒေသခံတောင်သူများက ဒီဇင်ဘာ ၃ ရက်တွင် မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ်ရုံးထံသို့ ပြင်ဦးလွင်မြို့နယ် ဥပဒေရုံး၏ အကြံပြုချက်အား ပြန်လည်စိ စစ်ပေးရန် အသနားခံတင်ပြထားကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *