၁၄ နှစ်အရွယ် ကောင်းလေးတစ်ဦးက ၈ နှစ်အရွယ် ညီမဝမ်းကွဲကို အဓမ္မပြုကျင့်

မိတ္ထီလာ၊ ဇွန် (၂၉)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ (၂၇) ရက်နေ့ ညနေပိုင်းက ၁၄ နှစ်အရွယ်ကောင်းလေးတစ်ဦးက အိမ်တစ်ဝိုင်းထဲတွင် အိမ်ချင်းကပ်လျက်နေထိုင်ကြသော ၈ နှစ်အရွယ် ညီမဝမ်းကွဲအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှစုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ဇွန်လ (၂၇) ရက်နေ့ ညနေ (၃း၃၀) အချိန်က ဒေါ် . . . . သည် နေအိမ်အပေါ်ထပ် အိပ်နေစဉ် အသက် (၈) နှစ်အရွယ်သမီးဖြစ်သူတို့မှာ တစ်ဝိုင်းထဲ အိမ်တောင်ဘက်ကပ်လျက်နေ တူဖြစ်သူ မောင် . . . . (၁၄) နှစ်နှင့် အတူကစားနေသည်ကို တွေ့ရပြီးနောက် ဆယ်မိနစ်အကြာတွင် ဒေါ် …. မျက်နှာမူပြီး အိပ်နေသည့် TV ဖန်သားပြင်ပေါ်တွင် သမီး၏အရိပ်ကိုတွေ့ရ၍ လှည့်ကြည့်စဉ်တွင် တူဖြစ်သူက နောက်ဖက်မှနေ၍ သမီးကိုပြုကျင့်နေသည်ကို တွေ့ရသဖြင့် မေးမြန်းရာတွင် အိမ်အောက်သို့ ဆင်းပြေးသွားသော်လည်း သမီးဖြစ်သူကို မေးမြန်းချက်အရ အဓမ္မပြုကျင့်ခံရသည်ကိုသိရကြောင်း ရဲစခန်း၏ စစ်ဆေးချက်များအရ သိရသည်။ သို့ဖြစ်၍ ဇွန်လ (၂၈) ရက် ညပိုင်းတွင် မိခင်ဖြစ်သူက တရားလိုပြုကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အသက် (၁၄) နှစ်အရွယ် မောင် . . . ကို မြို့မရဲစခန်းက (ပ)၃၈၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ (၃၇၇) ဖြင့် အမှုဖွင့်အရေးယူထားသည်။

source : http://thevoicemyanmar.com/news/35119-atk

Leave a Reply

Your email address will not be published. Required fields are marked *