ဇူလိုင်လ ၁ ရက်နေ့မှာ အမရပူရ၊ ရွှေကြက်ယက်တိုက်နယ်၊ စံရွေးရပ်က အသက် ၉ နှစ်အရွယ် သမီးငယ်လေးတစ်ဦးကို အောင်အောင်ဆိုသူ အရွယ်ရောက်အမျိုးသားတစ်ဦးက အမေခေါ်ခိုင်းတယ်လို့ပြောဆိုပြီး ကျောင်းဆင်းချိန် နေ့လည် ၃ နာရီဝန်းကျင်ခန့်မှာ လိမ်လည်ခေါ်ဆောင်သွားခဲ့ရာက သမီးလေးဟာ တစ်ရက်တိတိပျောက်ဆုံးလို့ သွားခဲ့ရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့မနက်မှာတော့ ကလေးကိုလိမ်လည့်ခေါ်ဆောင်သွားတဲ့ အောင်အောင့်ကို ရှမ်းလေးကျွန်းထိပ်မှာ ရပ်ကွက်ကဖမ်းဆီးရမိခဲ့ပါတယ်။ သမီးလေးကိုစစ်ဆေးတဲ့အခါမှာ အခုလို စိတ်မချမ်းမြေ့ဖွယ်တွေကို ကြားသိခဲ့ရပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နာကြပါနော်။ ရင်နာလို့မဆုံးနိုင်အောင်ပါပဲ။

ကြားသိရသမျှ အဖြစ်အပျက်တွေကို Wai Yan Thant ဖေ့ဘုတ်အကောင့်မှ တင်ပြထားခြင်းကို ပရိသတ်ကြီးများသိအောင် မျှဝေပေးလိုက်ပါတယ်။ တရားသူကြီးခွင့်ပြုချက်နဲ့ FIR ကိုကြည့်လိုက်တော့ ၁.၇.၁၉ ညနေမှာ ပျောက်သွားတဲ့ကလေးမလေး အသက်က ၉ နှစ်တဲ့။ ဖေ့ဘုတ်မှာတောင်တက်နေတာတဲ့ ကိုယ်တောင်မသိဘူး။
အဲ့ဒါနဲ့ကိုယ်တို့မြို့နယ်ဆရာဝန်ကြီးနဲ့ကိုယ်နဲ့ သူ့အမေဆီကနေ Consent ယူပြီးတော့ စစ်ရတော့တာပေါ့။ ဆရာကြီးက ကလေးကိုမေးကြည့်တော့ သူတို့အမေဆိုင်မှာ ထမင်းလာစားတဲ့ကောင်က ခေါ်သွားတာတဲ့။ ကျောင်းဆင်းချိန်မှာ အမေကြိုခိုင်းတယ်ဆိုပြီး လာခေါ်တာတဲ့။ ပြီးတော့ သူ့ကိုညနေမှာ ၂၂ လမ်းဘက်ခေါ်ပြီးတော့

ပိတ်ထားတဲ့ထမင်းဆိုင်ထဲမှာ သမီးကို (နားနဲ့မနာဖဝါးနဲ့နာ) ဟိုနမ်းဒီနမ်းလုပ်တယ်တဲ့။ ပါးစပ်ကိုလည်းနမ်းတယ်တဲ့။ ဟိုကိုင်ဒီကိုင်လည်းလုပ်တယ်။ သူ့ဟာကိုလည်းကိုင်ခိုင်းတယ်တဲ့။ သမီးက ကြောက်လို့မလုပ်ဘူးတဲ့။ ပြီးတော့ အရှေ့ကတစ်ခါ အနောက်ကတစ်ခါ လုပ်တယ်တဲ့။ သူ့အရည်တွေ သမီးအဝတ်အစားကို ပေကုန်တယ်တဲ့။
တစ်ညလုံး အဲ့ပိတ်ထားတဲ့ထမင်းဆိုင်လေးထဲမှာ အိပ်ခဲ့ရတယ်တဲ့။ ကြားရတာ လုံးဝစိတ်မချမ်းသာဘူး ဝမ်းနည်းတယ်။ ကလေးမှာ Love Bite တွေလည်းရှိတယ်။ ကျန်တဲ့ Positive finding တချို့တော့မပြောလိုပါ။ Swab တောင်အယူမခံဘူး နာနေတယ်တဲ့။ ဪ ကလေးရယ် ခုတော့ သူ့ကို PEP တိုက်ရပြန်ဦးမယ်လေ။

ဘာဖြစ်လို့လူတွေက ရမ္မက်တဏှာတွေကြီးပြီး မထိန်းသိမ်းနိုင်ကြတော့တာလည်း? အရွယ်မရောက်သေးတဲ့ကလေးကို ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတာ ကိုယ်မှတ်မိသလောက်ဆို Fnial Part One မှာ Forensic မှာပဲသိဖူးတာ။ အခုက တကယ့်ကိုဖြစ်နေတာပဲ။ နောက်ထပ် Victoria လေးများစွာကိုလည်း ထပ်မကြားချင်တော့ပါ။ ထပ်လည်းမဖြစ်စေလိုပါ။
ပြီးတော့ လူကိုလူလိုမသိ ကိုယ်ချင်းစာစိတ်မရှိ အသိဉာဏ်မရှိတဲ့ ဒီလိုကောင်တွေအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ဆိုတာ ကျစေချင်တယ်။ အမေရိကားမှာတော့ လူကိုသေဒဏ်ပေးတာထက် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး ဘာတစ်ခုမှမပေးတော့ဘူး။ လူ့အသိုင်းဝိုင်းကနေ ဖယ်လိုက်တာပဲ။

ဒါဟာ လူတစ်ယောက်ကိုသတ်တာထက် အကြိမ်ကြိမ်သေဆုံးအောင် ဘဝကိုသတ်လိုက်တာပဲ။ မိဘတိုင်း သားသမီးတွေအတွက် စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ချလက်ချအိပ်နိုင်တဲ့ညတွေ မြန်မြန်ရောက်ပါစေ ဆုတောင်းပါတယ်။ ပရိသတ်ကြီးလည်း ရင်သွေးငယ်များကို သတိထားပြီး စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။
ခရက်ဒစ်မြန်မာဆယ်လီမီဒီယာ