တောင်ငူမြို့ ဦးပန်းဖြူလမ်းနေ တက္ကသိုလ်ကျောင်းသူ များထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသော လူငယ်တစ်ဦး အားဖမ်းဆီးရမိ

ဇူလိုင် ၄ ရက် ည ၉ နာရီအချိန်ခန့်က တောင်ငူမြို့အမှတ် ၅ ရပ်ကွက် ဦးပန်းဖြူလမ်းနေ တက္ကသိုလ်ကျောင်းသူ
များဖြစ်ကြသည့် မငြိမ်းစုထွန်း(တတိယနှစ်-သတ္တဗေဒ)၊မအင်ကြင်းကြွယ် (တတိယနှစ်-သတ္တဗေဒ)၊နှင့် မဆုပြည့်ထက် (စတုတ္ထနှစ်-မြန်မာစာ) တို့သုံးဦးသည် ဆေးရုံထောင့်တွင် ပလာတာဝယ်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နံပါတ် ၁ လမ်းနှင့် ဦးပန်းဖြူလမ်းထောင့်သို့အရောက်၊တောင်ငူမြို့ ၂ ရပ်ကွက် တေဇာခင်ဦး(၂)လမ်းနေ အသက် ၂၀ နှစ်ခန့်ရှိ မောင်ဝေယံထွန်း ဆိုသူမှ ဆိုင်ကယ်နှင့်နောက်မှ ကပ်လိုက်လာပြီး၊မငြိမ်းစုထွန်း လက်ထဲတွင် ကိုင်ထားသော ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ထိုသို့လုယူထွက်ပြေးသွားသော မောင်ဝေယံထွန်း၏နောက်သို့အော်ဟစ် အကူအညီတောင်းကာ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရာ ဝေဠုဝန်ဘုန်ကြီးကျောင်းရှေ့သို့အရောက် နံပါတ် ၁ လမ်းပေါ်တွင် လုယူထွက်ပြေးသွားသော ဝေယံထွန်း၏ဆိုင်ကယ်တိမ်း မှောက်၍ ဝေယံထွန်းအား ဖမ်းဆီးရမိပြီး ဖုန်းနှင့်ပိုက်ဆံအိတ်တို့ပြန်လည်ရရှိသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် လုယူယက်ထွက်ပြေးသူ ဝေယံထွန်းအား အမှတ်(၂)ရဲစခန်းမှ ရာဇသတ်
ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)
၅.၇.၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *