ဓာတ်အားလိုင်းကြိုးသွယ်တန်းလုပ်ငန်းဆောင်ရွက်နေသောတရုတ်နိုင်ငံသားလေးဦးတိုင်ပေါ်မှပြုတ်ကျ၍သုံးဦးသေဆုံးတစ်ဦးဒဏ်ရာရ

ဇူလိုင်(၇)# ပျော်ဘွယ်
ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ်ညောင်ကုန်းရဲစခန်းပိုင်နယ်မြေရန်ကုန်-မန္တလေးအမြန်လမ်းမမိုင်တိုင် (၂၆၉/၆)၏ အနောက်ဘက်(၁)မိုင်ခန့် အကွာရှိ 500 KVမဟာဓာတ်အား လိုင်းကြိုးတွဲလုပ်ငန်းဆောင်ရွက်နေသော တရုတ်နိုင်ငံသား(၄)ဦးတိုင်ပေါ်မှပြုတ် ကျ၍ အခင်းဖြစ်နေရာ၌(၂)ဦးသေဆုံးပြီး ဒဏ်ရာရှိသူ(၂)ဦးအား မိတ္တီလာဆေးရုံသို့ ပို့ဆောင်စဉ် (၁)ဦး ထပ်မံသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇူလိုင်(၆)ရက်နေ့ညနေ(၅း၃၀)အချိန်ခန့်မိတ္တီလာပြည်သူဆေးရုံသို့တရုတ်နိုင်ငံသား(၁)ဦးသေဆုံး(၁)ဦးဒဏ်ရာများဖြင့်ရောက်ရှိနေကြောင်းသတင်းအရမြို့မရဲစခန်းမှူဒုရဲမှူးကျော်ထင်နှင့်တပ်ဖွဲ့ဝင်များမှသက်သေများနှင့် အတူသွားရောက်ကြည့်ရှု့စစ်ဆေးရာသေဆုံးသူမှာ တရုတ်နိုင်ငံသား He Kaili (၂၇)နှစ်ဖြစ်ပြီးဝဲ/ယာနားသွေးထွက် ပါးစပ်သွေးထွက်ဝဲလက်ကေါက်ဝတ်ဖူးရောင်ဒဏ်ရာများရရှိသေဆုံးနေပြီး YangShihua (၂၉)နှစ်မှာဆီးခုံနာကျင်ယူဒူးခေါင်းနာကျင်ယာဘက်ပါးရိုးပေါက်ပြဲဒဏ်ရာများရရှိနေသည်ကို
တွေ့ရှိရ၍စစ်မေးရာ ၎င်းတို့သည်ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင်အမှတ်(၂၆၉/၆)၏အနောက်ဘက်(၁)မိုင်ခန့်အကွာရှိ 500 KV မဟာဓာတ်အားလိုင်းကြိုးဆွဲလုပ်ငန်းအားတိုင်အမှတ်(၉၁)တွင်ဆောင်
ရွက်နေစဉ်ညနေ(၄း၁၅)အချိန်ခန့်၌ သွယ်တန်းထားသောဓာတ်အားလိုင်းကြိုးတင်းအားများ၍ တိုင်မှမူလီနတ်များပြုတ်ထွက်ပြီး အမြင့်ပေ(၁၀၀)ခန့်ရှိတိုင်မှပြုတ်ကျခဲ့သဖြင့် တရုတ်နိုင်ငံသား Zi Fayou (၂၈)နှစ်Li Wenquan (၂၉)နှစ် တို့(၂)ဦးမှာအခင်းဖြစ်နေရာ
တွင်သေဆုံးခဲ့ပြီး He Kaili(၂၇)နှစ် နှင့် Yang Shihua (၂၉)နှစ်တို့(၂)ဦးအား ဒဏ်ရာများဖြင့်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌He Kaili မှာထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူ Yang Shihua အားမိတ္တီလာပြည်သူဆေးရုံမှ မန္တလေးပြည်သူဆေးရုံကြီးသို့ဆေးကုနိုင်ရန် ဆက်လက် ပို့ဆောင်ပေးပြီး အခင်းဖြစ်နေရာ ၌သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား Zi Fayou(၂၈)နှစ်နှင့် Li Wenquan (၂၉)နှစ်တို့၏ရုပ်အလောင်းများ ထပ်မံရောက်ရှိလာသဖြင့် ထပ်မံသေဆုံးသူ He Kaili (၂၇)နှစ်တို့၏ ရုပ်အလောင်းများအား မိတ္တီလာဆေးရုံတွင် မှုခင်းဆရာဝန်ကြီးမရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင်ခွဲစိပ်စစ်ဆေးနိုင်ရန်မေတ္တာပါရမီ လူမှုကူညီရေးအသင်းယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သေဆုံးဒဏ်ရာရသူတရုတ်နိုင်ငံသား(၄)ဦးမှာမိတ္တီလာ-တောင်ငူသို့သွယ်တန်းလျက်ရှိသော 500KV မဟာဓာတ်အားလိုင်းတွင် ဓာတ်အားလိုင်းကြိုးသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်လျက် ရှိသော CEEC တရုတ်ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြပြီး၎င်းတို့မှာ မိတ္တီလာမြို့ဝန်ဇင်းရပ်ကွက်တွင်ခေတ္တအိမ်ငှားရမ်းနေထိုင်လျက် လုပ်ငန်းဆောင်ရွက်နေသူများဖြစ်ကြောင်းသိရသည်။

Credit..Shwe Mg Mg

Leave a Reply

Your email address will not be published. Required fields are marked *