ဒရိုင်ဘာကိုအောင်ကြီးရဲ့ Wisdom Hill ကျောင်းတွင်း ၂၈ မိနစ်တာလှုပ်ရှားမှု CCTV ဗီဒီယို ထွက်ပေါ်

ပရိသတ်ကြီးရေ Victoria လေးရဲ့ အမှုကတော့ ပြည်သူအားလုံးစ်တ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ တရားခံကို ယာဉ်မောင်းအောင်ကြီးဆိုပြီး CID ကတော့ စွဲချက်တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ အောင်ကြီး မဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသလို BBC ကလဲ အောင်ကြီးမဖြစ်နိုင်ကြောင်း Video နဲ့ရှင်းလာခဲ့တာပဲဖြစ်ပါတယ်။ BBC က သီးသန့်​ရထားတဲ့ ဒရိုင်​ဘာကို​အောင်​ကြီးရဲ့ လှုပ်​ရှားမှု CCTV Video File လေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Video ကြည့်ရသလောက်တော့ အောင်ကြီးဟာ တရားခံဘယ်လိုမှမဖြစ်နိုင်ဘူးလို့မြင်မိပါတယ်။ ဒါပေမယ့် CID က တရားခံလို့ တရားရုံးမှာ စွဲချက် တင်ထားတာကြောင့် လာမယ့် ၁၅ ရက်နေ့မှာ ဘယ်လိုအကြောင်းအရာတွေကြောင့် စွဲချက်တင်တယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဗီဒီယိုလေးကြည့်ပြီး ထင်မြင်ချက်လေးတွေပြောပေးခဲ့ကြပါဦးနော်။

ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်း ထွက်လာပြီ

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ကျောင်းသူလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပတ်သက်ပြီး စီစီတီဗီ မှတ်တမ်း ဗီဒီယို တစ်ခု ဘီဘီစီက သီးသန့်ရရှိထားပါတယ်။ အဲဒီနေ့က သံသယတရားခံ ကျောင်းထဲဝင်သွားတဲ့ ၂၈ မိနစ်အချိန်အတွင်း သူ့ရဲ့ လှုပ်ရှားမှုတချို့ကို ဒီ CCTV မှာ တွေ့နိုင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဗစ်တိုးရီးယားအမှု

Posted by BBC Burmese on Tuesday, July 9, 2019

Leave a Reply

Your email address will not be published. Required fields are marked *