ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေး ကြိုးကွင်းစွပ် အသတ်ခံရသည့် အနေထားဖြင့် ပြန်လည်တွေ့ရှိ

မွန် ဇူလိုင် ၁၅ အမွှာညီနောင်

ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေး အား (၁၀)ရက်အကြာ၌ ကြိုးကွင်းစွပ် အသတ်ခံရသည့် အနေထားဖြင့် ပြန်လည်တွေ့ရှိ။

မုဒုံမြို့နယ် ကော့ခပုံကျေးရွာမှ (၆.၇.၂၀၁၉)ရက်နေ့ညနေ၌ ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမအား ( ၁၅.၇.၁၉)ရက်နေ့ ညနေ၃ နာရီချိန်ခန့်၌ ကွမ်တာကျေးရွာ ဆည်းမြောင်အနီးရှိ ချောင်းအတွင်းတွင် ဂုံနီအိတ်အပြာရောင်ဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်အတွင်း၌-ပျောက်ဆုံးနေသူအား လည်ပင်ကြိုးကွင်းစွပ်လျက် အသတ်ခံရသည် အနေထားဖြင့် အနီးနား ပတ်ဝန်းကျင်မှ တွေ့ရှိခဲ့၍ မုဒုံမြို့မ ရဲစခန်းသို့ အကြောင်းကြားသောကြောင့် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်ရာသို့ သွားရောက်ပြီး မှတ်တမ်းဓာတ်ပုံများ ရယူခြင်း၊ –မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စေတနာအလင်းရောင် နာကူ အဖွဲ့တို့မှ သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ မုဒုံမြို့နယ်ဆေးရုံ ရင်ခွဲရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုဒုံမြို့မရဲစခန်း သေမှုသေခင်းဖွင့်လျက် အသေးစိပ် စစ်ဆေး ဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *