လှိုင်​သာယာ ​ပေါ်ဆန်း​မွှေး ၄ လမ်း လူသက်​မှု ဖြစ်စဉ်အပြည့်စုံ

ဖြစ်စဉ်အပြည့်စုံဖတ်​​ပေးပါရန်

-ေ​​​​​တာ်​စပ်​သူ #သမီး
သတင်းအမှားများ ​ပေါ့​လျော့ထား​သောသတင်းများ​ကြောင့်
ရင်​နာနာနှင့်​တင်​လိုက်​ရပါသည်​။
ကျမ၏အ​ရှေ့တွင်​မိဘနှပါး အသက်​ခံခဲ့ရပါသည်​။


မိခင်​ဖြစ်​သူမှာ ပွဲချင်း​သေဆုံး ခဲ့ပြီး ဖခင်​ဖြစ်​သူမှာအ​ရေး​ပေါ်ဌာနသို့​ရောက်​​နေပါသည်။
ဖြစ်​စဉ်​မှာ
မောင်​ရဲနိုင်​ထွန်းဆိုသူသည်​ တိုက်​သစ်​​ဆောက်​​နေ​သောကျမတို့အိမ်​၌ အလုပ်​သမား(ပန်းရံဆရာအတွဲ)အဖြစ်​လာ​ရောက်​လုပ်​ကိုင်​သည်​မှာ( ၂ )ပတ်​မပြည့်​​သေးပါ။


ထိုသူအား အလွန်​လိမ္မာ​သော အလုပ်​သမားတစ်​ဦး အဖြစ်သတ်မှတ်ပီး ​​​လုပ်​နိုင်​ကိုင်​နိုင်​သူဟုချီးကျူးကာ Daily ​ကြေးတိုး​ပေးထားသူဖြစ်​သည်​။
မဖြစ်​ခင်​တစ်​ပတ်​အလို၌ ထိုသူ ​မောင်​ရဲနိုင်​ထွန်း လူသက်​တရားခံသည်​ မိမိ၏ဇနီးသည်​ မီးဖွှားရန်​ ကိစ္စ ရှိသည်​ဆိုကာ ​​နေအိမ်​သို့ပြန်​မည်​ဟု​ပြောပြီး ဇလွန်​ဘက်​သို့ပြန်​သွားသည်​။
မဖြစ်​ခင်​တရက်(၂၈.၇.၂၀၁၉)၌ ပြန်လာပီး​ဦးစိုးနိုင်​ (ခ) ဦးလှဝင်း + မခိုင်​(ခ) ​ဒေါ်ခိုင်​မြင့်​ထွန်းတို့၏ ​နေအိမ်​သို့လာ၍ ဘုရားပွဲများတင်​ရန်​ပြင်​ဆင်​​ပေးပီး ​နေ့လည်​ ၁၁ နာရီ အချိန်​၌ ပြန်​သွား​လေသည်​(အမှန်​တကယ်​ပြန်​မပြန်​မသိရ)
ရင်းရင်းနှီးနှီးစကားများ​ပြောဆို မုန့်​ဖိုးများ​ပေးကာ ​ကောင်းမွန်​​သော ဆက်​ဆံ​ရေးမျိုးဖြစ်​ခဲ့သည်​။
အ​ဖေနှင့်​အ​မေသည်​ လူတစ်​​ယောက်​လိုဆက်​ဆံခဲ့သည်​ သ​ဘောထားပြည့်​ဝခဲ့သည်​ ။
၂၈ ရက်​ ​နေ့ ည​နေ၌ မိသားစုများရီရီ​မော​မော စကား​ပြောကာ အ​​ဖေနှင့်​အ​မေသည်​ ည ၉ နာရီအချိန်​၌ အိပ်​​ပျော်​သွားခဲ့သည်​။

ကျမသည်​ ည ( ၁၂) အချိန်​၌ ည​မ​လေးများနှင့်​ စ​နောက်​စကား​ပြောကာ အိပ်​​ပျော်​သွားခဲ့​လေသည်​။
၂၉ .၇.၂၀၁၉ နံနက်​ ၂ : ၁၅ နာရီ အချိန်ခန့်​​၌
အောက်​ထပ်​မှ အ​ဖေနှင့်​အ​မေ၏ ငယ်​သံပါ​အောင်​​အော်​​နေ​သော အသံများကိုကြားကာ ​ပြေးဆင်းသွားခဲ့သည်​။
တုန်​လှုပ်​​ခြောက်​ခြားကာ အ​ဖေနှင့်​အ​ဖေ အားလှမ်းကြည့်​လိုက်​စဉ်
ယောက်ျား တစ်​ဦးသည်​ အ​ပေါ်မှ ခြင်​​ထောင်​စများနှင့်​ လုံး၍ အ​မေနှင့်​အ​ဖေအား ဓားဖြင့်​ ပိုးဆိုးပက်​ဆက်​ ထိုးသက်​​နေသည်​ ကို​တွေ့လိုက်​သည်​။
ထိုအဖြစ်​အား ကျမ၏ အိမ်​မက်​အလားတုန်​လှုပ်​သွားပီး အ​ဖေအ​မေ​အော်​သံများ ကြား ကျမ​ပြေးတက်​သွားကာ ထိုသူအား အ​​ဖေနှင့်ကျမသည်​​ လည်​ဂုတ်​ကိုဖိထား၍ ကျမ လက်​ထဲ တရားခံ​မောင်​ရဲနိုင်​ထွန်း​ရောက်​ချိန်​၌ အ​ဖေနှင့်​အ​မေ လဲကျသွားသည်​။
ကျမ၏ တုန်​တုန်​ချိချိလက်​များဖြင့်​ အိမ်​မက်​သဖွယ်​ဖြစ်​​နေ​သော်​ငြားလ​ည်း မိဘနှပါး​အားထိုသို့ကြံသူအား ခုံ​ပေါ်မှ​တွေ့မိ​တွေ့ရာ မီးပူဖြင့် တရားခံ​ခေါင်းခံ ၃ချက်​ရိုက်​လိုက်​သည်​ ( အ​သေသက်​ခဲ့သင့်​သည်​)
ကျမ၏ ပူထူ​နေ​သောစိတ်​\လက်​များဖြင့်​ မိဘ ၂ ပါးအားကြည့်​လိုက်​​သောအခါ၌လည်း ​သွေးသံများစိုစိုရွဲ ကာ ​သွေးထွက်​လွန်​​နေပီဖြစ်​သည်​။


ညီမ​လေး ၂ ​ယောက်​အား စိတ်​ပူ​နေ​သောစိတ်
မိဘများအားစိုးရိမ်​​နေ​သောစိတ်​ဖြင့်​ ​ဘေးအိမ်​များအား ​​​အော်​​ဟစ်​စွာ​ခေါ်ဆိုမိသည်​။
ညီမအငယ်​ဆုံး​လေးအသက် (၈နှစ်​) ​မှာ ခြံတံခါး​သော့များသွားဖွင့်​၍
ညီမအလတ်​(၁၅ နှစ် ဆယ်တန်း​ကျောင်းသူ)မှာ
ဆွေမျိုးများအား ငိုယိုပီးဖုန်းဆက်​​နေသည်
ထိုစဉ်​ကျမသည်​ တရားခံအား​ဘေးအိမ်​များလက်​ထဲအပ်​ခဲ့ပီး
အ​မေ့အား​ပွေ့ပိုက်​ကာ ကြည့်​လိုက်​သည့်​အခါ အ​မေ၏ ညာဘက်​လက်​​မောင်း၌ ထိုးသွင်းဒဏ်​ရာမဟုတ်​ အကြိမ်​ရေများစွာ ခုတ်​ထစ်​ထား​သောဒဏ်​ကာများဖြင့်​ လက်​​မောင်းပြက်​လုဖြစ်​​နေပီး ကလီဇာများထွက်​​နေပီ( ထိုသို့​တွေ့လိုက်​​သောခံစားချက်​အား နားလည်​တတ်​ကြပါ​စေ)
မိခင်​၏ ဗိုဏ်​၌လည်း ထိုးသွင်းဒဏ်​ရာများစွာဖြင့်​ ​သွေးများအိုင်​​နေပီ.
အ​ဖေ့ကျိလိုက်​​တော့လည်း ထိုးသွင်းဒဏ်​ရာ (၈ )ချက်​ခန့်​ (အတိအကျ​ရေချိန်​မရ) ​ညာဘက်​​ပေါင်​၌လည်း အသားစများပြုတ်​ထွက်​ကာ ​ကုတင်​ တစ်​ခုလုံး မိဘနှပါး ၏ ​သွေးအိုင်​များသာဖြစ်​​နေသည်
ထိုးသွင်းအရှိန်​ပြင်းချက်​ လူယုတ်​မာလက်​ချက်​သည်​ တန်း​ပေါ်ရှိ အက်ျီင်္ီစများ မှန်​ဘီရိုများထိပါ ​သွေးများ တက်​စင်​​နေသည်​ ။
ကျမ၏ မ​မျှော်​လင့်​ရဲ​သောစိတ်​နှင့်​အတူ ညမ​​လေး ၂ ​ယောက်​အားကြည့်​၍ မိဘနှစ်​ပါးအားအ​သက်​ရှင်​ခွင့်​ရချင်​မိသည်​။


??
ကျမတို့သည်​ သူတစ်​ပါးအားမ​စော်​ကား မထိခိုက်​ ကိုယ့်​ဘဝနှင့်​ကိုယ်​​ပျော်​ရွှင်​စွာ​နေထိုင်​​နေသူများးဖြစ်​သည်​။
မနာလိုမုန်းတီးသူများမှ မဆီမဆိုင်​ ​ခွေးစကားများ​ပြောပါက အလိုတူဖြင့်​ဆွဲထည့်​မည်​။

မှတ်​ချက်​ ။ ၁။ရဲများအချိန်​တိုအတွင်း​ဖမ်းမိသည်​မဟုတ်​ ကျမကိုယ်​တိုင်​ ထုရိုက် ​ရဲလက်​အပ်​ခြင်းဖြစ်​ ထပ်ပီး ​လှည့်​ကင်းရဲမဟုတ်​ လမ်းထိပ်​စခန်းမှ အိပ်ေ​န​သောရဲအားလမ်းသူလမ်းသားများမှ​သွားနှိုးခြင်းဖြစ်
၂ ။ သူခိုးမဟုတ်​ လူသက်​တရားခံ တစ်​မိသားစုလုံးသက်​ရန်​ကြံရွယ်​ထားသူပါ ကျမသာမရှိခဲ့လျှင်​ ညမ​လေး ၂ ​ယောက်​အားမ​တွေးဝံ့ပါ။
ရည်​ရွယ်​ချက်​ရှိရှိ ကြံစည်​လာ​ရောက်လုယက်​အ​​သေသက်​ခြင်းဖြစ်​သည်​။
ခံစားချက်​ဖြင့်​သာ​ရေးသည်​ သတင်းသမားမဟုတ်

Leave a Reply

Your email address will not be published. Required fields are marked *