ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် သင်္ဘောဆိပ်အနီး ဒလ-တွံတေးကားလေးဂိတ်ဝန်းအတွင်း
ယနေ့ မနက်ပိုင်းက အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ပိုင်ရှင်မဲ့ ယာဉ်တစ်စီး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ (၁.၈.၂၀၁၉)ရက် မနက်(၁၀)နာရီချိန် ဒလ-တွံတေးကားလေးဂိတ်ဝန်းအတွင်း ယာဉ်တစ်စီး
ရပ်တန့်ထားကြောင်း သတင်းအရ ဒလမြို့မရဲစခန်း ရဲစခန်းမှူး ဒုရဲမှူး အုန်းလွင် ဦးစီး ရဲတပ်ဖွဲ့ဝင်များ
အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ် မြင့်ဟန် ဦးစီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ သွားရောက် အတည်ပြု
စစ်ဆေးရာ YGN 4G-9839 နံပါတ်ပါ TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်(သော့မပါ)
ဖြစ်ကြောင်း သိရပြီး ယာဉ်ပေါ်တွင် ဘတ္ထရီအိုး(၂)လုံး၊ ကျောက်ဖြတ်စက်အသေး(၁)ခု၊ ကားလေအိုး(၁)လုံး၊
အရိုးအသွား(၃)ပေခန့်ရှိ ကင်ဒိုဓား(၁)ချောင်း၊ ကားချိုင့်(၁)ခု တွေ့ရှိကြောင်း ယာဉ်ပိုင်ရှင်အား စုံစမ်းရာ
မတွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားကြောင်း နှင့် အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတွင် ထိန်းသိမ်း
ထားရှိကာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်မြို့သို့ ယာဉ်အား ပေးပို့၍ မှတ်တမ်းဝင်ယာဉ်
ဟုတ်/မဟုတ် နှင့် မှတ်တမ်းယာဉ်ဝင်ယာဉ် ဖြစ်ပါက ယာဉ်ပိုင်ရှင်အမည်/နေရပ်လိပ်စာ ပြန်ကြားပေးနိုင်ရေး
စစ်ဆေးသွားရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။




အနီးဝန်းကျင်တွင် မေးမြန်းကြည့်ရာ အဆိုပါယာဉ်သည် (၃၁.၇.၂၀၁၉)ရက်နေ့ ခန့်မှန်း မွန်းလွဲပိုင်း အချိန်က
၎င်းနေရာ၌ ရပ်ထားသည်ကို တွေ့ရကြောင်း ယနေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ မှ လာရောက်စစ်ဆေး၍
သိမ်းဆည်းသွားကြောင်း ပြောကြားခဲ့သည်။
#ကိုဂျိမ်း(ဒလ)