


သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းအထိ နောက်ဆုံးရရှိထားသော သတင်းများအရ ရှင်မော်ဘုရားတောင်ပေါ်၌ တောင်ပြို၍ ပိတ်မိနေသူများမှာ တောင်ပေါ်ရှိ လက်ကျန်ရိက္ခာများဖြင့် လာရောက် ကယ်ဆယ်မည့် သူများကို စောင့်ဆိုင်းနေပြီး ၎င်းတို့အား ကယ်ဆယ်ရေး ပြုလုပ်ရန် တပ်မတော်သား ၃ဝ ဦးကို အောက်ကျောက်ဝပ်ကျေးရွာမှတဆင့် စက်လှေများဖြင့် ရှင်မော်တောင်ခြေရင်းရှိ ကြက်လွှတ်ရွာသို့ ယနေ့ မနက်ပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် တောင်ပြိုကျမှု ဖြစ်ပွားနေသော ရှင်မော်တောင်လမ်းပိုင်းကို ကုန်းလမ်းခရီးဖြင့် ပိတ်မိနေသူများရှိရာအထိ ခြေကျင် သွားရောက်နေ ကြောင်း သိရသည်။

သတင်း – ဖြိုးဇင်
ဓာတ်ပုံ – ဖြိုးလတ်
EMG
