Hella Open 2019 ဂရိအင်တာနေရှင်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်တဲ့ သက်ထားသူဇာ

ဂရိနိုင်ငံSidirokastroမြို့ရှိIndoor Hall Sidirokastroတွင်ကျင်းပလျက်ရှိသည့် Hella Open 2019 ဂရိအင်တာနေရှင်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာကတော့ ဆီမီးဖိုင်နယ်အဆင့်တွင် ပြင်သစ်နိုင်ငံသူ Lenoice HUTEနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲစဉ်တွင် (၂၁-၁၆)မှတ်ဖြင့် ရှုံးနိမ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် (၁၃-၂၁)မှတ်၊(၁၇-၂၁) မှတ်ဖြင့် နှစ်ပွဲပြန်လည်အနိုင်ရရှိခဲ့ကာ နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ဗိုလ်လုပွဲစဉ်အဖြစ် သြဂုတ် ၁၁ ရက် (ဒီကနေ့) တွင် မလေးရှားနိုင်ငံမှ ကြက်တောင်မယ် KISONA Selvadurayနှင့် ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *