Agu 20 at 11:20 AM
မနေ့ကည ဝိုင်းမေးနေကြတဲ့ သုံးခွမြို့ရဲစခန်းမှ ရွာသာကြီးသို့ လူနာပို့ဆောင်ပေးခဲ့စဉ်အဖြစ်အပျက်
၁။ည ၈း၃၀ အချိန်
သုံးခွမြို့အမှတ်(၉)ရပ်ကွက် ရယကစာရေး
ဦးဇော်မြင့်မှ ကျတော်တို့ကိုအကူညီ
လာတောင်းပါတယ်။
သုံးခွမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးက
လူနာတင်ကားအကူညီတောင်းခိုင်းလို့
ဒုမြို့နယ်အုပ်ချုပ်ရေးမှုးအိမ်ကိုသွားပေးပါရန်
အကူညီလာတောင်းသဖြင့် ကျတော်တို့
No.3 ကားဖြင့် သွားရောက်ခဲ့ပါတယ်။

၂။လမ်းတစ်ဝက်ရောက်တော့ ဖုန်းဝင်လာပါတယ်
နေအိမ်ကိုမဟုတ်ပါ
မြို့နယ်ထွေအုပ်ရုံးကိုလာခဲ့ပေးပါ ပြောလို့
ထွေအုပ်ရုံးကိုကားမောင်းသွားခဲ့ပါတယ်။
၃။ထွေအုပ်ရုံးရောက်တော့ လူနာကဘယ်မှာလဲလို့
ကျတော်မေးတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက
လူနာက ရဲစခန်းထဲမှာတဲ့။
ကျတော်အံ့ဩသွားတယ်
ဖြစ်သင့်တာက ရဲစခန်းထဲကလူနာကို
ဘာလို့ရဲကမခေါ်ပဲ ထွေအုပ်ကခေါ်တာလဲပေါ့။
စခန်းထဲရောက်တော့ ရဲစခန်းထဲက ဇရပ်ထဲမှာ
လူတစ်ယောက်လှဲအိပ်နေတာတွေ့လိုက်ရတယ်။
ပုဆိုးတစ်ထည်လုံးသေးတွေရွဲလို့။

၎။အဲ့လူနာကို ရွာသာကြီးပို့ပေးဖို့
အကူညီတောင်းတော့ ကျတော်တို့လည်း
သာမာန်ကိစ္စပဲထင်ပြီးပို့ပေးမယ်ပြောပြီး
လူနာကို ကားပေါ်တင်ထားလိုက်တယ်။
၅။ရဲစခန်းကစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦးက
ကျတော့်ဆီကတာဝန်ကျရဲတစ်ယောက်
ထည့်ပေးလိုက်မယ်ပြောတော့
လိုက်ပါမယ့်တာဝန်ကျရဲဝန်ထမ်းကို
ရဲစခန်းရှေ့မှာစောင့်နေခဲ့ရတယ်။
၆။အဲ့လိုအခြေအနေထိ ဒီလူနာကိုဘာ့ကြောင့်
ရဲစခန်းမှာခေါ်ထားရပြီး ရွာသာကြီးကို
ဘာ့ကြောင့်ပို့ခိုင်းရလည်းဆိုတဲ့ပြသနာကို
ကျတော်တို့မသိခဲ့ဘူး ။
၇။တအောင့်နေ စခန်းမှုးတာဝန်ပေးထားတဲ့
ဒုတပ်ကြပ်အောင်မျိုးဦး(ခ)ကုလားလေး
အရပ်ဝတ်နဲ့ရောက်လာတယ်။
ရောက်တယ်ဆို ကျတော်တို့လည်း
ရွာသာကြီးကို သွားမယ်ပေါ့။
ဒုတပ်ကြပ်အောင်မျိုးဦးက သူလိုက်စရာမလိုဘူး
လူနာပိုင်ရှင်ပါတယ် ခင်များနားမလည်ပဲမပြောနဲ့
လူနာမငြိမ်ရင်ကျုပ်လက်ထိပ်ခက်ပြီး လိုက်ခဲ့မယ်
ဘာစာရွက်စာတမ်းမှယူစရာမလိုဘူး
ပိုင်ရှင်မဲ့မဟုတ်ဘူး အစရှိသဖြင့်
မောက်မာစွာပြောဆိုခဲ့ပါတယ်။
ရွာသာကြီးကိုလည်း မလိုက်ခဲ့သလို
ဘာစာရွက်စာတမ်းမှလည်းထည့်မပေးခဲ့ပါဘူး။

၈။ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို
ကျတော်တို့ရောက်တော့ ည ၁၀း၁၅ ။
လူနာကိုဆေးရုံမှာစတင်အပ်တဲ့အချိန်မှာ
ပြသနာကစတက်တော့တာပဲ။
လူနာရှင်ကိုဆေးရုံကမေးတယ်
လူနာရဲ့ကျန်းမာရးအခြေအနေ
အရင်ကရွာသာကြီးဆေးရုံကိုတက်ဘူးခြင်းရှိမရှိ
သက်ဆိုင်ရာဆေးရုံရဲ့ လွှဲစာပါမပါမေးပါတယ်။
လူနာရှင်က ကျမသား ရွာသာကြီးကို
တစ်ခါမှမတက်ဘူးပါဘူး
ခုရဲစခန်းက လွှတ်လို့သူတို့လိုက်လာခဲ့ရကြောင်း
လူနာအတွက်အစောင့်အနေဖြင့်လည်း
နေခဲ့လို့မရပါကြောင်း အိမ်မှာလည်း
သေရေးရှင်ရေးနာမကျန်းဖြစ်နေတဲ့သူရှိလို့
ဒီကိုမပို့ဖို့တောင်းပန်ခဲ့ပါကြောင်း ပြောပြတယ်။
၉။အဲ့မှာရွာသာကြီးက တာဝန်ကျဆရာမက
ကျတော်တို့ကိုကောပါလေရော။
ဒါရဲကေစ့် ရဲလည်းမပါ ဘာစာရွက်စာတမ်းမှ
လည်းမပါပဲ ဒီအတိုင်းလူနာကိုခေါ်လာခဲ့ရလား
ရှင်တို့ဘာအဖွဲ့အစည်းပဲဖြစ်ဖြစ်
ဒီလူနာကို ဒီအတိုင်းလက်ခံလို့မရဘူး ၊
ရှင်တို့ကရဲတွေကို မပြောပြဘူးလား
စုံနေတာပါပဲပြောလိုက်တာ။
ဒါနဲ့ ရဲစာရွက်စာတမ်းရလျင် ထားလို့ရလားလို့
မေးတော့ ရတယ် ခုလာပို့ပေးပါပြောလို့
ကျတော် သုံးခွမြို့နယ်စခန်းမှူးဆီကို
ဖုန်းဆက်ပြီး စာရွက်စာတမ်းတွေ
လာပို့ပေးဖို့အကြောင်းကြားခဲ့ပါတယ်။
စခန်းမှူးက ကျတော်ရဲတစ်ယောက်
ထည့်ပေးလိုက်တယ်လေ
သူမလိုက်သွားဘူးလားမေးတော့
စခန်းမှူးတာဝန်ပေးလိုက်တဲ့သူက
သတင်းပြန်မပို့ဘူးလား သူလိုက်စရာ
မလိုလို့ပြောပြီးနေခဲ့ကြောင်း ခုသူလည်းမပါ
စခန်းကစာရွက်စာတမ်းလည်းမပါတော့
လူနာကိုထားခဲ့လို့မရဖြစ်နေကြောင်း
ဖုန်းဆက်ခဲ့ပါတယ်။
ည ၂း၀၀ နာရီထိုးပြီးတဲ့ထိ
ကျတော်တို့ရွာသာကြီးမှာထိုင်စောင့်နေခဲ့ရတယ်
ဘယ်ရဲမှပေါ်မလာခဲ့ဘူး။
ကျတော်တို့ကိုအကူညီလှမ်းတောင်းတဲ့
ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း
ကျတော်ဖုန်းခေါ်ပါတယ် စက်ပိတ်ထားပါတယ်။
ဒီတော့ ကျတော်တို့အဖြစ်က
စခေါ်ပြီးအကူညီတောင်းကတည်းက
ဟိုလိုလို ဒီလိုလိုနဲ့ အလိမ်ခံရတယ်။
နောက်တာဝန်မဲ့တဲ့ ပြည်သူ့ရဲတစ်ယောက်ကြောင့်
အပြောခံခဲရတယ်။
စာရွက်စာတမ်းလာပို့မယ်ထင်ပြီး
ည ၂ နာရီ ထိုးပြီးတဲ့ထိ လာပို့နိုးနိုးနဲ့
ရွာသာကြီးမှာထိုင်စောင့်ခဲ့ရတယ်။
ပြောချင်တာက ကျတော်တို့က
ကိုယ့်ထမင်းကိုယ်စား လစာမရတဲ့
ပရဟိတသမားတွေပါ။
တာဝန်ရှိတဲ့သူတွေ တာဝန်ယူမှူ့ တာဝန်ခံမှူ့ မရှိ
ကိုယ့်လက်အောက်ကဝန်ထမ်းကို ကိုယ်မနိုင် ၊
အရာရှိက တာဝန်ပေးတာကို
တာဝန်မထမ်းဆောင် ပြည်သူကိုမလေးစား
ဒီလိုတာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့
ဝန်ထမ်းများကြောင့်
ကျတော်တို့ပရဟိတသမားတွေ စော်ကားခံရ
အပြောအဆိုခံခဲရ ထိုင်စောင့်နေခဲ့ရ.တယ်။
တာဝန်ရှိသူတွေရဲ့
တာဝန်ပေါ့လျော့မှူ့ ကြောင့်
စေတနာနဲ့ အလကား
လိုက်ကူညီပေးခဲ့တဲ့ ကျတော်တို့တွေ
ခုလိုကြုံတွေ့ခံ့စားရတာ တန်ရဲ့လား။
တာဝန်ရှိသူများ တာဝန်မဲ့ခဲ့တဲ့အတွက်
သက်ဆိုင်ရာဌာနအသီးသီးမှ
တာဝန်ရှိသူများသိရှိနိုင်ပါရန်နှင့်
အရေးယူပေးစေလိုပါကြောင်း
တင်ပြအပ်ပါတယ်ခင်မျာ။
မှတ်ချက်။ ။စာနှင့်လည်းတင်ပြ
တိုင်ကြားသွားမည်ဖြစ်ပါသည်။
ဟိန်းဇော်
ဥက္ကဋ္ဌ
သုံးခွမြို့နယ်လူမှုကယ်ဆယ်ရေးအသင်း
၀၉ ၄၄၉၉၃၈၆၁၁ . ၀၉ ၇၉၉၃၆၉၀၁၈