အောင်လံသို့ ဆေးကုသရန် လာရောက်သည့်မိသားစု ကတ္တရာရည်ပူဖြင့် အပက်ခံရ

အောင်လံမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှ အောင်လံဆေးရုံကြီးသို့ ဆေးကုသရန် လာ ရောက်သည့် သုံးဘီးဆိုင်ကယ်အား သြဂုတ် ၂၀ ရက်က ရေပေါ်ကျေးရွာတံတားအနီးတွင် ကတ္တရာရည်ပူဖြင့်ပက်သူ လမ်းလုပ်သားတစ် ဦးအား အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အောင်လံမြို့နယ် ဥသျှစ်ကုန်း ကျေးရွာနေ ဦးလှမြင့်စိုးသည် သြဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သမီးဖြစ်သူ မအိ ဖြူခိုင်မှာ အသက်ရှူကျပ်ပြီး နေမကောင်းသဖြင့် တစ်ရွာတည်းနေ ကိုချစ်တီးမောင်းနှင်သော သုံးဘီးဆိုင်ကယ်အားငှားရမ်းပြီး ယောက်ဖ ဖြစ်သူ ကိုအောင်ကျော်စိုး၊ ဦးမြင့်ဆွေ၊ ယောက္ခမ ဖြစ်သူ ဒေါ်ပျိုပု၊ ဇနီးဖြစ်သူ မစန်းစန်းထွေး၊ မမြစန်းရီ၊ နေမကောင်းသူ မအိဖြူခိုင်တို့အား သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါစေပြီး တရားလို ဦးလှမြင့်စိုး၊ တစ်ရွာတည်းနေ ကိုမြင့် လွင်၊ ကိုမျိုးလေးတို့မှာ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလျက် အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ ကြီးသို့ အောင်လံ-သမ္ဘူလ ကားလမ်းအတိုင်း ထွက်ခွာလာခဲ့သည်။

အောင်လံမြို့အရှေ့ဘက် ရေပေါ်ကျေးရွာ တံတားအနီး ကတ္တရာလမ်းခင်းနေသည့်နေရာ အရောက်တွင် ကတ္တရာလမ်းခင်းနေသော အလုပ်သမား ၁၅ ဦးခန့်အား မြင်တွေ့ရပြီး အလုပ်သမားတစ်ဦးက သုံးဘီးဆိုင်ကယ်ယာဉ် မောင်းအား တံတား၏ တောင်ဘက်မှသွားရန် ပြောဆိုသံကြားရပြီး သုံးဘီးဆိုင်ကယ်မှာလည်း ၎င်းတို့ပြသသည့်လမ်းအတိုင်း မောင်းနှင်ခဲ့ သည်။ တံတားအနောက်ဘက်အရောက်တွင် လမ်းလုပ်သားများအနက် အမျိုးသားတစ်ဦး က ကတ္တရာရည်ကျိုထားသည့် အပူရည်ဖြင့် လှမ်းပက်သဖြင့် သုံးဘီးပေါ်တွင် လိုက်ပါလာသူ မအိဖြူခိုင်၊ ကိုအောင်ကျော်စိုး၊ ဒေါ်ပျိုပု၊ မစန်းစန်းထွေးတို့အား ကတ္တရာရည်ပူများထိမှန် လောင်ကျွမ်းခဲ့သည်။

ကြိမ်းမောင်း

သုံးဘီးဆိုင်ကယ်မောင်းသူ ကိုချစ်တီးက ဘာကြောင့် ကတ္တရာရည်ပူနဲ့ ပက်တာလဲ ဟု မေးမြန်းရာ ၎င်းအမည်မသိအမျိုးသားက ကတ္တရာကျိုနေသောမီးဖိုအတွင်းမှ မီးစွဲလောင် နေသောထင်းစအားယူပြီး ရိုက်သတ်ပစ်မယ် ဟု ထပ်မံကြိမ်းမောင်းခဲ့သဖြင့် လမ်းခင်းရာတွင် အသုံးပြုနေသည့် ကတ္တရာရည်ပူဖြင့်ပက်ပြီး မီးစွဲလောင်နေသော ထင်းစဖြင့် ရိုက်သတ်မည် ဟု ကြိမ်းမောင်းသူ အမည်မသိအမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်း ခဲ့သည်။

ကတ္တရာရည်ပူဖြင့်ပက်ပြီး မီးစွဲလောင်နေ သော ထင်းစဖြင့် ရိုက်သတ်မည်ဟု ကြိမ်းမောင်း သူ အမည်မသိ အမျိုးသားအား ရွှေပန်းတော နယ်မြေရဲစခန်းက အမှုအမှတ် (ပ) ၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ အရ အမှုဖွင့် ထားသည်။

The Myanmar Times

Leave a Reply

Your email address will not be published. Required fields are marked *