





Unicode

၂၀၂၀ ခုနှစ် စက်တင်ဘာ လတွင် ဖွင့်လှစ်မည့် ဖလမ်းလေဆိပ် တည်ဆောက်မှု ၆၀ ရာခိုင်နှုန်း ပြီးစီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၁.၁၉ သန်းကုန်ကျမည့် ဖလမ်းလေဆိပ် တည်ေ ဆာက်မှု ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရ သည်။

ချင်းပြည်နယ်သို့ ကားလမ်းနှင့် လေကြောင်းလိုင်း နှစ်မျိုးတည်းသာ အသုံးပြု၍ သွားလာနေရသည့် အတွက် လေကြောင်းဆိုင်ရာ သွားလာမှု လွယ်ကူစေရန် ချင်းပြည်နယ် အစိုးရအဖွဲ့၏ တင်ပြတောင်း ဆိုမှုကြောင့် အ ဆိုပါ လေယာဉ်ကွင်းကို ၂၀၁၅-၂၀၁၆ ဘ ဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး လက် ရှိ တွင် ၆၀ ရာခိုင်နှုန်းပြီး စီးနေ ပြီဖြစ် ကာ ကန်ဒေါ်လာ ၁.၁၉ သန်းကုန်ကျမည်ဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ လေဆိပ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။

လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် လိုင်လင်းပီမြို့တွင် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ သန်း ကုန်ကျမည့် လေယာဉ်ကွင်းငယ်တစ်ခုကို ဖော်ဆောင်နေပြီး ၂၀၂၀ ခုနှစ် မေလတွင် လေယာဉ်စ တင်ပျံ သန်းပြေးဆွဲနိုင်မည်ဖြစ်ကာ လူ ၁၀ ယောက်စီး လေယာဉ်ငယ် ၃ စီးဖြင့် ပျံသန်းပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Myanmar_Online_News #ဖလမ်းလေဆိပ် #ချင်းပြည်နယ် #လိုင်လင်းပီမြို့

Leave a Reply

Your email address will not be published. Required fields are marked *