ကနီသစ္ေတာတြင္း ေတာင္ယာစိုက္သူတစ္ဦး က်ား ကိုက္

ယင္းမာပင္ခ႐ိုင္ ဝင္းကုန္း႐ြာ အေနာက္ဖက္ ကနီသစ္ေတာႀကိဳး ဝိုင္းအတြင္း ဇန္နဝါရီ ၁၃ ရက္ ညေန သုံးနာရီခန႔္က ယာစိုက္ခင္းလုပ္ကိုင္ေနသူ ဦးေအာင္ဆန္းဆိုသူ က်ားကိုက္သျဖင့္ မုံ႐ြာၿမိဳ႕ေဆး႐ုံႀကီးတြင္ ေဆးကုသခံေနရသည္။

ကနီၿမိဳ႕နယ္ သစ္ေတာထဲတြင္ ယာစိုက္ေနသည့္ ဦးေအာင္ဆန္း အသက္ ၄၅ ႏွစ္ ဇန္နဝါရီ ၁၃ ရက္ ညေန သုံးနာရီ ခန႔္က ယာခင္းတြင္းရွိေနစဥ္ ေခြးေဟာင္သျဖင့္ ေျပးသြား ၾကည့္ရာ ေခြးသုံးေကာင္ျဖင့္ လုံးသတ္ေနေသာ က်ားေျပာက္ တစ္ေကာင္မွာ မိမိထံေျပးလာၿပီး ခုန္အုပ္ကာ ဦးေခါင္း လက္ေမာင္းႏွင့္ လက္ေကာက္ဝတ္မ်ား ကိုက္ခဲထြက္ေျပး သြား သည္ဟု လူနာရွင့္က ေျပာသည္။

“ယာစိုက္ေနတာ ၅ ႏွစ္ရွိၿပီ၊ ယင္းမာပင္နယ္ ကြင္းစပ္႐ြာ ကပါ၊ က်ားက ေဒသအေခၚ ေခြးစားက်ားေခၚတယ္၊ အေ ကာင္ႀကီးတယ္၊ က်ားသစ္မဟုတ္ဘူး၊ သူ႔အလ်ားက က်ေတာ့အရပ္ေက်ာ္တယ္၊ ဒါးေျမႇာင္နဲ႔ ခုခံတယ္ ၊ ဓါးဒဏ္ရာေရာ ေခြးကိုက္ၿပီးနာေနေတာ့ က်ားလဲက် သြားေသးတယ္ ” ဟု ဦးေအာင္ဆန္းကေျပာသည္။

မုံ႐ြာေဆး႐ုံႀကီးသို႔ ယမန္ေန႔ည နက္ပိုင္းကေရာက္ရွိၿပီး ေဆးကုခံေနေၾကာင္း ယခင္အခါက ယခုလိုမ်ိဳး က်ားကိုက္ တာ မႀကဳံဘူးဟု လူနာရွင္မ်ားကဆိုသည္။

က်ားကိုက္မႈ ျဖစ္ပြားေ သာေနရာမွာ အေလာင္းေတာ္ကသပ အမ်ိဳသားဥယာဥ္တြင္းႏွင့္ စက္ဆက္ေနၿပီး ဥယာဥ္ တြင္း ရွိ CCTV မွတ္တမ္းမ်ားအရ က်ားသစ္မ်ား ရွိသၿပီး ဒဏ္ရာရရွိခဲ့ေသာ က်ားမွာ က်ားနာသြားသျဖင့္ ေက်း႐ြာေဒသခံ မ်ားအေနျဖင့္ သတိထားသြားလာၾကရန္ အသိေပးႏိုးေဆာ္မည္ဟု နီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသိုကိစိုးထြန္း က ေျပာ သည္။

Credit; The Voice

Unicode

ကနီသစ်တောတွင်း တောင်ယာစိုက်သူတစ်ဦး ကျား ကိုက်

ယင်းမာပင်ခရိုင် ဝင်းကုန်းရွာ အနောက်ဖက် ကနီသစ်တောကြိုး ဝိုင်းအတွင်း ဇန်နဝါရီ ၁၃ ရက် ညနေ သုံးနာရီခန့်က ယာစိုက်ခင်းလုပ်ကိုင်နေသူ ဦးအောင်ဆန်းဆိုသူ ကျားကိုက်သဖြင့် မုံရွာမြို့ဆေးရုံကြီးတွင် ဆေးကုသခံနေရသည်။

ကနီမြို့နယ် သစ်တောထဲတွင် ယာစိုက်နေသည့် ဦးအောင်ဆန်း အသက် ၄၅ နှစ် ဇန်နဝါရီ ၁၃ ရက် ညနေ သုံးနာရီ ခန့်က ယာခင်းတွင်းရှိနေစဉ် ခွေးဟောင်သဖြင့် ပြေးသွား ကြည့်ရာ ခွေးသုံးကောင်ဖြင့် လုံးသတ်နေသော ကျားပြောက် တစ်ကောင်မှာ မိမိထံပြေးလာပြီး ခုန်အုပ်ကာ ဦးခေါင်း လက်မောင်းနှင့် လက်ကောက်ဝတ်များ ကိုက်ခဲထွက်ပြေး သွား သည်ဟု လူနာရှင့်က ပြောသည်။

“ယာစိုက်နေတာ ၅ နှစ်ရှိပြီ၊ ယင်းမာပင်နယ် ကွင်းစပ်ရွာ ကပါ၊ ကျားက ဒေသအခေါ် ခွေးစားကျားခေါ်တယ်၊ အေ ကာင်ကြီးတယ်၊ ကျားသစ်မဟုတ်ဘူး၊ သူ့အလျားက ကျတော့အရပ်ကျော်တယ်၊ ဒါးမြှောင်နဲ့ ခုခံတယ် ၊ ဓါးဒဏ်ရာရော ခွေးကိုက်ပြီးနာနေတော့ ကျားလဲကျ သွားသေးတယ် ” ဟု ဦးအောင်ဆန်းကပြောသည်။

မုံရွာဆေးရုံကြီးသို့ ယမန်နေ့ည နက်ပိုင်းကရောက်ရှိပြီး ဆေးကုခံနေကြောင်း ယခင်အခါက ယခုလိုမျိုး ကျားကိုက် တာ မကြုံဘူးဟု လူနာရှင်များကဆိုသည်။

ကျားကိုက်မှု ဖြစ်ပွားေ သာနေရာမှာ အလောင်းတော်ကသပ အမျိုသားဥယာဉ်တွင်းနှင့် စက်ဆက်နေပြီး ဥယာဉ် တွင်း ရှိ CCTV မှတ်တမ်းများအရ ကျားသစ်များ ရှိသပြီး ဒဏ်ရာရရှိခဲ့သော ကျားမှာ ကျားနာသွားသ ဖြင့် ကျေးရွာဒေသခံ များအနေဖြင့် သတိထားသွားလာကြရန် အသိပေးနိုးဆော်မည်ဟု နီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုကိစိုးထွန်း က ပြော သည်။

Credit; The Voice

Leave a Reply

Your email address will not be published. Required fields are marked *