ကြၽဲ၊ ႏြားအရွင္ ျပည္ပတင္ ပို႔မႈမွ ကန္ေဒၚလာသန္း ၄၀ ေက်ာ္ရ

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႔မွ ဒီဇင္ဘာလ ၃၀ ရက္ေန႔အထိ ျပည္ပသို႔ ကြၽဲ၊ ႏြားအရွင္ တင္ပို႔ မႈမွ အေမရိကန္ေဒၚလာ ၄၂ ဒသမ ၅၄ သန္းရရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန ထံမွ သိရသည္။

ယင္းကာလအတြင္း ႏြားေကာင္ေရ ၃၀,၄၆၀ ေကာင္၊ ကြၽဲေကာင္ေရ ၁၂၈၄ ေကာင္ တင္ပို႔ထားၿပီး ႏြားတင္ပို႔မႈမွ တင္ ပို႔ေငြ အေမရိကန္ေဒၚလာ ၄၀ ဒသမ ၈၇၂ သန္းႏွင့္ ကြၽဲတင္ပို႔မႈမွ တင္ပို႔ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၆၆၉ သန္း ရရွိထားကာ စုစုေပါင္း အေမရိကန္ ေဒၚလာ ၄၂ ဒသမ ၅၄ သန္းရရွိ ထားျခင္းျဖစ္သည္။

“အရင္ ကာလတူထက္ စာရင္ေတာ့ ႏြားေရာ၊ ကြၽဲေရာနည္းေနတဲ့ အေန အထားရွိတယ္။ အရင္ႏွစ္ထက္စာရင္ ေလ်ာ့ နည္းတာေပါ့။ ေမြး/ကုဘက္ကလည္း တင္ပို႔မႈကို ျပန္စိစစ္ တာေတြရွိ လာတယ္။ အရင္တုန္းကဆို က်န္းမာေရး ေထာက္ ခံစာေတြက အမ်ားႀကီးလာတယ္။ အခုေနာက္ပိုင္းမွာ ေသခ်ာစိစစ္တဲ့ အခါက်ေတာ့ ေထာက္ခံခ်က္ေတြ နည္းလာတယ္” ဟု စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္က ေျပာၾကားသည္။

ယခုဘ႑ာႏွစ္တင္ပို႔မႈသည္ ယခင္ဘ႑ာႏွစ္ တင္ပို႔မႈထက္ အနည္းငယ္ေလ်ာ့က်သြားၿပီး ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာနက တိရစာၦန္ က်န္းမာေၾကာင္း ေထာက္ခံခ်က္မ်ားထုတ္ေပးျခင္းကို ယခင္ထက္ပိုမို စိစစ္လာေၾကာင္း ၎က ဆိုသည္။

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာနအေနႏွင့္ တိရစာၦန္က်န္းမာေရးေစာင့္ ေရွာက္ဝန္ေဆာင္ မႈလုပ္ငန္းမ်ားကို ေက်း လက္ေဒသမ်ားအထိ ေရာက္ရွိေစရန္ တိရစာၦန္က်န္းမာေရးလုပ္သားမ်ား မူဝါဒကို ေရးဆြဲႏိုင္ ခဲ့ၿပီး ရန္ကုန္ႏွင့္ မႏၲေလး ဓာတ္ခြဲခန္းမ်ားကို ႏိုင္ငံတကာ အဆင့္မီ ISO 17025:2007 လက္မွတ္ရ ဓာတ္ခြဲ ခန္းမ်ား ျဖစ္ေစရန္ အ ဆင့္ျမႇင့္ တင္ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံ GACC ႏွင့္ တိရစာၦန္က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္း စဥ္ကို လက္မွတ္ေရး ထိုးႏိုင္ရန္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ယင္းဌာနထံမွ သိရသည္။

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသို႔ မႏၲေလး-မူဆယ္ျပည္ေထာင္စုလမ္းမႀကီး တင္ပို႔ေနသည့္ ကြၽဲ၊ ႏြားကားမ်ားကို လက္နက္ ကိုင္အဖြဲ႕မ်ားမွ ပစ္ခတ္မီးရႈိ႕မႈမ်ားရွိေနၿပီး ယမန္ႏွစ္က ကားသမား ၂၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Credit; The Voice

Unicode

ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့ မှုမှ ကန်ဒေါ်လာသန်း ၄၀ ကျော်ရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ပသို့ ကျွဲ၊ နွားအရှင် တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၄ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

ယင်းကာလအတွင်း နွားကောင်ရေ ၃၀,၄၆၀ ကောင်၊ ကျွဲကောင်ရေ ၁၂၈၄ ကောင် တင်ပို့ထားပြီး နွားတင်ပို့မှုမှ တင် ပို့ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၈၇၂ သန်းနှင့် ကျွဲတင်ပို့မှုမှ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၉ သန်း ရရှိထားကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၅၄ သန်းရရှိ ထားခြင်းဖြစ်သည်။

“အရင် ကာလတူထက် စာရင်တော့ နွားရော၊ ကျွဲရောနည်းနေတဲ့ အနေ အထားရှိတယ်။ အရင်နှစ်ထက်စာရင် လျော့ နည်းတာပေါ့။ မွေး/ကုဘက်ကလည်း တင်ပို့မှုကို ပြန်စိစစ် တာတွေရှိ လာတယ်။ အရင်တုန်းကဆို ကျန်း မာ ရေး ထောက် ခံစာတွေက အများကြီးလာတယ်။ အခုနောက်ပိုင်းမှာ သေချာစိစစ်တဲ့ အခါကျတော့ ထောက် ခံ ချက်တွေ နည်းလာတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်း ဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် တင်ပို့မှုထက် အနည်းငယ်လျော့ကျသွားပြီး မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနက တိရစ္ဆာန် ကျန်းမာကြောင်း ထောက်ခံချက်များထုတ်ပေးခြင်းကို ယခင်ထက်ပိုမို စိစစ်လာကြောင်း ၎င်းက ဆိုသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့် ရှောက်ဝန်ဆောင် မှုလုပ်ငန်း များ ကို ကျေး လက်ဒေသများအထိ ရောက်ရှိစေရန် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ မူဝါဒကို ရေးဆွဲနိုင် ခဲ့ပြီး ရန်ကုန်နှင့် မန္တလေး ဓာတ်ခွဲခန်းများကို နိုင်ငံတကာ အဆင့်မီ ISO 17025:2007 လက်မှတ်ရ ဓာတ်ခွဲ ခန်း များ ဖြစ်စေရန် အ ဆင့်မြှင့် တင်ခြင်းများဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ GACC နှင့် တိရစ္ဆာန်ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်း စဉ်ကို လက်မှတ်ရေး ထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး တင်ပို့နေသည့် ကျွဲ၊ နွားကားများကို လက်နက် ကိုင်အဖွဲ့များမှ ပစ်ခတ်မီးရှို့မှုများရှိနေပြီး ယမန်နှစ်က ကားသမား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Credit; The Voice

Leave a Reply

Your email address will not be published. Required fields are marked *