ေက်ာက္မဲတြင္ ဗုံးအတုျဖင့္ က်ပ္သိန္း ၁၀၀ ၿခိမ္းေျခာက္ေတာင္း ခံမႈျဖစ္ပြား

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ ဆန္ အေရာင္းဆိုင္တစ္ဆိုင္ကို ယေန႔ ဇန္နဝါရီလ (၁၄) ရက္ေန႔ နံနက္ (၆)နာရီခြဲဝန္းက်င္က ဗုံးအတုျဖင့္ ၿခိမ္းေျခာက္ကာ က်ပ္သိန္း (၁၀၀) ေတာင္းခံမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မနက္က ဆိုင္ဖြင့္မယ္ဆိုၿပီး ဆိုင္ အေရွ႕မွာ သန႔္ရွင္းေရးလုပ္ေတာ့ ဝါယာႀကိဳးေတြ၊ တိပ္အနက္ေတြနဲ႔ ဗုံးလို႔ ထင္ရ တာတစ္ခုကို ဂ်ပ္ဖာထဲထည့္ၿပီး ၿခံေထာင့္မွာ ထားထားတာေတြ႕ရတယ္။ စာအိတ္နဲ႔ထည့္ထားတဲ့ စာတစ္ေစာင္လည္း ၿခံေရွ႕က အလွစိုက္ပန္းအိုးထဲမွာ ထားထားတယ္။ အဲဒီဂ်ပ္ဖာထဲမွာ ဝါယာႀကိဳးေတြ ဘာေတြနဲ႔ဆိုေတာ့ ေၾကာက္သြား ၿပီးေတာ့ သက္ဆိုင္ရာကို ေၾကာင္းၾကား ခဲ့တာျဖစ္ပါတယ္” ဟု ၿခိမ္းေျခာက္ ေငြေတာင္းခံရသည့္ ဆိုင္ရွင္က ေျပာၾကား ခဲ့ေၾကာင္း သိရသည္။

ဆိုင္ေရွ႕တြင္ မသကၤာဖြယ္ ဂ်ပ္ဖာအားေတြ႕ရသျဖင့္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး၊ ရဲတပ္ဖြဲ႕တို႔အား အေၾကာင္း ၾကားခဲ့ ရာ နယ္ေျမခံတပ္မေတာ္မွ ဗုံးရွင္းလင္းေရးတပ္ဖြဲ႕ျဖင့္ လာေရာက္ရွင္းလင္းေပး ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ဗုံးလို႔ ထင္ရတဲ့အရာကို တပ္မေတာ္သားေတြက ရွင္းလင္းၿပီးေတာ့ ကြၽန္မတို႔လည္း ၾကည့္ခြင့္ရတယ္။ ဖုန္းဓါတ္ ခဲေတြ၊ ပါဝါဘန႔္တစ္ခု၊ ဝါယာႀကိဳးေတြ၊ ဆားကစ္ျပားအခ်ိဳ႕နဲ႔ တိပ္ပတ္ထားတာျဖစ္ေနတယ္။ မေပါက္ကြဲေစႏိုင္ဘူးလို႔ သိရပါတယ္” ဟု ၿခိမ္းေျခာက္ေငြေတာင္း ခံရသည့္ ဆိုင္ရွင္မိသားစုက ေျပာသည္။

အဖြဲ႕အစည္း တံဆိပ္႐ိုက္ႏွိပ္ ထားျခင္း မရွိသည့္ ၿခိမ္းေျခာက္စာထဲတြင္ “မိမိတို႔အဖြဲ႕အစည္းအတြက္ ရန္ပုံေငြ က်ပ္ သိန္း (၁၀၀) အား ခ်ိန္းဆိုထားသည့္ ေနရာတြင္ လာေရာက္ ထားေပးရန္၊ နယ္ေျမအတြင္းရွိ အျခားေသာ အဖြဲ႕မ်ားက ထပ္မံေငြေတာင္းျခင္းမျပဳ ရန္အတြက္ မိမိတို႔အဖြဲ႕က ကာကြယ္ေပးသြားမည္။ သို႔မဟုတ္ပါက ေသနတ္အတိုႏွင့္ အရွည္ႀကိဳက္ ရာေ႐ြးပါ” ဟု ေရးသားထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕၊ ခိုမုန္းေက်း႐ြာ အနီးရွိ DENKO စက္သုံးဆီဆိုင္တြင္လည္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁) ရက္ေန႔က လက္လုပ္ဗုံးအတုျဖင့္ ၿခိမ္းေျခာက္ကာ က်ပ္ (၁၀)သိန္း ၿခိမ္းေျခာက္ေတာင္း ခံသူကို ရဲတပ္ဖြဲ႕က နာရီပိုင္း အတြင္း ဖမ္းဆီးရမိခဲ့သည္။

Source- Tachileik News Agency #Myanmar_Online_News

Unicode

ကျောက်မဲတွင် ဗုံးအတုဖြင့် ကျပ်သိန်း ၁၀၀ ခြိမ်း ခြောက် တောင်းခံမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဆန် အရောင်းဆိုင်တစ်ဆိုင်ကို ယနေ့ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ဗုံးအတုဖြင့် ခြိမ်းခြောက်ကာ ကျပ်သိန်း (၁၀၀) တောင်းခံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်က ဆိုင်ဖွင့်မယ်ဆိုပြီး ဆိုင် အရှေ့မှာ သန့်ရှင်းရေးလုပ်တော့ ဝါယာကြိုးတွေ၊ တိပ်အနက်တွေနဲ့ ဗုံးလို့ ထင်ရ တာတစ်ခုကို ဂျပ်ဖာထဲထည့်ပြီး ခြံထောင့်မှာ ထားထားတာတွေ့ရတယ်။ စာအိတ်နဲ့ထည့်ထားတဲ့ စာတစ် စောင်လည်း ခြံရှေ့က အလှစိုက်ပန်းအိုးထဲမှာ ထားထားတယ်။ အဲဒီဂျပ်ဖာထဲမှာ ဝါယာကြိုးတွေ ဘာတွေနဲ့ဆို တော့ ကြောက်သွား ပြီးတော့ သက်ဆိုင်ရာကို ကြောင်းကြား ခဲ့တာဖြစ်ပါတယ်” ဟု ခြိမ်းခြောက် ငွေတောင်းခံရသည့် ဆိုင်ရှင်က ပြောကြား ခဲ့ကြောင်း သိရသည်။

ဆိုင်ရှေ့တွင် မသင်္ကာဖွယ် ဂျပ်ဖာအားတွေ့ရသဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့အား အကြောင်း ကြားခဲ့ ရာ နယ်မြေခံတပ်မတော်မှ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဖြင့် လာရောက်ရှင်းလင်းပေး ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

“ဗုံးလို့ ထင်ရတဲ့အရာကို တပ်မတော်သားတွေက ရှင်းလင်းပြီးတော့ ကျွန်မတို့လည်း ကြည့်ခွင့်ရတယ်။ ဖုန်းဓါတ် ခဲတွေ၊ ပါဝါဘန့်တစ်ခု၊ ဝါယာကြိုးတွေ၊ ဆားကစ်ပြားအချို့နဲ့ တိပ်ပတ်ထားတာဖြစ်နေတယ်။ မပေါက်ကွဲစေနိုင်ဘူးလို့ သိရပါတယ်” ဟု ခြိမ်းခြောက်ငွေတောင်း ခံရသည့် ဆိုင်ရှင်မိသားစုက ပြောသည်။

အဖွဲ့အစည်း တံဆိပ်ရိုက်နှိပ် ထားခြင်း မရှိသည့် ခြိမ်းခြောက်စာထဲတွင် “မိမိတို့အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကျပ် သိန်း (၁၀၀) အား ချိန်းဆိုထားသည့် နေရာတွင် လာရောက် ထားပေးရန်၊ နယ်မြေအတွင်းရှိ အခြားသော အဖွဲ့များက ထပ်မံငွေတောင်းခြင်းမပြု ရန်အတွက် မိမိတို့အဖွဲ့က ကာကွယ်ပေးသွားမည်။ သို့မဟုတ်ပါက သေနတ် အတိုနှင့် အရှည်ကြိုက် ရာရွေးပါ” ဟု ရေးသားထားကြောင်း သိရသည်။

ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ အနီးရှိ DENKO စက်သုံးဆီဆိုင်တွင်လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့က လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ကာ ကျပ် (၁၀)သိန်း ခြိမ်းခြောက်တောင်း ခံသူကို ရဲတပ်ဖွဲ့က နာရီ ပိုင်း အတွင်း ဖမ်းဆီးရမိခဲ့သည်။

Source- Tachileik News Agency #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *