ေက်ာက္ျဖဴၿမိဳ႕တြင္ ခုနစ္ႏွစ္အ႐ြယ္ မိန္းကေလးငယ္ အား အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳ က်င့္မႈျဖစ္ပြား

ျဖစ္စဥ္မွာ ဇန္နဝါရီ ၁၀ ရက္၊ ညေန ၃ နာရီခန႔္က မိန္းကေလး ငယ္၏ မိခင္ျဖစ္သူက ျပင္ျဖဴေမာ္ရပ္ကြက္ ကူတာေမာ္ ပိတ္ဆိပ္သို႔ ငါးဝယ္ရန္ သြားေရာက္စဥ္ အိမ္နီးနားခ်င္း တံငါလုပ္ငန္း လုပ္ကိုင္ေနသည့္ အမ်ိဳးသား ႏွစ္ဦးက မိန္း ကေလးငယ္ တစ္ေယာက္တည္း သြားေနသည္ကို ျမင္ေတြ႕ကာ ဖမ္းဆီးၿပီး ႐ိုက္ႏွက္၍ ခ်ဳံပုတ္ ထဲသို႔ ေခၚေဆာင္ၿပီး အဓမၼျပဳက်င့္ခဲ့သျဖင့္ ႐ြာသားမ်ားက ကေလးမေလးအား ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ ရေၾကာင္း သိရသည္။

ယင္းႏွင့္ပတ္သက္ၿပီး ေက်ာက္ျဖဴ ၿမိဳ႕မ ရဲစခန္းမွ စခန္းမႉးက “မိခင္က ငါးသြားဝယ္တုန္းမွာ အမ်ိဳးသား ႏွစ္ေယာက္က အဓမၼျပဳက်င့္တာေပါ့၊ ကေလးကို ေဆး႐ုံပို႔ထားတယ္ ဆိုၿပီးေျပာမွ အေမက လိုက္လာတယ္။ ကေလးမွာလည္း ဒဏ္ ရာေတြ ရထားတဲ့အတြက္ အေမက တရားလိုလုပ္ တိုင္တယ္။ တရားခံကိုေတာ့ ဖမ္းထားတယ္။ အမႈဖြင့္ထားတယ္။ ႐ြာသားအခ်ိဳ႕ စခန္းေရွ႕ကို ေရာက္လာၿပီး သူ႔ကိုေတာင္းတာေပါ့၊ မခံမရပ္ႏိုင္ ျဖစ္ၿပီးေတာ့။

ကြၽန္ေတာ္ ကေတာ့ ဥပေဒအတိုင္း ေဆာင္႐ြက္သြားမွာ ျဖစ္တဲ့အတြက္ ျပန္ၾကပါလို႔ ေျပာလိုက္တယ္။ ျပန္သြားၾက တယ္။ ျပစ္မႈက်ဴးလြန္ သူေတြကေတာ့ ေပါက္ေတာၿမိဳ႕နယ္ ဖဒူေက်း႐ြာအုပ္စုမွ ေက်ာက္ျဖဴၿမိဳ႕ ျပင္ျဖဴေမာ္ရပ္ကြက္ လာေရာက္ၿပီး ေရလုပ္ငန္း လုပ္ကိုင္ေနသူ ႏိုင္မင္းထြန္း (၂၉ ႏွစ္) (ဘ) ဦးငမဲေခါင္၊ ေဇာ္မ်ိဳးေနာင္ (ခ) ေမာင္ႀကီးကေ တာ့ ႏိုင္မင္းထြန္း ထြက္ဆိုခ်က္အရ ဖမ္းရတာျဖစ္တယ္။ အမႈဖြင့္ ဖမ္းဆီးထားပါတယ္” ဟုေျပာၾကားသည္။

အဆိုပါ မိန္းကေလးငယ္တြင္ ဝဲမ်က္လုံး ပြန္းပဲ့ဒဏ္ရာတစ္ခ်က္၊ အထက္ႏႈတ္ခမ္း ဝဲဘက္ျခမ္း ေပါက္ၿပဲဒဏ္ရာ တစ္ ခ်က္၊ ယာလက္ဖဝါး ေပါက္ၿပဲဒဏ္ရာတစ္ခ်က္၊ ႏွာေခါင္းဖူးေရာင္ ညိဳမည္းဒဏ္ရာ၊ ဝဲမ်က္လုံး ဖူးေရာင္ဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ေသာေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရေၾကာင္း သိရသည္။

ထိုအမႈႏွင့္ ပတ္သက္ၿပီး ႏိုင္မင္းထြန္းႏွင့္ ေဇာ္မ်ိဳးေနာင္(ခ)ေမာင္ႀကီးတို႔ ႏွစ္ဦးအား ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၉/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၁၁၄ ျဖင့္ အမႈဖြင့္ စိစစ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ကျောက်ဖြူမြို့တွင် ခုနစ်နှစ်အရွယ် မိန်းကလေး ငယ် အား အမျိုးသားနှစ်ဦးက အဓမ္မပြု ကျင့်မှုဖြစ်ပွား

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၃ နာရီခန့်က မိန်းကလေး ငယ်၏ မိခင်ဖြစ်သူက ပြင်ဖြူမော်ရပ်ကွက် ကူတာမော် ပိတ်ဆိပ်သို့ ငါးဝယ်ရန် သွားရောက်စဉ် အိမ်နီးနားချင်း တံငါလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသား နှစ်ဦးက မိန်း ကလေးငယ် တစ်ယောက်တည်း သွားနေသည်ကို မြင်တွေ့ကာ ဖမ်းဆီးပြီး ရိုက်နှက်၍ ချုံပုတ် ထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သဖြင့် ရွာသားများက ကလေးမလေးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူ မြို့မ ရဲစခန်းမှ စခန်းမှူးက “မိခင်က ငါးသွားဝယ်တုန်းမှာ အမျိုးသား နှစ်ယောက်က အဓမ္မပြုကျင့်တာပေါ့၊ ကလေးကို ဆေးရုံပို့ထားတယ် ဆိုပြီးပြောမှ အမေက လိုက်လာတယ်။ ကလေးမှာလည်း ဒဏ် ရာတွေ ရထားတဲ့အတွက် အမေက တရားလိုလုပ် တိုင်တယ်။ တရားခံကိုတော့ ဖမ်းထားတယ်။ အမှုဖွင့်ထားတယ်။ ရွာသားအချို့ စခန်းရှေ့ကို ရောက်လာပြီး သူ့ကိုတောင်းတာပေါ့၊ မခံမရပ်နိုင် ဖြစ်ပြီးတော့။

ကျွန်တော် ကတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပြန်ကြပါလို့ ပြောလိုက်တယ်။ ပြန်သွားကြ တယ်။ ပြစ်မှုကျူးလွန် သူတွေကတော့ ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက် လာရောက်ပြီး ရေလုပ်ငန်း လုပ်ကိုင်နေသူ နိုင်မင်းထွန်း (၂၉ နှစ်) (ဘ) ဦးငမဲခေါင်၊ ဇော်မျိုးနောင် (ခ) မောင်ကြီးကေ တာ့ နိုင်မင်းထွန်း ထွက်ဆိုချက်အရ ဖမ်းရတာဖြစ်တယ်။ အမှုဖွင့် ဖမ်းဆီးထားပါတယ်” ဟုပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်တွင် ဝဲမျက်လုံး ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ အထက်နှုတ်ခမ်း ဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ တစ် ချက်၊ ယာလက်ဖဝါး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ နှာခေါင်းဖူးရောင် ညိုမည်းဒဏ်ရာ၊ ဝဲမျက်လုံး ဖူးရောင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ထိုအမှုနှင့် ပတ်သက်ပြီး နိုင်မင်းထွန်းနှင့် ဇော်မျိုးနောင်(ခ)မောင်ကြီးတို့ နှစ်ဦးအား ကျောက်ဖြူမြို့မ ရဲစခန်း တွင် (ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုဖွင့် စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *