တရားစြဲဆိုခံရသည့္ ေအာင္ႀကီး၏ေရွ ႕ေနအမႈ ေခ်ဖ်က္ သင့္၊ မသင့္လာမည့္ ႐ုံးခ်ိန္းတြင္ အမိန႔္ခ်မည္

Wisdom Hill မူႀကိဳေက်ာင္းမွ ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရားစြဲဆိုထား ေသာ ေအာင္ႀကီး၏တရားလႊတ္ ေတာ္ေရွ႕ေနေဒၚစုဒါလီေအာင္အ မႈကို ေခ်ဖ်က္ေပးရန္ မႏၲေလး တိုင္း တရားလႊတ္ေတာ္ခ်ဳပ္႐ုံးသို႔ ေလွ်ာက္ထား တင္ျပရာ လာမည့္ ႐ုံးခ်ိန္းတြင္ အမိန႔္ခ်မည္ျဖစ္သည္။

တိုင္းတရားလႊတ္ေတာ္ခ်ဳပ္ ႐ုံးတြင္ အမိန႔္ခ်မည့္႐ုံးခ်ိန္းရက္ ကို ရက္ပိုင္းအတြင္းသာ ႀကိဳတင္သိရေၾကာင္း ေရွ႕ေနေ ဒၚစုဒါလီေအာင္က ဆိုသည္။ ဇန္နဝါရီ ၇ ရက္တြင္ မႏၲ ေလးတိုင္း တရားလႊတ္ေတာ္ခ်ဳပ္ ႐ုံးသို႔ အစိုးရေရွ႕ေန ဥပေဒ အရာရွိ က အမႈကို မေခ်ဖ်က္ရန္ ေလွ်ာက္လဲခ်က္ေပး ခဲ့ေၾကာင္း ေဒၚစုဒါလီေအာင္က ဆက္လက္ ေျပာသည္။

ေအာင္ႀကီး၏ေရွ႕ေနေဒၚစု ဒါလီေအာင္ကို ေဒၚဥမၼာလႈိင္က ကေလးသူငယ္အခြင့္ အေရးမ်ား ဆိုင္ရာဥပေဒ ၁၀၁(က)(၂)ျဖင့္ အမႈဖြင့္တိုင္ၾကား ထားျခင္းျဖစ္သည္။ ဗစ္တိုးရီးယားအမႈတြင္ တ ရားလိုေရွ႕ေနအျဖစ္ ေဆာင္႐ြက္ ေနေသာ တရားလႊတ္ေတာ္ေရွ႕ ေနေဒၚ႐ြက္ႏုေအာင္ႏွင့္ စြပ္စြဲခံရ သူေအာင္ႀကီး၏ တရားလႊတ္ ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ အပါအဝင္ ဗစ္တိုးရီးယား၏ဖခင္၊ ဦးေလး၊ အေဒၚႏွင့္ယင္းအမႈကို လိုက္လံကူညီေပးေနေသာ သကၠ မိုးညိဳ(ေခၚ)ေ ဒါက္တာဝင္းကိုကို သိန္းအပါအဝင္

ခုနစ္ဦးကို ယင္း ပုဒ္မျဖင့္ ေနျပည္ေတာ္ရွိ ပတၱာ ရဲစခန္း၌ ထပ္မံအမႈဖြင့္ထား သည္။ ေဒၚဥမၼာလႈိင္ကမူ ၎၏ သားႏွစ္ ဦးနစ္နာမႈရွိ၍ အထက္ပါ ပုဂၢိဳလ္မ်ားကို တရားစြဲဆိုျခင္းျဖစ္ ေၾကာင္း ပုဗၺသီရိၿမိဳ႕နယ္တရား႐ုံး ၌ ထြက္ဆိုထားသည္။

ဗစ္တိုးရီးယား အမႈႏွင့္ပတ္ သက္၍ တရားလိုစြပ္စြဲတရားခံ ေရွ႕ေနမ်ား၊ မိသားစုဝင္မ်ား၊ ကူ ညီသူမ်ားကို တရားစြဲဆို ခဲ့ေသာ အမႈမ်ား မၿပီးျပတ္ေသးေသာ္ လည္း တရားခံ အျဖစ္ စြပ္စြဲဖမ္း ဆီးခံရသူေအာင္ႀကီးသည္ ဒီဇင္ ဘာ ၁၈ ရက္ က တရားရွင္လြတ္ ေျမာက္လာသည္။

Credit; 7 Day News Journals

Unicode

တရားစွဲဆိုခံရသည့် အောင်ကြီး၏ ရှေ့နေအမှု ချေဖျ က် သင့်၊ မသင့် လာမည့်ရုံး ချိန်းတွင် အမိန့်ချမည်

Wisdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုထား သော အောင်ကြီး၏ တရား လွှတ် တော်ရှေ့နေဒေါ်စုဒါလီအောင်အ မှုကို ချေဖျက်ပေးရန် မန္တလေး တိုင်း တရားလွှတ်တော်ချုပ်ရုံးသို့ လျှောက်ထား တင်ပြရာ လာမည့် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်သည်။

တိုင်းတရားလွှတ်တော်ချုပ် ရုံးတွင် အမိန့်ချမည့်ရုံးချိန်းရက် ကို ရက်ပိုင်းအတွင်းသာ ကြိုတင်သိရကြောင်း ရှေ့နေေ ဒါ်စုဒါလီအောင်က ဆိုသည်။ ဇန်နဝါရီ ၇ ရက်တွင် မန္တ လေးတိုင်း တရားလွှတ်တော်ချုပ် ရုံးသို့ အစိုးရရှေ့နေ ဥပဒေ အရာရှိ က အမှုကို မချေဖျက်ရန် လျှောက်လဲချက်ပေး ခဲ့ကြောင်း ဒေါ်စုဒါလီအောင်က ဆက်လက် ပြောသည်။

အောင်ကြီး၏ရှေ့နေဒေါ်စု ဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာဥပဒေ ၁၀၁(က)(၂)ဖြင့် အမှုဖွင့်တိုင်ကြား ထားခြင်းဖြစ်သည်။ ဗစ်တိုးရီးယားအမှုတွင် တ ရားလိုရှေ့နေအဖြစ် ဆောင် ရွက် နေသော တရားလွှတ်တော်ရှေ့ နေဒေါ်ရွက်နုအောင်နှင့် စွပ်စွဲခံရ သူအောင်ကြီး၏ တရားလွှတ် တော် ရှေ့ နေ ဦးခင်မောင်ဇော် အပါအဝင် ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေး၊ အဒေါ်နှင့်ယင်းအမှုကို လိုက်လံကူညီ ပေးနေ သော သက္က မိုးညို(ခေါ်)ေ ဒါက်တာဝင်းကိုကို သိန်းအပါအဝင်

ခုနစ်ဦးကို ယင်း ပုဒ်မဖြင့် နေပြည်တော်ရှိ ပတ္တာ ရဲစခန်း၌ ထပ်မံအမှုဖွင့်ထား သည်။ ဒေါ်ဥမ္မာလှိုင်ကမူ ၎င်း၏ သားနှစ် ဦးနစ်နာမှုရှိ၍ အထက်ပါ ပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်းဖြစ် ကြောင်း ပုဗ္ဗသီရိမြို့နယ် တရား ရုံး ၌ ထွက်ဆိုထားသည်။

ဗစ်တိုးရီးယား အမှုနှင့်ပတ် သက်၍ တရားလိုစွပ်စွဲတရားခံ ရှေ့နေများ၊ မိသားစုဝင်များ၊ ကူ ညီသူများကို တရား စွဲ ဆိုခဲ့သော အမှုများ မပြီးပြတ်သေးသော် လည်း တရားခံ အဖြစ် စွပ်စွဲဖမ်း ဆီးခံရသူအောင်ကြီးသည် ဒီဇင် ဘာ ၁၈ ရက် က တရားရှင်လွတ် မြောက်လာသည်။

Credit; 7 Day News Journals

Leave a Reply

Your email address will not be published. Required fields are marked *