ပုံမွန္ ကာကြယ္ေဆးထိုး အစီအစဥ္တြင္ ႐ိုတာဗိုင္းရပ္ (စ္)ကာကြယ္ေဆးကို ေဖေဖာ္ဝါရီ ၁ ရက္မွ စတင္ ထည့္ သြင္းတိုက္ေကြၽးမည္

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ပုံမွန္ကာကြယ္ေဆးထိုး အစီအစဥ္တြင္ ကာကြယ္ေဆး ၁၁ မ်ိဳးကို အသုံးျပဳ ၿပီး အသက္ ငါးႏွစ္ေအာက္ကေလးမ်ားကို ကူးစက္ေရာဂါ မ်ားေၾကာင့္ ျဖစ္ပြားေသဆုံးမႈမရွိေအာင္ ကာကြယ္ေပးေန ရာမွ ႐ိုတာဗိုင္းရပ္(စ္) ကာ ကြယ္ေဆးကို ယခုႏွစ္ေဖေဖာ္ဝါရီ ၁ ရက္မွ စတင္ ထည့္သြင္း တိုက္ေကြၽးသြား မည္ျဖစ္ေ ၾကာင္း

ဇန္နဝါရီ ၁၄ ရက္က ရန္ကုန္ၿမိဳ႕၊ Chatrium Hotel တြင္ျပဳလုပ္သည့္ က်န္းမာေရးႏွင့္အား ကစားဝန္ႀကီးဌာန ပုံမွန္ ကာ ကြယ္ေဆးထိုး /ေဆးတိုက္အစီအစဥ္တြင္ ႐ိုတာဗိုင္းရပ္(စ္) ကာကြယ္ေဆး ထည့္သြင္းမည့္အေၾကာင္း သတင္း မီဒီယာကို အသိေပးေဆြးေႏြးပြဲမွ သိရသည္။

႐ိုတာဗိုင္းရပ္ (စ္) ကာကြယ္ေဆးသည္ ပုံမွန္ကာကြယ္ေဆးထိုး အစီအစဥ္တြင္ ၁၂ မ်ိဳး ေျမာက္ထည့္သြင္းႏိုင္ေသာ ကာကြယ္ေဆးျဖစ္ေၾကာင္း သိရသည္။

“ကာကြယ္ေဆး တိုက္မယ့္ အ႐ြယ္က ႏွစ္လအ႐ြယ္မွာ ပထမအႀကိမ္ ျပင္းထန္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို ကာကြယ္ ဖို႔အတြက္ ရည္႐ြယ္ၿပီးတိုက္တာပါ။ ပါးစပ္ကေနၿပီး တိုက္ေကြၽးမယ့္ ကာကြယ္ေဆးျဖစ္ ပါတယ္။ ဒါကို ကေလး ႏွစ္လ အ႐ြယ္မွာ တစ္ႀကိမ္နဲ႔ ေလးလအ႐ြယ္မွာ တစ္ႀကိမ္ႏွစ္ႀကိမ္ တိုက္ေကြၽးမွာပါ။

ဘာလို႔လဲဆိုေတာ့ ႐ိုတာဗိုင္းရပ္(စ္)ေၾကာင့္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တဲ့ ကေလးက တစ္ႏွစ္ေအာက္ေတြ မွာျပင္းထန္ တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကာကြယ္ေဆးတိုက္ မယ့္အ႐ြယ္ကို ႏွစ္လမွာ ပထမအႀကိမ္ တိုက္ၿပီးေတာ့ ေလးလ မွာ ဒုတိယအႀကိမ္ တိုက္မွာျဖစ္တယ္။ ဒါေၾကာင့္ အ႐ြယ္အားျဖင့္ၾကည့္လိုက္ရင္ ကေလးအေရအတြက္ က ခန႔္မွန္းေျခ တစ္သိန္းေက်ာ္ေက်ာ္ ေလာက္ပဲရွိမွာပါ။

လစဥ္က်န္းမာေရးဌာနေတြမွာ ကာကြယ္ေဆး တိုက္ေနတဲ့အစီအစဥ္ေတြရွိတယ္။ လစဥ္လစဥ္ တိုက္မွာျဖစ္တဲ့ အ တြက္ တစ္ႏွစ္လုံးကေလး သန္းနဲ႔ခ်ီၿပီး တိုက္ႏိုင္မယ္လို႔ မွန္းထားပါတယ္။ တစ္ကမာၻလုံးမွာ ကာကြယ္ေဆးနဲ႔ ကာ ကြယ္ လို႔ရ တဲ့ေရာဂါ ၁၃ မ်ိဳးရွိပါတယ္။ ဒါေၾကာင့္ ဒီဟာက ၁၂ မ်ိဳးေျမာက္ ကာကြယ္ႏိုင္ေအာင္စီစဥ္ ေဆာင္႐ြက္ႏိုင္ တဲ့အတြက္ ဂုဏ္ယူရပါတယ္။

သိပ္မၾကာခင္ ၂၀၂၀ ခုႏွစ္ထဲမွာပဲ ၾသဂုတ္လ ဝန္းက်င္ေလာက္မွာ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ သားအိမ္ေခါင္း ကင္ဆာ ကာကြယ္ေဆး ကိုလည္း ထိုးေပးဖို႔ေဆာင္႐ြက္ သြားမွာပါ။ အဲဒါကိုသာ ေဆာင္႐ြက္ႏိုင္ခဲ့ရင္ ေတာ့ ၁၃ မ်ိဳးေျမာက္ ကာကြယ္ေဆးကို ကြၽန္ ေတာ္တို႔ႏိုင္ငံမွာ ထိုးႏွံေပးဖို႔အတြက္စီမံ ေဆာင္႐ြက္ေပးႏိုင္တာျဖစ္ပါတယ္” ဟု က်န္း မာေရးႏွင့္အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ကာကြယ္ေဆး အသစ္ ထည့္သြင္းထိုးႏွံျခင္းသည္ ႏိုင္ငံအတြင္း ျဖစ္ပြားေသာ ကူးစက္ေရာဂါ အေျခ အေန၊ ေသဆုံးမႈႏႈန္း၊ဘ႑ာေငြ ရရွိမႈအေျခအေန၊ အေအးလမ္းေၾကာင္းထိန္း ပစၥည္းရရွိမႈမ်ား အေပၚတြင္ မူတည္ၿပီး စဥ္းစားရေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ အသက္ငါးႏွစ္ေအာက္ ကေလး ေသဆုံးသည့္အေၾကာင္းအရင္းထဲ တြင္ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါသည္

တတိယအမ်ားဆုံး ျဖစ္ေၾကာင္းႏွင့္ ၂၀၁၄ ခုႏွစ္ မွ ၂၀၁၉ ခုႏွစ္အ တြင္းျပင္း ထန္ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါျဖင့္ ေဆး႐ုံ ႀကီးမ်ားတြင္တက္ ေရာက္ေသာ အ သက္ငါးႏွစ္ေအာက္ ကေလး လူနာမ်ားတြင္ ႐ိုတာဗိုင္းရပ္(စ္)ပိုးေတြ႕ ရွိမႈႏႈန္းမွာ ၃၈ ရာခိုင္ႏႈန္းမွ ၅၆ ရာခိုင္ႏႈန္းရွိ သည္ကို ေလ့လာေတြ႕ရွိရေၾကာင္း ႐ိုတာဗိုင္း ရပ္(စ္) ကာကြယ္ေဆးထည့္ သြင္းမည့္ အ ေၾကာင္း သတင္းမီဒီယာကို အသိေပး ေဆြး ေႏြးပြဲမွသိရသည္။

Credit; Eleven Media Group

Unicode

ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးကို ဖေဖော်ဝါရီ ၁ ရက်မှ စတင် ထည့်သွင်း တိုက်ကျွေးမည်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး ၁၁ မျိုးကို အသုံးပြု ပြီး အသက် ငါးနှစ်အောက်ကလေးများကို ကူးစက်ရောဂါ များကြောင့် ဖြစ်ပွားသေဆုံးမှုမရှိအောင် ကာကွယ်ပေးနေ ရာမှ ရိုတာဗိုင်းရပ်(စ်) ကာ ကွယ်ဆေးကို ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ စတင် ထည့်သွင်း တိုက်ကျွေးသွား မည်ဖြစ်ေ ကြာင်း

ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်မြို့၊ Chatrium Hotel တွင်ပြုလုပ်သည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပုံ မှန် ကာ ကွယ်ဆေးထိုး /ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး ထည့်သွင်းမည့်အ ကြောင်း သတင်း မီဒီယာကို အသိပေးဆွေးနွေးပွဲမှ သိရသည်။

ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၁၂ မျိုး မြောက်ထည့်သွင်းနိုင် သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

“ကာကွယ်ဆေး တိုက်မယ့် အရွယ်က နှစ်လအရွယ်မှာ ပထမအကြိမ် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ် ဖို့အတွက် ရည်ရွယ်ပြီးတိုက်တာပါ။ ပါးစပ်ကနေပြီး တိုက်ကျွေးမယ့် ကာကွယ်ဆေးဖြစ် ပါတယ်။ ဒါကို ကလေး နှစ်လ အရွယ်မှာ တစ်ကြိမ်နဲ့ လေးလအရွယ်မှာ တစ်ကြိမ်နှစ်ကြိမ် တိုက်ကျွေးမှာပါ။

ဘာလို့လဲဆိုတော့ ရိုတာဗိုင်းရပ်(စ်)ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ကလေးက တစ်နှစ်အောက်တွေ မှာပြင်းထန် တယ်။ ဒါကြောင့် ကျွန်တော်တို့ ကာကွယ်ဆေးတိုက် မယ့်အရွယ်ကို နှစ်လမှာ ပထမအကြိမ် တိုက်ပြီးတော့ လေးလ မှာ ဒုတိယအကြိမ် တိုက်မှာဖြစ်တယ်။ ဒါကြောင့် အရွယ်အားဖြင့်ကြည့်လိုက်ရင် ကလေးအရေအတွက် က ခန့်မှန်းခြေ တစ်သိန်းကျော်ကျော် လောက်ပဲရှိမှာပါ။

လစဉ်ကျန်းမာရေးဌာနတွေမှာ ကာကွယ်ဆေး တိုက်နေတဲ့အစီအစဉ်တွေရှိတယ်။ လစဉ်လစဉ် တိုက်မှာဖြစ် တဲ့ အ တွက် တစ်နှစ်လုံးကလေး သန်းနဲ့ချီပြီး တိုက်နိုင်မယ်လို့ မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ကာ ကွယ် ဆေးနဲ့ ကာ ကွယ် လို့ရ တဲ့ရောဂါ ၁၃ မျိုးရှိပါတယ်။ ဒါကြောင့် ဒီဟာက ၁၂ မျိုးမြောက် ကာကွယ်နိုင်အောင်စီ စဉ် ဆောင်ရွက်နိုင် တဲ့အတွက် ဂုဏ်ယူရပါတယ်။

သိပ်မကြာခင် ၂၀၂၀ ခုနှစ်ထဲမှာပဲ သြဂုတ်လ ဝန်းကျင်လောက်မှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သား အိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ကိုလည်း ထိုးပေးဖို့ဆောင်ရွက် သွားမှာပါ။ အဲဒါကိုသာ ဆောင်ရွက်နိုင်ခဲ့ရင် တော့ ၁၃ မျိုးမြောက် ကာကွယ်ဆေးကို ကျွန် တော်တို့နိုင်ငံမှာ ထိုးနှံပေးဖို့အတွက်စီမံ ဆောင်ရွက်ပေးနိုင် တာ ဖြစ် ပါတယ်” ဟု ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေး အသစ် ထည့်သွင်းထိုးနှံခြင်းသည် နိုင်ငံအတွင်း ဖြစ်ပွားသော ကူးစက်ရောဂါ အခြေ အနေ၊ သေဆုံးမှုနှုန်း၊ဘဏ္ဍာငွေ ရရှိမှုအခြေအနေ၊ အအေးလမ်းကြောင်းထိန်း ပစ္စည်းရရှိမှုများ အပေါ်တွင် မူတည်ပြီး စဉ်းစားရကြောင်း၊ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေး သေဆုံးသည့် အကြောင်း အရင်း ထဲ တွင် ဝမ်းပျက် ဝမ်းလျှောရောဂါသည်

တတိယအများဆုံး ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်အ တွင်းပြင်း ထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြင့် ဆေးရုံ ကြီးများတွင်တက် ရောက်သော အ သက်ငါးနှစ်အောက် ကလေး လူနာများတွင် ရိုတာဗိုင်းရပ် (စ်) ပိုးတွေ့ ရှိမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းရှိ သည်ကို လေ့လာတွေ့ရှိရကြောင်း ရိုတာဗိုင်း ရပ် (စ်) ကာကွယ်ဆေးထည့် သွင်းမည့် အ ကြောင်း သတင်းမီဒီယာကို အသိပေး ဆွေး နွေးပွဲမှသိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *