ဧရာဝတီျမစ္ေရမွာ မႏၲေလးတြင္ ေရနည္း မွတ္ေအာက္ ေရာက္သည္အထိ ျပန္လည္က် ဆင္းႏိုင္ၿပီး မႏၲေလး -ေညာင္ဦးၾကား ေရလမ္း၌ ေရေၾကာင္းက်ပ္ တည္း မႈျဖစ္ေပၚ

ဧရာဝတီျမစ္ေရမွာ မႏၲေလးတြင္ ဒီဇင္ဘာလ အတြင္းက ေရနည္းမွတ္ေအာက္ ေရာက္သည္အထိ က်ဆင္းခဲ့ၿပီး ျပန္ လည္ျမင့္တက္ခဲ့ရာ လက္ရွိတြင္ ေရနည္း မွတ္ျဖစ္ေသာ ၃၆၀ စင္တီမီတာအထက္တြင္ တည္ရွိေနေသာ္လည္း ထပ္မံ ကာ က်ဆင္းမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း အထက္ျမန္မာျပည္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရ သည္။

ျမစ္ေရအမွတ္မွာ ဇန္နဝါရီ ၁၄ ရက္ နံနက္ပိုင္း တိုင္းထြာ ခ်က္မ်ားအရ ၂၄ နာရီ အတြင္း ၁၉ စင္တီမီတာ ေလ်ာ့က်ခဲ့ၿပီး ၃၇၆ စင္တီမီတာသာ ရွိေတာ့သည့္အတြက္ ေနာက္ သုံးရက္အတြင္း ေရနည္းမွတ္ေအာက္ ေရာက္သည္အထိ ေလ်ာ့ က်ႏိုင္ေၾကာင္း ခန႔္မွန္းထုတ္ျပန္ထားသည္။

ယင္းကဲ့သို႔ ျမစ္ေရ ေလ်ာ့က် သည့္အတြက္ ျမစ္အတြင္း ေရယာဥ္မ်ားသြားလာရာတြင္ ေရစူးအနက္ မလုံေလာက္ကာ သြားလာရမႈ ခက္ခဲလ်က္ရွိၿပီး မႏၲေလးေရလမ္းတြင္ ကုန္တင္ေရယာဥ္မ်ား အဓိက သြားလာမႈ မ်ားျပားသည့္ မႏၲေလး -ေညာင္ဦးၾကား ေရလမ္း၌ ေရေၾကာင္းက်ပ္တည္းမႈ ျဖစ္ေပၚသည့္ေနရာ ငါးေနရာ ရွိေၾကာင္း ေရအရင္းျမစ္ႏွင့္ ျမစ္ေခ်ာင္း မ်ား ဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

“အခုလို ေရနည္းရာသီ ကာလမွာ ကုန္တင္ေရယာဥ္ေတြအတြက္ ကန႔္သတ္ ေရစူးမွတ္ေတြ အတိုင္း တင္ေဆာင္ဖို႔ ထုတ္ျပန္ထားပါတယ္။ ထုတ္ျပန္ထားတဲ့ ေရစူးမွတ္က ေရနည္းကာလအတြက္ ခ်ိန္ၿပီးေတာ့ ထုတ္ျပန္တာပါ။ အခု လိုေရ နည္းတဲ့အခါမွာ ေရလမ္းေၾကာင္းခက္ခဲမႈကို တင္ျပတာေတြ ရွိတယ္။ ဒီႏွစ္မွာဆိုရင္ ကုန္တင္ေရယာဥ္ ႀကီးေတြ ရဲ႕တင္ျပခ်က္အရ မႏၲေလးနဲ႔ ေညာင္ဦးၾကား ေရလမ္းမွာ ေရေၾကာင္းက်ပ္တည္းတဲ့ ေနရာ ငါးေနရာရွိတယ္။

ေနာက္ၿပီး မႏၲေလးဆိပ္ကမ္းမွာ ဆိုရင္လည္း ဆီဆိပ္ကမ္းမွာ ေရယာဥ္ေတြ ဆိုက္ကပ္ဖို႔ သြားလာဖို႔ ေရစူးမလုံေ လာက္တာေတြ ရွိတယ္။ အထက္ပိုင္း ေရလမ္းေတြ အေနနဲ႔ေတာ့ တင္ျပထားတာ မရွိဘူး။ အဓိက မႏၲေလး-ေညာင္ဦး ၾကား ေရလမ္းက ဆီတင္ေရယာဥ္ေတြ အမ်ားဆုံး ျဖတ္သန္းမႈမ်ားတဲ့ ေနရာျဖစ္တယ္”ဟု မႏၲေလးတိုင္း‌ေဒသႀကီး ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ ့ၿဖိဳးတိုးတက္ေရးဦးစီးဌာနဦးစီးမႉး ဦးေက်ာ္ျမင့္သန္း က ေျပာၾကားသည္။

ဌာနမွ ထုတ္ျပန္ထားသည့္ မႏၲေလး-ျပည္အၾကား ေရနည္းကာလ ေရစူးကန႔္သတ္ ခ်က္မွာ ငါးေပ ျဖစ္သည့္အတြက္ ကုန္တင္ေရယာဥ္မ်ားအေနျဖင့္ ေရေၾကာင္းက်ပ္တည္းကာ ေသာင္တင္မႈမ်ား မျဖစ္ေပၚရန္ ကန႔္သတ္ေရစူး မွတ္မ်ား အတိုင္း တင္ေဆာင္သြား လာသင့္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဆီတင္ေရယာဥ္မ်ား သြားလာမႈ အခက္အခဲျဖစ္ေပၚသည့္ မႏၲေလး ဆီဆိပ္ကမ္းအနီး ေရလမ္းေၾကာင္းမွာ ေရျပန႔္က်ယ္ကာ အမ်ားဆုံး ေရစူးအနက္ ေလးေပသာ ရွိသည့္အတြက္ လိုအပ္သည့္ ေရစူးအမွတ္ ေရလမ္းေၾကာင္း ရရွိရန္ ကုန္တင္ေရယာဥ္ အသင္းမွ စိုက္ထုတ္ေငြႏွင့္ ဌာနမွ နည္းပညာလုပ္ငန္းဆိုင္ရာမ်ားကို ပူးေပါင္းကာ ေရလမ္းေ ၾကာင္း ေကာင္းမြန္ရန္အတြက္ ေႏြေရကာ လုပ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ဧရာဝတီမြစ်ရေမှာ မန္တလေးတွင် ရေနည်းမှတ် အောက် ရောက်သည် အထိ ပြန်လည်ကျဆင်း နိုင်ပြီး မန္တလေး-ညောင်ဦးကြား ရေလမ်း၌ ရေကြောင်းကျပ် တည်းမှုဖြစ်ပေါ်

ဧရာဝတီမြစ်ရေမှာ မန္တလေးတွင် ဒီဇင်ဘာလ အတွင်းက ရေနည်းမှတ်အောက် ရောက်သည်အထိ ကျဆင်းခဲ့ပြီး ပြန် လည်မြင့်တက်ခဲ့ရာ လက်ရှိတွင် ရေနည်း မှတ်ဖြစ်သော ၃၆၀ စင်တီမီတာအထက်တွင် တည်ရှိနေသော်လည်း ထပ်မံ ကာ ကျဆင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။

မြစ်ရေအမှတ်မှာ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်း တိုင်းထွာ ချက်များအရ ၂၄ နာရီ အတွင်း ၁၉ စင်တီမီတာ လျော့ ကျခဲ့ ပြီး ၃၇၆ စင်တီမီတာသာ ရှိတော့သည့်အတွက် နောက် သုံးရက်အတွင်း ရေနည်းမှတ်အောက် ရောက် သည် အထိ လျော့ ကျနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မြစ်ရေ လျော့ကျ သည့်အတွက် မြစ်အတွင်း ရေယာဉ်များသွားလာရာတွင် ရေစူးအနက် မလုံလောက် ကာ သွားလာရမှု ခက်ခဲလျက်ရှိပြီး မန္တလေးရေလမ်းတွင် ကုန်တင်ရေယာဉ်များ အဓိက သွားလာမှု များပြား သည့် မန္တလေး -ညောင်ဦးကြား ရေလမ်း၌ ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်သည့်နေရာ ငါးနေရာ ရှိကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“အခုလို ရေနည်းရာသီ ကာလမှာ ကုန်တင်ရေယာဉ်တွေအတွက် ကန့်သတ် ရေစူးမှတ်တွေ အတိုင်း တင် ဆောင် ဖို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ထားတဲ့ ရေစူးမှတ်က ရေနည်းကာလအတွက် ချိန်ပြီးတော့ ထုတ်ပြန် တာပါ။ အခု လိုရေ နည်းတဲ့အခါမှာ ရေလမ်းကြောင်းခက်ခဲမှုကို တင်ပြတာတွေ ရှိတယ်။ ဒီနှစ်မှာဆိုရင် ကုန် တင်ရေယာဉ် ကြီးတွေ ရဲ့တင်ပြချက်အရ မန္တလေးနဲ့ ညောင်ဦးကြား ရေလမ်းမှာ ရေကြောင်းကျပ်တည်းတဲ့ နေရာ ငါးနေရာရှိတယ်။

နောက်ပြီး မန္တလေးဆိပ်ကမ်းမှာ ဆိုရင်လည်း ဆီဆိပ်ကမ်းမှာ ရေယာဉ်တွေ ဆိုက်ကပ်ဖို့ သွားလာဖို့ ရေစူး မလုံေ လာက်တာတွေ ရှိတယ်။ အထက်ပိုင်း ရေလမ်းတွေ အနေနဲ့တော့ တင်ပြထားတာ မရှိဘူး။ အဓိက မန္တလေး-ညောင်ဦး ကြား ရေလမ်းက ဆီတင်ရေယာဉ်တွေ အများဆုံး ဖြတ်သန်းမှုများတဲ့ နေရာဖြစ်တယ်”ဟု မန္တလေးတိုင်း‌ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးကျော်မြင့် သန်း က ပြောကြားသည်။

ဌာနမှ ထုတ်ပြန်ထားသည့် မန္တလေး-ပြည်အကြား ရေနည်းကာလ ရေစူးကန့်သတ် ချက်မှာ ငါးပေ ဖြစ်သည့် အတွက် ကုန်တင်ရေယာဉ်များအနေဖြင့် ရေကြောင်းကျပ်တည်းကာ သောင်တင်မှုများ မဖြစ်ပေါ်ရန် ကန့်သတ် ရေစူး မှတ်များ အတိုင်း တင်ဆောင်သွား လာသင့်ကြောင်း သိရသည်။

လက်ရှိတွင် ဆီတင်ရေယာဉ်များ သွားလာမှု အခက်အခဲဖြစ်ပေါ်သည့် မန္တလေး ဆီဆိပ်ကမ်းအနီး ရေလမ်း ကြောင်းမှာ ရေပြန့်ကျယ်ကာ အများဆုံး ရေစူးအနက် လေးပေသာ ရှိသည့်အတွက် လိုအပ်သည့် ရေစူးအမှတ် ရေလမ်းကြောင်း ရရှိရန် ကုန်တင်ရေယာဉ် အသင်းမှ စိုက်ထုတ်ငွေနှင့် ဌာနမှ နည်းပညာလုပ်ငန်းဆိုင်ရာ များကို ပူးပေါင်းကာ ရေလမ်းေ ကြာင်း ကောင်းမွန်ရန်အတွက် နွေရေကာ လုပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *