နာဂနစ္သစ္ကူးပြဲတြင္ အမ်ိဳးသားမ်ားသာ တီးခတ္ရ သည့္ ပန္တုံးကို အမ်ိဳးသမီးမ်ား ဝင္ေရာက္တီးခတ္

နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ လဟယ္ၿမိဳ႕ ေဘာလုံးကြင္းအတြင္း က်င္းပေနသည့္ နာဂ႐ိုးရာ ႏွစ္သစ္ကူးပြဲေတာ္ တြင္ နာဂတိုင္းရင္းသားတို႔၏ အထြဋ္အျမတ္ထား တီးခတ္ၾကသည့္ အမ်ိဳးသမီးမ်ား မတီးခတ္ရသည့္ ပန္တုံးကို ပြဲသို႔ လာေရာက္လည္ပတ္ၾကသည့္ အမ်ိဳးသမီးမ်ားမွ ဝင္ေရာက္တီးခတ္မႈမ်ား ရွိခဲ့သည္။

ယင္းသို႔ ပန္တုံးကို တီးခတ္ျခင္းကို နာဂ တိုင္းရင္းသားတို႔က မႀကိဳက္ၾကေၾကာင္း အမ်ိဳးသမီးမ်ား ပန္တုံးတီး ခတ္ျခင္း ကို ခြင့္ျပဳျခင္းမရွိေၾကာင္း ပြဲတက္ေရာက္လာသည့္ အမ်ိဳးသမီးမ်ား ဝင္ေရာက္တီးခတ္ၾကျခင္းကို နားလည္မႈတစ္ မ်ိဳးျဖင့္ မေျပာေသာ္လည္း မႀကိဳက္ၾကေၾကာင္း လဟယ္ၿမိဳ႕ နာဂ႐ိုးရာစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ဒုဥကၠဌ ဦးအံ့ေတာ္ က ေျပာသည္။

“နာဂတိုင္းရင္းသားေတြ ကေတာ့ ခြင့္ျပဳခ်က္မရွိဘူး။ ဒါေပမယ့္ အျခားတိုင္းရင္းသားေတြက လာေခါက္ရင္ေတာ့ နား လည္မႈတစ္မ်ိဳးနဲ႔ ခြင့္ျပဳထားတာရွိတယ္။မႀကိဳက္တာက ဘာလဲဆိုေတာ့ အမ်ိဳးသမီးတီးရင္ ယုတ္တယ္ဆိုတဲ့ သေဘာေတာ့ ရွိတယ္။ ဒါေပမယ့္ တျခားတိုင္းရင္းသားေတြက မသိလို႔ လာတီးတာဆိုေတာ့ ခြင့္လႊတ္လို႔ ရပါတယ္” ဟု ေျပာသည္။

နာဂ႐ိုးရာ ပန္တုံးသည္ နာဂတိုင္းရင္းသား မ်ားသာ တီးခတ္ၾကသည့္ သစ္လုံးကို အေခါင္းထြင္းကာ ကြၽဲ႐ုပ္ သို႔မဟုတ္ ဆင္႐ုပ္ ပုံသ႑ာန္ ပုံေဖာ္ထားၿပီး နာဂတိုင္းရင္းသားမ်ားသာ တီးခတ္ၾကသည့္ အေခါင္းထြင္းထား သည့္သစ္လုံးျဖစ္ သည္။

အဆိုပါ ပန္တုံးကို ေရွးယခင္ နာဂ တိုင္းရင္းသားမ်ားမွ စစ္တိုက္ထြက္ရန္ ျပင္ဆင္သည့္အခ်ိန္ စစ္ေအာင္ႏိုင္ၿပီး ျပန္ လာသည့္အခါ အိမ္သို႔တန္းမျပန္ပဲ ပန္တုံးကို တီးခတ္ၿပီးမွသာလ်င္ ေနအိမ္သို႔ျပန္ခြင့္ရွိသည္။

ယင္းအျပင္ ပန္တုံးကို ပြဲေတာ္မ်ား က်င္းပသည့္အခါ ပြဲေတာ္ေအာင္ျမင္စြာၿပီးဆုံးျခင္း အထိမ္းအမွတ္အျဖစ္ တီးခတ္ ၾက သကဲ့သို႔ ႐ြာရွိ သာေရးနာေရးမ်ားတြင္ လူသူစုေဆာင္း ရန္အတြက္ အခ်က္ေပး တီးခတ္ၾကသည္။

ပန္တုံးထားရွိသည့္ အေဆာက္အဦးကိုလည္ အႀကီးအကဲမ်ားေနထိုင္ရာ အေဆာက္အဦး အထြဋ္အျမတ္ ပစၥည္းမ်ား ထားရွိရာ အေဆာက္အဦးအျဖစ္ တည္ေဆာက္ၾကသည့္ အမိုးခြၽန္း အေဆာက္အဦးတြင္သာ ထားရွိၾကျခင္း ျဖစ္ သည္။

“နာဂမွာက အမ်ိဳးသမီးေတြက ပန္တုံးကို မတီးရတာပါဗ်။ အမ်ိဳးသမီးေတြက မသိပဲနဲ႔ တီးလိုက္တယ္ ဆိုရင္ေတာ့ အတိတ္နမိတ္ မေကာင္းတာေပါ့။ အဲ့ဒါေၾကာင့္ မသိပဲနဲ႔ တီးလိုက္ရင္ကို ကြၽန္ေတာ္တို အတြက္ အဆင္မေျပဘူး။

နာဂ႐ိုးရာႏွစ္သစ္ကူးပြဲ က်င္းပတဲ့အခါ တိုင္းမွာေတာ့ အားလုံးကို ေမတၱာရပ္ခံတယ္။ ပန္တုံး ဆိုတာ အမ်ိဳးသားေတြပဲ တီးခတ္ရတဲ့အရာ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ တီးခတ္လို႔ မရပါဘူးဆိုၿပီး ေမတၱာရပ္ခံတယ္။ အားလုံးကိုေမတၱာရပ္ ခံခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ေလးေတြကို ေလးစားလိုက္နာေပးပါလို႔ ေမတၱာရပ္ခံခ်င္ ပါ တယ္” ဟု နာဂ႐ိုးရာစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ (ဗဟို) ဥကၠဌ ဦးေအာင္ထြဋ္က ေျပာသည္။

နာဂတိုင္းရင္းသားတို႔၏ ႐ိုးရာႏွစ္ သစ္ကူးပြဲေတာ္ကို ႏွစ္စဥ္ ဇန္နဝါရီလ ၁၅ ရက္ေန႔တြင္ က်င္းပၿပီး ယခုႏွစ္တြင္ ႏွစ္ သုံးဆယ္ျပည့္ ေငြရတုပြဲအျဖစ္ နာဂ႐ိုးရာႏွစ္သစ္ကူးပြဲကို ခႏၲီးၿမိဳ႕တြင္ နာဂ႐ိုးရာစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ (ဗဟို) က ဦးေဆာင္က်င္းပေနၿပီး ႏိုင္ငံေတာ္အဆင့္ နာဂ႐ိုးရာႏွစ္ သစ္ကူးပြဲေတာ္ကို နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ လဟယ္ၿမိဳ႕တြင္ နာဂဦးစီးအဖြဲ႕မွ ဦးေဆာင္က်င္းပေနျခင္းျဖစ္ၿပီး အဆိုပါပြဲေတာ္မ်ားကို ျပည္တြင္း ျပည္ပမွ ခရီးသြား ဧည့္သည္အမ်ားအျပား လာေရာက္လည္ပတ္ၾကသည္။

Credit; The Voice

Unicode

နာဂနစ်သစ်ကူးပွဲတွင် အမျိုးသားများသာ တီးခတ်ရ သည့် ပန်တုံးကို အမျိုးသမီးများ ဝင်ရောက် တီးခတ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ဘောလုံးကွင်းအတွင်း ကျင်းပနေသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲ တော် တွင် နာဂတိုင်းရင်းသားတို့၏ အထွဋ်အမြတ်ထား တီးခတ်ကြသည့် အမျိုးသမီးများ မတီးခတ်ရသည့် ပန်တုံး ကို ပွဲသို့ လာရောက်လည်ပတ်ကြသည့် အမျိုးသမီးများမှ ဝင်ရောက်တီးခတ်မှုများ ရှိခဲ့သည်။

ယင်းသို့ ပန်တုံးကို တီးခတ်ခြင်းကို နာဂ တိုင်းရင်းသားတို့က မကြိုက်ကြကြောင်း အမျိုးသမီးများ ပန်တုံးတီး ခတ်ခြင်း ကို ခွင့်ပြုခြင်းမရှိကြောင်း ပွဲတက်ရောက်လာသည့် အမျိုးသမီးများ ဝင်ရောက်တီးခတ်ကြခြင်းကို နားလည်မှုတစ် မျိုးဖြင့် မပြောသော်လည်း မကြိုက်ကြကြောင်း လဟယ်မြို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ ဦးအံ့တော် က ပြောသည်။

“နာဂတိုင်းရင်းသားတွေ ကတော့ ခွင့်ပြုချက်မရှိဘူး။ ဒါပေမယ့် အခြားတိုင်းရင်းသားတွေက လာခေါက်ရင်တော့ နား လည်မှုတစ်မျိုးနဲ့ ခွင့်ပြုထားတာရှိတယ်။မကြိုက်တာက ဘာလဲဆိုတော့ အမျိုးသမီးတီးရင် ယုတ်တယ်ဆိုတဲ့ သဘောတော့ ရှိတယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေက မသိလို့ လာတီးတာဆိုတော့ ခွင့်လွှတ်လို့ ရပါတယ်” ဟု ပြောသည်။

နာဂရိုးရာ ပန်တုံးသည် နာဂတိုင်းရင်းသား များသာ တီးခတ်ကြသည့် သစ်လုံးကို အခေါင်းထွင်းကာ ကျွဲရုပ် သို့မဟုတ် ဆင်ရုပ် ပုံသဏ္ဍာန် ပုံဖော်ထားပြီး နာဂတိုင်းရင်းသားများသာ တီးခတ်ကြသည့် အခေါင်းထွင်းထား သည့်သစ်လုံးဖြစ် သည်။

အဆိုပါ ပန်တုံးကို ရှေးယခင် နာဂ တိုင်းရင်းသားများမှ စစ်တိုက်ထွက်ရန် ပြင်ဆင်သည့်အချိန် စစ်အောင် နိုင်ပြီး ပြန် လာသည့်အခါ အိမ်သို့တန်းမပြန်ပဲ ပန်တုံးကို တီးခတ်ပြီးမှသာလျင် နေအိမ်သို့ပြန်ခွင့်ရှိသည်။

ယင်းအပြင် ပန်တုံးကို ပွဲတော်များ ကျင်းပသည့်အခါ ပွဲတော်အောင်မြင်စွာပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် တီးခတ် ကြ သကဲ့သို့ ရွာရှိ သာရေးနာရေးများတွင် လူသူစုဆောင်း ရန်အတွက် အချက်ပေး တီးခတ်ကြသည်။

ပန်တုံးထားရှိသည့် အဆောက်အဦးကိုလည် အကြီးအကဲများနေထိုင်ရာ အဆောက်အဦး အထွဋ်အမြတ် ပစ္စည်းများ ထားရှိရာ အဆောက်အဦးအဖြစ် တည်ဆောက်ကြသည့် အမိုးချွန်း အဆောက်အဦးတွင်သာ ထားရှိကြခြင်း ဖြစ် သည်။

“နာဂမှာက အမျိုးသမီးတွေက ပန်တုံးကို မတီးရတာပါဗျ။ အမျိုးသမီးတွေက မသိပဲနဲ့ တီးလိုက်တယ် ဆိုရင်တော့ အတိတ်နမိတ် မကောင်းတာပေါ့။ အဲ့ဒါကြောင့် မသိပဲနဲ့ တီးလိုက်ရင်ကို ကျွန်တော်တို အတွက် အဆင်မပြေဘူး။

နာဂရိုးရာနှစ်သစ်ကူးပွဲ ကျင်းပတဲ့အခါ တိုင်းမှာတော့ အားလုံးကို မေတ္တာရပ်ခံတယ်။ ပန်တုံး ဆိုတာ အမျိုး သား တွေပဲ တီးခတ်ရတဲ့အရာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ တီးခတ်လို့ မရပါဘူးဆိုပြီး မေတ္တာရပ်ခံတယ်။ အား လုံး ကိုမေတ္တာရပ် ခံချင်တာကတော့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့လေးတွေကို လေးစားလိုက်နာပေး ပါလို့ မေတ္တာရပ်ခံချင် ပါ တယ်” ဟု နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဗဟို) ဥက္ကဌ ဦးအောင်ထွဋ် က ပြောသည်။

နာဂတိုင်းရင်းသားတို့၏ ရိုးရာနှစ် သစ်ကူးပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြီး ယခုနှစ် တွင် နှစ် သုံးဆယ်ပြည့် ငွေရတုပွဲအဖြစ် နာဂရိုးရာနှစ်သစ်ကူးပွဲကို ခန္တီးမြို့တွင် နာဂရိုးရာစာပေနှင့် ယဉ်ကျေး မှု ကော်မတီ (ဗဟို) က ဦးဆောင်ကျင်းပနေပြီး နိုင်ငံတော်အဆင့် နာဂရိုးရာနှစ် သစ်ကူးပွဲတော်ကို နာဂကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဦးစီးအဖွဲ့မှ ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး အဆိုပါပွဲတော်များကို ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်အများအပြား လာရောက်လည်ပတ်ကြသည်။

Credit; The Voice

Leave a Reply

Your email address will not be published. Required fields are marked *