အေျခခံပညာေက်ာင္း ဆရာမ်ား ေငြဝယ္ကြၽန္မဟုတ္ဟု တကၠသိုလ္ဆရာ မ်ားသမဂၢအဖြဲ႕ဝင္ေျပာ

အေျခခံပညာေက်ာင္းမ်ားမွေ က်ာင္းဆရာမ်ားသည္ ေငြဝယ္ကြၽန္မ်ားမဟုတ္ေၾကာင္း တကၠသိုလ္ဆရာ မ်ားသမဂၢ အဖြဲ႕ဝင္ ဆရာသန္းထိုက္ေအာင္ ကေျပာသည္။ အေျခခံပညာေက်ာင္းပိတ္ရက္ မ်ားကိုမတ္လတြင္းမပိတ္ ဘဲထားရွိ မည့္ အေပၚသတင္းစာရွင္းလင္းပြဲကို ရန္ကုန္ပညာေရးတကၠသိုလ္၊ ေက်ာင္းသားသမဂၢ႐ုံးခန္းတြင္ ဇန္နဝါရီလ ၁၄ ရက္ကက်င္းပရာ၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ကြၽန္ေတာ္တို႔ ေက်ာင္းဆရာေတြ အေနနဲ႔ေျပာခ်င္တာ ကေတာ့တစ္ ခြန္းထဲပဲရွိတယ္။ ေက်ာင္းဆရာဆိုတာ ေငြဝယ္ ကြၽန္ေတြမဟုတ္ပါဘူး။ ခိုင္းခ်င္သလိုခိုင္းမယ္။ ပိုက္ဆံေပးၿပီးခိုင္းမယ္ဆိုတဲ့ဟာက ေစာ္ကား လြန္းရာက်ပါတယ္။ ႏိုင္ငံဝန္ထမ္းဥပေဒမွာၾကည့္မယ္ဆိုလို႔ရွိရင္ ေက်ာင္းဆရာကို ၃ လခံစားခြင့္အရ ေပးထား တာျဖစ္ပါတယ္’’ ဟု တကၠသိုလ္ ဆရာမ်ားသမဂၢအဖြဲ႕ဝင္ ဆရာသန္းထိုက္ေအာင္ ကေျပာသည္။

အေျခခံပညာေက်ာင္းမ်ား ရွိအတန္းငယ္မ်ား မတ္လတြင္ဆက္လက္ဖြင့္လွစ္ထားရွိမည္ဟု ပညာေရးဝန္ႀကီးဌာနမွ ေၾကညာခဲ့သည့္အေပၚ ျမန္မာႏိုင္ငံလုံးဆိုင္ရာဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္မွ ကန႔္ကြက္ေၾကာင္းသေဘာ ထားေၾကညာ ခ်က္ထုတ္ျပန္ၿပီးေနာက္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ား ဆက္တိုက္ထြက္ေပၚလာခဲ့သည္။

“ ဆရာေတြမွာအားလပ္ ရက္ရွိတယ္။ ဒါဟာပညာေရးလိုအပ္ခ်က္အရ ေပးထားတာျဖစ္ပါတယ္။ ေႏြရာသီေ က်ာင္းပိတ္ ရက္ဆိုတာ ေက်ာင္းဆရာ(သို႔မဟုတ္) ေက်ာင္းသား၊ေက်ာင္းသူေတြ Battery တစ္ခုလိုပဲ အားျပန္သြင္းရ တဲ့သေဘာပါပဲ။ နားခ်ိန္ရွိမွသာ ပညာေရးဟာဖြံ႕ၿဖိဳးတိုးတက္မွာပါ’’ ဟု ဆရာသန္းထိုက္ေအာင္က ထပ္မံေျပာသည္။

ျမန္မာႏိုင္ငံ၌ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္၊ ဆရာ၊ဆရာမေပါင္း ၅ သိန္းနီးပါးရွိေၾကာင္း သိရသည္။

Source – AKonthi

Unicode

အခြေခံပညာ ကျောင်းဆရာများ ငွေဝယ်ကျွန် မဟုတ် ဟု တက္ကသိုလ်ဆရာများ သမဂ္ဂအဖွဲ့ဝင်ပြော

အခြေခံပညာကျောင်းများမှေ ကျာင်းဆရာများသည် ငွေဝယ်ကျွန်များမဟုတ်ကြောင်း တက္ကသိုလ်ဆရာ များ သမဂ္ဂ အဖွဲ့ဝင် ဆရာသန်းထိုက်အောင် ကပြောသည်။ အခြေခံပညာကျောင်းပိတ်ရက် များကိုမတ်လတွင်းမပိတ် ဘဲထားရှိ မည့် အပေါ်သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံး ခန်း တွင် ဇန်နဝါရီလ ၁၄ ရက်ကကျင်းပရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကျောင်းဆရာတွေ အနေနဲ့ပြောချင်တာ ကတော့တစ် ခွန်းထဲပဲရှိတယ်။ ကျောင်းဆရာဆိုတာ ငွေ ဝယ် ကျွန်တွေမဟုတ်ပါဘူး။ ခိုင်းချင်သလိုခိုင်းမယ်။ ပိုက်ဆံပေးပြီးခိုင်းမယ်ဆိုတဲ့ဟာက စော်ကား လွန်းရာ ကျပါ တယ်။ နိုင်ငံဝန်ထမ်းဥပဒေမှာကြည့်မယ်ဆိုလို့ရှိရင် ကျောင်းဆရာကို ၃ လခံစားခွင့်အရ ပေးထား တာဖြစ် ပါ တယ်’’ ဟု တက္ကသိုလ် ဆရာများသမဂ္ဂအဖွဲ့ဝင် ဆရာသန်းထိုက်အောင် ကပြောသည်။

အခြေခံပညာကျောင်းများ ရှိအတန်းငယ်များ မတ်လတွင်ဆက်လက်ဖွင့်လှစ်ထားရှိမည်ဟု ပညာရေးဝန်ကြီး ဌာနမှ ကြေညာခဲ့သည့်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်မှ ကန့်ကွက်ကြောင်းသဘော ထားကြေညာ ချက်ထုတ်ပြန်ပြီးနောက် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ဆက်တိုက်ထွက် ပေါ်လာခဲ့သည်။

“ ဆရာတွေမှာအားလပ် ရက်ရှိတယ်။ ဒါဟာပညာရေးလိုအပ်ချက်အရ ပေးထားတာဖြစ်ပါတယ်။ နွေရာသီေ ကျာင်းပိတ် ရက်ဆိုတာ ကျောင်းဆရာ(သို့မဟုတ်) ကျောင်းသား၊ကျောင်းသူတွေ Battery တစ်ခုလိုပဲ အားပြန် သွင်းရ တဲ့သဘောပါပဲ။ နားချိန်ရှိမှသာ ပညာရေးဟာဖွံ့ဖြိုးတိုးတက်မှာပါ’’ ဟု ဆရာသန်းထိုက်အောင်က ထပ်မံပြောသည်။

မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်၊ ဆရာ၊ဆရာမပေါင်း ၅ သိန်းနီးပါးရှိကြောင်း သိရသည်။

Source – AKonthi

Leave a Reply

Your email address will not be published. Required fields are marked *