ဧရာဝတီျမစ္အတြင္း တရားမဝင္ေ႐ႊတူးေဖာ္ လုပ္ငန္း မ်ားကို ဖမ္းဆီး၊ စက္ပစၥည္းမ်ားသာ ဖမ္းမိ

မႏၲေလးတိုင္းေဒသ ႀကီး သပိတ္က်င္းၿမိဳ႕နယ္အနီးရွိ ဧရာဝတီျမစ္အတြင္း လုပ္ကိုုင္ေန သည့္ တရားမဝင္ေ႐ႊ တူးေ ဖာ္ေရး လုပ္ငန္း ၁၇ ခုကို စစ္ေဆးဖမ္းဆီးခဲ့ေၾကာင္း တိုင္းေဒသႀကီးေရ အရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံံ့ ၿဖိဳးေရး ဦးစီး ဌာနၫႊန္ၾကားေရးမႉး ဦးေက်ာ္ျမင့္သန္းက ေျပာသည္။

သပိတ္က်င္းၿမိဳ႕နယ္ ေပ ေသာင္ေက်း႐ြာအနီး ဧရာဝတီ ျမစ္အတြင္း ေ႐ႊတူးေဖာ္ေနသည့္ လုပ္ငန္းမ်ားကို ဇန္နဝါရီ ၁၃ ရက္က သက္ဆိုင္ရာဌာန တာဝန္ ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအ ဖြဲ႕ျဖင့္ သြားေရာက္ဖမ္းဆီးရာ ေ႐ႊ တူးေဖာ္ေရး လုပ္ ကိုင္သည့္ စက္ ပစၥည္းမ်ားကိုသာ ဖမ္းဆီးရမိခဲ့သည္။

ဇန္နဝါရီ ၁၁ ရက္က လူမႈ ကြန္ရက္တြင္ ဧရာဝတီျမစ္အ တြင္း ေ႐ႊတူးေဖာ္ေနသည့္ လုပ္ ငန္းဓာတ္ပုံမ်ား ေပၚထြက္လာ ၿပီး ေနာက္ ႏွစ္ရက္အၾကာ၌ ဖမ္းဆီး ျခင္းျဖစ္သည္။

ျမစ္အတြင္း ေ႐ႊတူးေဖာ္ေရး လုပ္ငန္း မ်ားေၾကာင့္ ျမစ္ေၾကာင္း မ်ား ပ်က္စီးျခင္း၊ သဘာဝပတ္ ဝန္းက်င္ထိခိုက္ျခင္းႏွင့္ ေ႐ႊသတၱဳ လုပ္ငန္းမ်ားမွ ထြက္သည့္အညစ္ အေၾကးမ်ားေၾကာင့္ ေရအရည္အ ေသြးပ်က္စီးႏိုင္ေသာေၾကာင့္ သတၱဳ တြင္းဦးစီးဌာနအေနျဖင့္ ျမစ္ေၾကာင္းအတြင္း ေ႐ႊတူးေဖာ္ မႈ ခြင့္ျပဳထားျခင္းမရွိေၾကာင္း ဦးေက်ာ္ျမင့္သန္းကဆိုသည္။

‘‘တိုင္းအစိုးရက ေရျမစ္ၿဖိဳး ဥပေဒနဲ႔၊ သတၱဳတြင္းဥပေဒတို႔နဲ႔ အေရးယူဖို႔ ၫႊန္ၾကားပါတယ္’’ ဟု ဦးေက်ာ္ျမင့္သန္းက ေျပာသည္။ အဆိုပါတရားမဝင္ေ႐ႊတူး ေဖာ္မႈမ်ားကို အလုပ္အကိုင္ရွား ပါးမႈေၾကာင့္ ကိုယ္တိုင္လုပ္ကိုင္ ျခင္းျဖစ္ေ ၾကာင္း ေဒသခံမ်ားက ေျပာသည္။

တရားဝင္လုပ္ကိုင္ရန္ တစ္ ႏိုင္တစ္ပိုင္ ေ႐ႊလုပ္ကြက္ႏွင့္ အ ေသးစားလုပ္ကြက္မ်ားခ်ထား ေပးေစလိုေၾကာင္း ၎ တို႔က ေတာင္းဆိုသည္။

Credit; 7 Day News Journals

Unicode

ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူး ဖော်လုပ် ငန်းများကို ဖမ်းဆီး၊ စက်ပစ္စည်းများသာ ဖမ်းမိ

မန္တလေးတိုင်းဒေသ ကြီး သပိတ်ကျင်းမြို့နယ်အနီးရှိ ဧရာဝတီမြစ်အတွင်း လုပ်ကိုင်နေ သည့် တရားမဝင်ရွှေ တူးေ ဖာ်ရေး လုပ်ငန်း ၁၇ ခုကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီးရေ အရင်းအမြစ်နှင့် မြစ်ချောင်းများဖွံံ့ ဖြိုးရေး ဦးစီး ဌာနညွှန်ကြားရေးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

သပိတ်ကျင်းမြို့နယ် ပေ သောင်ကျေးရွာအနီး ဧရာဝတီ မြစ်အတွင်း ရွှေတူးဖော်နေသည့် လုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်က သက်ဆိုင်ရာဌာန တာဝန် ရှိသူများပါဝင်သော ပူးပေါင်းအ ဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးရာ ရွှေ တူးဖော် ရေး လုပ် ကိုင်သည့် စက် ပစ္စည်းများကိုသာ ဖမ်းဆီးရမိခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်က လူမှု ကွန်ရက်တွင် ဧရာဝတီမြစ်အ တွင်း ရွှေတူးဖော်နေသည့် လုပ် ငန်းဓာတ်ပုံများ ပေါ်ထွက်လာ ပြီး နောက် နှစ်ရက်အကြာ၌ ဖမ်းဆီး ခြင်းဖြစ်သည်။

မြစ်အတွင်း ရွှေတူးဖော်ရေး လုပ်ငန်း များကြောင့် မြစ်ကြောင်း များ ပျက်စီးခြင်း၊ သဘာဝပတ် ဝန်းကျင်ထိခိုက် ခြင်းနှင့် ရွှေသတ္တု လုပ်ငန်းများမှ ထွက်သည့်အညစ် အကြေးများကြောင့် ရေအရည်အ သွေးပျက်စီးနိုင် သော ကြောင့် သတ္တု တွင်းဦးစီးဌာနအနေဖြင့် မြစ်ကြောင်းအတွင်း ရွှေတူးဖော် မှု ခွင့်ပြုထားခြင်းမရှိကြောင်း ဦးကျော်မြင့်သန်းကဆိုသည်။

‘‘တိုင်းအစိုးရက ရေမြစ်ဖြိုး ဥပဒေနဲ့၊ သတ္တုတွင်းဥပဒေတို့နဲ့ အရေးယူဖို့ ညွှန်ကြားပါတယ်’’ ဟု ဦးကျော်မြင့် သန်းက ပြောသည်။ အဆိုပါတရားမဝင်ရွှေတူး ဖော်မှုများကို အလုပ်အကိုင်ရှား ပါးမှုကြောင့် ကိုယ်တိုင် လုပ်ကိုင် ခြင်းဖြစ်ေ ကြာင်း ဒေသခံများက ပြောသည်။

တရားဝင်လုပ်ကိုင်ရန် တစ် နိုင်တစ်ပိုင် ရွှေလုပ်ကွက်နှင့် အ သေးစားလုပ်ကွက်များချထား ပေးစေလိုကြောင်း ၎င်း တို့က တောင်းဆိုသည်။

Credit; 7 Day News Journals

Leave a Reply

Your email address will not be published. Required fields are marked *