ေနာင္မြန္ေက်း႐ြာ အနီးတြင္ အမ်ိဳးသားႏွစ္ဦး ပစ္သတ္ ခံရ

ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၲေလး- လားရႈိး- မူဆယ္ ျပည္ေထာင္စု လမ္းအပိုင္း လားရႈိးၿမိဳ႕နယ္ ေနာင္မြန္ေက်း႐ြာအနီး ဇန္နဝါရီ ၁၄ ရက္ ည ၇ နာရီ ခန္႔က လမ္းေဘးတြင္ အမည္မသိ အမ်ိဳးသားႏွစ္ဦး ပစ္သတ္ခံထားရေၾကာင္း ရဲတပ္ဖြဲ႕ ထံမွ သိရသည္။

“ည ၇ နာရီခြဲေလာက္က ေသနတ္သံ ၃ ခ်က္ၾကားတာနဲ႔ တာဝန္မႉးနဲ႔ အေနာင္မြန္ စိုက္ပ်ိဳးေရးၿခံအနီးမွာ မ်ိဳးသား ၂ ေယာက္ ေသနတ္ ပစ္ခံရၿပီး ေသဆုံးတာေတြ႕ရတယ္ ေသဆုံးသူေတြက ဘယ္သူေတြမွန္းမသိေသးလို ပစ္သြား တဲ့ သူေတြကိုလည္း မသိရေသးပါဘူး”ဟု ေနာင္မြန္နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

လားရႈိး-မႏၲေလး ျပည္ေထာင္စု လမ္းအပိုင္း သီေပါႏွင့္ ေနာင္မြန္ေက်း႐ြာ အၾကားရ ကြၽန္းေတာအပါအဝင္ လမ္းေ ဘးၿခဳံေတာ မ်ားအတြင္း မူးယစ္ေဆးပါးသုံးစြဲသူမ်ား၊ ျဖန္႔ျဖဴးေရာင္းခ်ေနသူမ်ား က်က္စားသြားလာေန သည့္အတြက္ မၾကာခဏ နယ္ေျမရွင္းလင္း လုပ္ေဆာင္ေနရေၾကာင္း၊ လက္နက္ကိုင္ေဆာင္သူမ်ားမွာလည္း အဆိုပါေက်း႐ြာ အနီး သြားလာလႈပ္ရွားမႈမ်ားရွိသျဖင့္ မူးယစ္ေဆးပါးႏွင့္ ပတ္သက္ၿပီး ျပသနာမ်ားျဖစ္ေပၚရသည္ဟုထင္ရေၾကာင္း အဆိုပါ ရဲ အရာရွိက ဆက္ေျပာသည္။

မႈခင္းျဖစ္ပြားရာ ေနရာအနီးတြင္ အမ်ိဳးသား တစ္ဦးမွာ ယာဖက္ရင္အုံ က်ည္ထိမွန္ဒဏ္ရာတစ္ခု တင္ပါးမွ ဝမ္းဗိုက္ သို႔ေဖါက္ထြက္သည့္ က်ည္ဒဏ္ရာတစ္ခုႏွင့္ ေသဆုံးေနၿပီး က်န္တစ္ဦးမွာလည္း ေနာက္ေစ့မွ က်ည္ေဖါက္ဝင္ၿပီး နဖူး မွေဖါက္ထြက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း၊ ၄င္းတို႔ ၂ ဦးစလုံးမေသဆုံးမီ ဦးေခါင္းႏွင့္ မ်က္ႏွာမ်ားတြင္ ႐ိုက္ႏွက္ ခံရ သည့္ဒဏ္ရာမ်ားေတြ႕ရၿပီး ၉-မမ ပစၥတိုက်ည္အခြံ ၃ ခု သိမ္းဆည္းရမိသည္ဟု ရဲတပ္ဖြဲ႕က ေျပာဆိုသည္။

ျပည္ေထာင္စုလမ္းေဘးရွိ သီေပါၿမိဳ႕နယ္ ကုံးမုံေက်း႐ြာ အနီးေတာင္ယာတဲအတြင္း ဇန္နဝါရီလ ၁၁ ရက္ေန႔က အမ်ိဳး သား၂ ဦး ေသနတ္ပစ္ခံရသျဖင့္ ေသဆုံးခဲ့ရၿပီး ဒီဇင္ဘာလ ၂၈ ရက္ေန႔ကလည္း ျပည္ေထာင္စု လမ္းေဘးကြၽန္းေတာ အနီးတြင္ အမ်ိဳးသား ၃ ဦး ေသနတ္ပစ္ခံရၿပီး ေသဆုံးမႈျဖစ္ေပၚခဲ့ရာ ၁၈ ရက္ တြင္း အမ်ိဳးသား ၇ ဦး ပစ္သတ္ခံခဲ့ ရ သည္။

Credit; The Voice

Unicode

နောင်မွန်ကျေးရွာ အနီးတွင် အမျိုးသားနှစ်ဦး ပစ် သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းအပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီ ခန့်က လမ်းဘေးတွင် အမည်မသိ အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

“ည ၇ နာရီခွဲလောက်က သေနတ်သံ ၃ ချက်ကြားတာနဲ့ တာဝန်မှူးနဲ့ အနောင်မွန် စိုက်ပျိုးရေးခြံအနီးမှာ မျိုးသား ၂ ယောက် သေနတ် ပစ်ခံရပြီး သေဆုံးတာတွေ့ရတယ် သေဆုံးသူတွေက ဘယ်သူတွေမှန်းမသိသေးလို ပစ်သွား တဲ့ သူတွေကိုလည်း မသိရသေးပါဘူး”ဟု နောင်မွန်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းအပိုင်း သီပေါနှင့် နောင်မွန်ကျေးရွာ အကြားရ ကျွန်းတောအပါအဝင် လမ်းေ ဘးခြုံတော များအတွင်း မူးယစ်ဆေးပါးသုံးစွဲသူများ၊ ဖြန့်ဖြူးရောင်းချနေသူများ ကျက်စားသွားလာနေ သည့် အ တွက် မကြာခဏ နယ်မြေရှင်းလင်း လုပ်ဆောင်နေရကြောင်း၊ လက်နက်ကိုင်ဆောင်သူများမှာလည်း အဆိုပါကျေးရွာ အနီး သွားလာလှုပ်ရှားမှုများရှိသဖြင့် မူးယစ်ဆေးပါးနှင့် ပတ်သက်ပြီး ပြသနာများဖြစ်ပေါ် ရသည်ဟုထင်ရကြောင်း အဆိုပါ ရဲ အရာရှိက ဆက်ပြောသည်။

မှုခင်းဖြစ်ပွားရာ နေရာအနီးတွင် အမျိုးသား တစ်ဦးမှာ ယာဖက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာတစ်ခု တင်ပါးမှ ဝမ်းဗိုက် သို့ဖေါက်ထွက်သည့် ကျည်ဒဏ်ရာတစ်ခုနှင့် သေဆုံးနေပြီး ကျန်တစ်ဦးမှာလည်း နောက်စေ့မှ ကျည်ဖေါက်ဝင်ပြီး နဖူး မှဖေါက်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ၎င်းတို့ ၂ ဦးစလုံးမသေဆုံးမီ ဦးခေါင်း နှင့် မျက်နှာများတွင် ရိုက်နှက် ခံရ သည့်ဒဏ်ရာများတွေ့ရပြီး ၉-မမ ပစ္စတိုကျည်အခွံ ၃ ခု သိမ်း ဆည်းရမိသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

ပြည်ထောင်စုလမ်းဘေးရှိ သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတောင်ယာတဲအတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုး သား၂ ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံးခဲ့ရပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ပြည်ထောင်စု လမ်းဘေး ကျွန်းတော အနီးတွင် အမျိုးသား ၃ ဦး သေနတ်ပစ်ခံရပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ရာ ၁၈ ရက် တွင်း အမျိုးသား ၇ ဦး ပစ်သတ်ခံခဲ့ ရ သည်။

Credit; The Voice

Leave a Reply

Your email address will not be published. Required fields are marked *