ပုဇြန္ေတာင္တြင္ အက္ဆစ္ႏွင့္ အရက္ မွားေသာက္မိ သည့္အမ်ိဳးသား ေသဆုံး

ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၂) ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းရွိ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းတြင္ ဇန္နဝါရီ ၁၉ ရက္ နံနက္ပိုင္းက အက္ဆစ္ႏွင့္ အရက္ မွားေသာက္မိသည့္ အမ်ိဳးသားတစ္ဦးမွာ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရ သည္။

ေသဆုံးသူ အသက္ ၅၅ ႏွစ္ အမ်ိဳးသားမွာ ဘုန္းႀကီးေက်ာင္းမွ ကပၸိယျဖစ္ၿပီး အရက္အလြန္အကြၽံေသာက္ စားတတ္ သူျဖစ္ကာ ဇန္နဝါရီ ၁၈ ရက္ေန႔က ေရသန႔္ဘူးခြံအတြင္းရွိ ဘတၳရီအိုးထဲထည့္သည့္ အက္ဆစ္ေပ်ာ့ကို အရက္ဟု ထင္မွတ္ကာ မွားေသာက္မိခဲ့ေၾကာင္း ယင္းဘုန္းႀကီးေက်ာင္းတြင္ ၎ႏွင့္အတူ ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးက ျမင္ေတြ႕ခဲ့သည္။

အဆိုပါ အက္ဆစ္ႏွင့္ အရက္ႏွင့္ မွားေသာက္မိသည့္ အမ်ိဳးသားမွာ ဇန္နဝါရီ ၁၉ ရက္ နံနက္ပိုင္းတြင္ ေသဆုံးခဲ့ေသာေ ၾကာင့္ ႐ုပ္အေလာင္းကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔အပ္ခဲ့ၿပီး

ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ သိရွိရန္ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၂၀ ျဖင့္ ေရးဖြင့္ စစ္ေဆးေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

Credit; The Voice

Unicode

ပုဇွန်တောင်တွင် အက်ဆစ်နှင့် အရက် မှား သောက်မိသည့် အမျိုးသား သေဆုံး

ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက အက်ဆစ်နှင့် အရက် မှားသောက်မိသည့် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရ သည်။

သေဆုံးသူ အသက် ၅၅ နှစ် အမျိုးသားမှာ ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်ပြီး အရက်အလွန်အကျွံသောက် စားတတ် သူဖြစ်ကာ ဇန်နဝါရီ ၁၈ ရက်နေ့က ရေသန့်ဘူးခွံအတွင်းရှိ ဘတ္ထရီအိုးထဲထည့်သည့် အက်ဆစ်ပျော့ ကို အရက်ဟု ထင်မှတ်ကာ မှားသောက်မိခဲ့ကြောင်း ယင်းဘုန်းကြီးကျောင်းတွင် ၎င်းနှင့်အတူ နေထိုင် သည့် အမျိုးသားတစ်ဦးက မြင်တွေ့ခဲ့သည်။

အဆိုပါ အက်ဆစ်နှင့် အရက်နှင့် မှားသောက်မိသည့် အမျိုးသားမှာ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေ ဆုံးခဲ့ သောေ ကြာင့် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး

ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန် သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၀ ဖြင့် ရေးဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Credit; The Voice

Leave a Reply

Your email address will not be published. Required fields are marked *