ရန္ကုန္မိုးပ်ံအျမန္ ကားလမ္းစီမံကိန္း ဇူလိုင္အတြင္း စတင္ေဆာက္ လုပ္မည္

ရန္ကုန္မိုးပ်ံအျမန္ကား လမ္းကို ယခုႏွစ္ဇူလိုင္တြင္ စတင္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီး ဌာနမွ တာဝန္ရွိသူႏွင့္ လႊတ္ေတာ္ အမတ္တို႔က ေျပာသည္။

စီမံကိန္းစတင္ရန္ႏွင့္ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားကို အစိုးရက ဇန္နဝါရီ ၁၈ ရက္၌ အသိေပးရွင္းျပ သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ေျပာသည္။

ရွင္းျပရာတြင္ လုပ္ကိုင္ခြင့္ ရရွိရန္ အရည္အခ်င္းေအာင္ျမင္ ထားသည့္ လုပ္ငန္းစု ၁၀ ခုက လာမည့္မတ္လတြင္ စီမံ ကိန္းရင္း ႏွီးျမႇဳပ္ႏွံမႈအဆိုျပဳလႊာ တင္ျပရ မည္ျဖစ္သည္။ ၎တို႔အနက္ လုပ္ကိုင္ခြင့္ရ ကုမၸဏီတစ္ခုကို ဧၿပီတြင္ ေ႐ြး ခ်ယ္မည္ဟုေဆာက္ လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီး ဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးၾကည္ေဇာ္ျမင့္က ေျပာသည္။

ထိုကုမၸဏီသည္ ဇူလိုင္လ ကုန္တြင္ လုပ္ငန္းစတင္ရမည္ဟု ၎ကဆိုသည္။ ‘‘ျဖတ္သြားတဲ့ ၿမိဳ႕နယ္ရွစ္ခု က သက္ ဆိုင္ တဲ့လႊတ္ေတာ္ကိုယ္ စားလွယ္ေတြကို စီမံကိန္းအ ေၾကာင္း ရွင္းျပတာပါ’’ ဟု ဦး ၾကည္ေဇာ္ျမင့္က ေျပာသည္။

ထိုစီမံကိန္းအတြက္ အမွား အယြင္းမရွိရန္ႏွင့္ ရလဒ္ေကာင္း မ်ားထြက္ေပၚလာရန္ ေဆာင္႐ြက္ ေနေၾကာင္း ရန္ကုန္ တိုင္းလွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္ သြယ္ေရးဝန္ႀကီးေဒၚနီလာေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနတို႔က လာ ေရာက္ရွင္းျပျခင္းျဖစ္သည္ဟု မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တိုင္း ေဒသႀကီး လႊတ္ေတာ္ ကိုယ္စား လွယ္ဦးရန္ေအာင္က ေျပာ သည္။

‘‘ဇူလိုင္လမွာ လုပ္ငန္းစ ေတာ့မယ္ဆိုတာေျပာတယ္။ ဘာ ေၾကာင့္ လုပ္ငန္းေတြၾကန႔္ၾကာရ တယ္ဆိုတာလည္း ရွင္းျပ ပါ တယ္’’ ဟု ဦးရန္ေအာင္က ေျပာသည္။ ရန္ကုန္မိုးပ်ံအျမန္ကား လမ္းတြင္ အပိုင္းႏွစ္ပိုင္း ပါဝင္ၿပီး အပိုင္း(၁)ကို ဦးစြာ အေကာင္ အထည္ေဖာ္မည္ျဖစ္သည္။ စီမံ ကိန္းတစ္ခု လုံးသည္ ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင္ေက်ာ္) ရွိၿပီး အေရွ႕ ဘက္ျခမ္း အပိုင္း(၁)သည္ ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင္ေက်ာ္) ႏွင့္ အေနာက္ျခမ္းအပိုင္း (၂) သည္ ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင္ေက်ာ္) ရွိသည္။

အပိုင္း(၁)သည္ အထက္ ပုဇြန္ေတာင္လမ္းမွ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္း၊ ခေရပင္လမ္း တို႔ကို ျဖတ္သန္း၍ ေအာက္ မဂၤလာဒုံလမ္းဆုံအထိျဖစ္သည္။ စီမံကိန္းႏွင့္ မလြတ္ကင္း သည့္ ၿခံဝင္းအခ်ိဳ႕ရွိျပီး ယင္းကို ညႇိႏႈိင္းေျဖရွင္း ရန္ရွိသည္ ဟု ဦးရန္ေအာင္က ဆိုသည္။

ထိုစီမံကိန္းအပိုင္း(၁)အဆို ျပဳလႊာကို ႏိုင္ငံတကာမွ နာမည္ ေက်ာ္ေဆာက္လုပ္ေရး ကုမၸဏီ မ်ားပါဝင္ေသာ လုပ္ငန္းစု ၁၂ ခု က တင္သြင္းခဲ့သည္။ ၎တို႔ သည္ ျပင္သစ္ VINCI Highways ကုမၸဏီ၊ ကိုရီးယားကုမၸဏီခုနစ္ခု စုေပါင္းထား သည့္ ကိုရီးယားလုပ္ ငန္းစု၊ တ႐ုတ္ CCCC ကုမၸဏီ၊ ဂ်ပန္ JFEE ႏွင့္ Marubeni တို႔ ပူးေပါင္းထားသည့္ လုပ္ငန္းစု၊ ထိုင္း Bangkok Expressway ၊ ဂ်ပန္ Sumitomo, IHI ႏွင့္ ျမန္မာေ႐ႊေတာင္ကုမၸဏီတို႔ ပူးေပါင္း သည့္လုပ္ငန္းစု၊

တ႐ုတ္ CRIGCDL လုပ္ငန္းစု၊ တ႐ုတ္ Shang -hai Pengxin ႏွင့္ ျပည္တြင္းမွ လိုင္စင္ရကန္ထ႐ိုက္တာ အသင္း ေပါင္းထားသည့္ လုပ္ငန္းစု၊ ဖိ လစ္ပိုင္ Metro Pacific Tollways ေကာ္ပိုေရးရွင္း၊ တ႐ုတ္ CGGC ႏွင့္ GGG လုပ္ငန္း စု၊ အီတာလ်ံ- ထိုင္းကုမၸဏီႏွင့္ တ႐ုတ္ကုမၸဏီ ေပါင္းထားသည့္ လုပ္ငန္းစု၊ တ ႐ုတ္-ျမန္မာေပါင္းထားသည့္ Denso-CSCEC လုပ္ငန္းစု၊ တ ႐ုတ္ Power Construction ေကာ္ပိုေရးရွင္း တို႔ျဖစ္သည္။

လက္ရွိတြင္ ထိုလုပ္ငန္း ၁၂ ခုအနက္ ႏွစ္ခုသည္ ဝန္ႀကီးဌာန သို႔ မဆက္သြယ္ေတာ့ ၍ စုစု ေပါင္းလုပ္ငန္းစု ၁၀ ခု က်န္ရွိေနသည္။

Credit; 7 Day News Journal

Unicode

ရန်ကုန်မိုးပျံအ မြန်ကားလမ်းစီမံကိန်း ဇူလိုင်အတွင်း စတင်ဆောက် လုပ်မည်

ရန်ကုန်မိုးပျံအမြန်ကား လမ်းကို ယခုနှစ်ဇူလိုင်တွင် စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူနှင့် လွှတ်တော် အမတ်တို့က ပြောသည်။

စီမံကိန်းစတင်ရန်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များကို အစိုးရက ဇန်နဝါရီ ၁၈ ရက်၌ အသိပေးရှင်းပြ သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

ရှင်းပြရာတွင် လုပ်ကိုင်ခွင့် ရရှိရန် အရည်အချင်းအောင်မြင် ထားသည့် လုပ်ငန်းစု ၁၀ ခုက လာမည့်မတ်လ တွင် စီမံ ကိန်းရင်း နှီးမြှုပ်နှံမှုအဆိုပြုလွှာ တင်ပြရ မည်ဖြစ်သည်။ ၎င်းတို့အနက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ တစ်ခုကို ဧပြီတွင် ရွေး ချယ်မည်ဟုဆောက် လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က ပြောသည်။

ထိုကုမ္ပဏီသည် ဇူလိုင်လ ကုန်တွင် လုပ်ငန်းစတင်ရမည်ဟု ၎င်းကဆိုသည်။ ‘‘ဖြတ်သွားတဲ့ မြို့နယ်ရှစ်ခု က သက် ဆိုင် တဲ့လွှတ်တော်ကိုယ် စားလှယ်တွေကို စီမံကိန်းအ ကြောင်း ရှင်းပြတာပါ’’ ဟု ဦး ကြည်ဇော်မြင့်က ပြောသည်။

ထိုစီမံကိန်းအတွက် အမှား အယွင်းမရှိရန်နှင့် ရလဒ်ကောင်း များထွက်ပေါ်လာရန် ဆောင်ရွက် နေကြောင်း ရန်ကုန် တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် နှင့် ဆောက် လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတို့က လာ ရောက်ရှင်းပြခြင်းဖြစ်သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ်ဦးရန်အောင်က ပြောသည်။

‘‘ဇူလိုင်လမှာ လုပ်ငန်းစ တော့မယ်ဆိုတာပြောတယ်။ ဘာ ကြောင့် လုပ်ငန်းတွေကြန့်ကြာရ တယ်ဆိုတာလည်း ရှင်းပြ ပါ တယ်’’ ဟု ဦးရန်အောင်က ပြောသည်။ ရန်ကုန်မိုးပျံအမြန်ကား လမ်းတွင် အပိုင်းနှစ်ပိုင်း ပါဝင်ပြီး အ ပိုင်း (၁)ကို ဦးစွာ အကောင် အထည်ဖော်မည်ဖြစ်သည်။ စီမံ ကိန်းတစ်ခု လုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ ဘက်ခြမ်း အပိုင်း(၁)သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်း အပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိသည်။

အပိုင်း(၁)သည် အထက် ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်း တို့ကို ဖြတ်သန်း ၍ အောက် မင်္ဂလာဒုံလမ်းဆုံအထိဖြစ်သည်။ စီမံကိန်းနှင့် မလွတ်ကင်း သည့် ခြံဝင်းအချို့ရှိပြီး ယင်းကို ညှိ နှိုင်းဖြေရှင်း ရန်ရှိသည် ဟု ဦးရန်အောင်က ဆိုသည်။

ထိုစီမံကိန်းအပိုင်း(၁)အဆို ပြုလွှာကို နိုင်ငံတကာမှ နာမည် ကျော်ဆောက်လုပ်ရေး ကုမ္ပဏီ များပါဝင်သော လုပ်ငန်းစု ၁၂ ခု က တင်သွင်းခဲ့သည်။ ၎င်းတို့ သည် ပြင်သစ် VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီ ခုနစ်ခု စုပေါင်းထား သည့် ကိုရီးယားလုပ် ငန်းစု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူး ပေါင်း ထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway ၊ ဂျပန် Sumitomo, IHI နှင့် မြန်မာရွှေတောင် ကုမ္ပဏီတို့ ပူးပေါင်း သည့်လုပ်ငန်းစု၊

တရုတ် CRIGCDL လုပ်ငန်းစု၊ တရုတ် Shang -hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာ အ သင်း ပေါင်းထားသည့် လုပ်ငန်းစု၊ ဖိ လစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်း စု၊ အီတာလျံ- ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တ ရုတ်-မြန်မာ ပေါင်း ထားသည့် Denso-CSCEC လုပ်ငန်းစု၊ တ ရုတ် Power Construction ကော်ပိုရေးရှင်း တို့ဖြစ်သည်။

လက်ရှိတွင် ထိုလုပ်ငန်း ၁၂ ခုအနက် နှစ်ခုသည်ဝန်ကြီးဌာန သို့မဆက်သွယ်တော့ ၍ စုစု ပေါင်းလုပ်ငန်းစု ၁၀ ခု ကျန်ရှိနေသည်။

Credit; 7 Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *