အဂၤလိပ္ေခတ္က တည္ေဆာက္ ခဲ့သည့္ ႏွစ္ေပါင္း ၁၀၀ နီးပါးသက္တမ္းရွိ သရက္ၿမိဳ႕ အ.ထ.က (၁)ေက်ာင္းရွိ ေက်ာင္းေဆာင္ႏွစ္ခု ပ်က္စီးယိုယြင္းေနမႈကို ေရွးမူမ ပ်က္ ျပဳျပင္ထိန္းသိမ္း သြားမည္

အဂၤလိပ္ေခတ္က တည္ေဆာက္ ခဲ့သည့္ ႏွစ္ေပါင္း ၁၀၀ နီးပါး သက္တမ္းရွိ သရက္ၿမိဳ႕ အ.ထ.က (၁)ေက်ာင္းရွိ ေက်ာင္းေဆာင္ႏွစ္ခု ပ်က္စီးယိုယြင္းေနမႈကို ေရွးမူမပ်က္ျပဳျပင္ ထိန္းသိမ္းသြား မည္ျဖစ္ေၾကာင္း သိရသည္။

အဂၤလိပ္ေခတ္ ကတည္းက စာသင္ေက်ာင္းအျဖစ္ အသုံးျပဳခဲ့ေသာ သရက္ၿမိဳ႕ အထက (၁) ေက်ာင္းရွိ စာသင္ေဆာင္ အခ်ိဳ႕မွာ ပ်က္စီးယိုယြင္းမႈမ်ား ျဖစ္ေပၚေန၍ အစိုးရက စာသင္ေဆာင္ တစ္ခုျပဳျပင္မြမ္းမံရန္ က်ပ္ သိန္း ၁၅၀ ႏႈန္းႏွင့္ က်ပ္သိန္း ၃၀၀ ခ်ထားေပးၿပီး ေက်ာင္းေဆာင္မ်ားအား ေရွးမူမပ်က္ထိန္း သိမ္းျပဳျပင္မႈ လုပ္ေဆာင္သြားမည္ဟု သရက္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္မိုးေအာင္က ေျပာၾကားသည္။

“ေက်ာင္းေဆာင္ေတြက ျပင္ထိန္းအေနနဲ႔ ေက်ာင္းေဆာင္ တစ္ခုကို သိန္း ၁၅၀ ခ်ထားေပးတာပါ။ ဒီေက်ာင္းႀကီးက အဂၤလိပ္ေခတ္ ကတည္းက ေက်ာင္းေပါ့။ ႏွစ္ေပါင္း ၁၀၀ နီး ပါးရွိၿပီေပါ့။ အခုျပဳျပင္မြမ္းမံမႈ လုပ္မယ့္ အေဆာင္ေတြက ဧရာေဆာင္နဲ႔ စစ္ေတာင္း ေဆာင္ပါ။ ဧရာေဆာင္က မ်က္ႏွာၾကက္ေတြ မေကာင္းလို႔ ျပဳျပင္ရမွာေပါ့။

ဒီအေဆာင္ေတြကို ျပဳျပင္ရာမွာလည္း ေရွးမူမပ်က္ဖို႔ ရပ္မိရပ္ဖေတြ ဌာနဆိုင္ရာေတြနဲ႔ ညႇိႏႈိင္းေဆာင္ ႐ြက္သြားမွာပါ” ဟု ဦးေဇာ္မိုးေအာင္က ဆိုသည္။

သရက္ၿမိဳ႕ အထက(၁) ေက်ာင္းရွိ ဧရာေဆာင္သည္ ၿပီးခဲ့သည့္ႏွစ္ ဇြန္လက မ်က္ႏွာၾကက္ ၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး အႏၲရာယ္ေဆာင္အျဖစ္ သတ္မွတ္ထားကာ ေက်ာင္းသားမ်ား ေ႐ႊ႕ေျပာင္းစာသင္ၾကား ခဲ့ရေၾကာင္းလည္း သိရသည္။

Credit; Eleven Media Group

Unicode

အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်း ရှိ သရက်မြို့ အ.ထ.က (၁) ကျောင်း ရှိ ကျောင်းဆောင်နှစ်ခု ပျက်စီးယိုယွင်း နေမှုကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း သွားမည်

အင်္ဂလိပ်ခေတ်က တည်ဆောက် ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိ သရက်မြို့ အ.ထ.က (၁)ကျောင်း ရှိ ကျောင်းဆောင်နှစ်ခု ပျက်စီးယိုယွင်းနေမှုကို ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သိရ သည်။

အင်္ဂလိပ်ခေတ် ကတည်းက စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့သော သရက်မြို့ အထက (၁) ကျောင်းရှိ စာသင် ဆောင် အချို့မှာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေ၍ အစိုးရက စာသင်ဆောင် တစ်ခုပြုပြင်မွမ်းမံရန် ကျပ် သိန်း ၁၅၀ နှုန်းနှင့် ကျပ်သိန်း ၃၀၀ ချထားပေးပြီး ကျောင်းဆောင်များအား ရှေးမူမပျက်ထိန်း သိမ်းပြုပြင်မှု လုပ် ဆောင်သွားမည်ဟု သရက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောကြား သည်။

“ကျောင်းဆောင်တွေက ပြင်ထိန်းအနေနဲ့ ကျောင်းဆောင် တစ်ခုကို သိန်း ၁၅၀ ချထားပေးတာပါ။ ဒီကျောင်းကြီးက အင်္ဂလိပ်ခေတ် ကတည်းက ကျောင်းပေါ့။ နှစ်ပေါင်း ၁၀၀ နီး ပါးရှိပြီပေါ့။ အခုပြုပြင်မွမ်းမံမှု လုပ်မယ့် အ ဆောင် တွေက ဧရာဆောင်နဲ့ စစ်တောင်း ဆောင်ပါ။ ဧရာဆောင်က မျက်နှာကြက်တွေ မကောင်းလို့ ပြုပြင်ရမှာ ပေါ့။

ဒီအဆောင်တွေကို ပြုပြင်ရာမှာလည်း ရှေးမူမပျက်ဖို့ ရပ်မိရပ်ဖတွေ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင် ရွက်သွားမှာပါ” ဟု ဦးဇော်မိုးအောင်က ဆိုသည်။

သရက်မြို့ အထက(၁) ကျောင်းရှိ ဧရာဆောင်သည် ပြီးခဲ့သည့်နှစ် ဇွန်လက မျက်နှာကြက် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ထားကာ ကျောင်းသားများ ရွှေ့ပြောင်းစာသင်ကြား ခဲ့ရကြောင်းလည်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *