ေျမာင္းျမၿမိဳ႕လယ္ရွိ မဟီယဂၤဏ မူလတန္းေက်ာင္း ေက်ာင္းေဆာင္ၿပိဳ က်လာမႈေၾကာင့္ အႏၲရာယ္ရွိ ေက်ာင္းေဆာင္ အျဖစ္ သတ္မွတ္လိုက္ရၿပီး ကေလးငယ္ မ်ားအား ဘုန္းႀကီးေက်ာင္း တစ္ခုတြင္ ေျပာင္းေ႐ႊ႕ သင္ ၾကားေပးေနရ

ေျမာင္းျမၿမိဳ႕ ဦးဘခ်ိဳလမ္းေပၚရွိ မဟီယဂၤဏ အေျခခံပညာ မူလတန္းေက်ာင္းမွ ပင္မစာသင္ေက်ာင္းေဆာင္သည္ အုတ္နံရံမ်ား ၿပိဳလဲျခင္း နံရံမ်ား အက္ကြဲျခင္းမ်ား ျဖစ္ေပၚလာခဲ့ၿပီး အႏၲရာယ္ရွိ ေက်ာင္းေဆာင္အျဖစ္ သတ္မွတ္လိုက္ ရေသာေၾကာင့္ ကေလးငယ္မ်ားအား ဇန္နဝါရီ ၂၀ ရက္မွ စတင္တာ စာသင္ေက်ာင္းအနီးရွိ ေဇယ်နႏၵာ႐ုံ ဘုန္းႀကီးေ က်ာင္းတြင္ ယာယီစာသင္ေက်ာင္း ဖြင့္လွစ္ကာ ေျပာင္းေ႐ႊ႕သင္ၾကား ေပးေနရေၾကာင္း သတင္းရရွိသည္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလအတြင္းမွ စတင္ကာ စာသင္ေက်ာင္းရွိ နံရံအခ်ိဳ႕မွာ အက္ကြဲမႈမ်ား ျဖစ္ေပၚလာခဲ့ၿပီး အုတ္ နံရံမ်ား ၿပိဳက်သည့္ ျဖစ္စဥ္ မ်ားလည္း ျဖစ္ေပၚခဲ့ေၾကာင္း၊ ပညာေရးဌာနမွ တာဝန္ရွိသူမ်ားမွ အေရးေပၚ ျပင္ဆင္ထိန္း သိမ္း ႏိုင္ရန္အတြက္ ဘတ္ဂ်က္မ်ား ေရးဆြဲခဲ့ေသာ္လည္း လုပ္ငန္းစတင္ အေကာင္အထည္ မေဖာ္ႏိုင္ေသးမီ အခ်ိန္ တြင္ ဆက္လက္ၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့ေသာေၾကာင့္ ၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕၏ တြက္ခ်က္ စစ္ေဆးမႈမ်ား အ ရ အႏၲရာယ္ရွိ ေက်ာင္းေဆာင္အျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဘုန္ႀကီးေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ ပညာသင္ ၾကားရျခင္း ျဖစ္ေၾကာင္း သိရသည္။

“နံရံေတြ စၿပိဳက်တာကေတာ့ ၉ လပိုင္းထဲက စၿပီးေတာ့ၿပိဳက်တာ၊ အခုလို ေျပာင္းလိုက္တာကေတာ့ စည္ပင္ရဲ႕ မွတ္ ခ်က္ေပါ့။ အႏၲရာယ္ရွိ ေက်ာင္းေဆာင္လို႔ သတ္မွတ္ေတာ့ ဘာပဲေျပာေျပာ တာဝန္ခံမႈအရ ကိုယ္ကိုယ္တိုင္ တာဝန္ခံ ရမွာဆိုေတာ့ ကေလးေတြအတြက္ စိုးရိမ္ၿပီး အခုလို ေဇယ်နႏၵာ႐ုံေက်ာင္းကို ေျပာင္းေ႐ႊ႕ၿပီးေတာ့ သင္ၾကားရတာပါ၊ ပညာေရးဌာနကေတာ့ စည္ပင္ကေန အႏၲရာယ္ရွိ ေက်ာင္းေဆာင္အျဖစ္ သတ္မွတ္ၿပီးေတာ့ ကြၽန္ေတာ့္ကို ေခၚေတြ႕ ၿပီးေတာ့ ေက်ာင္းေျပာင္းဖို႔ကိစၥ၊ ေနရာေျပာင္းဖို႔ကိစၥ လမ္းၫႊန္မွာၾကားတယ္။

ၿမိဳ႕နယ္ပညာေရးမႉးရဲ႕ လမ္းၫႊန္မွာၾကားခ်က္နဲ႔ ကြၽန္ေတာ္တို႔ ဒီေက်ာင္းမွာ သင္ၾကားတာေပါ့၊ ကြၽန္ေတာ္တို႔ ဒီမွာႏွစ္ ကုန္ထိ မတ္လ၂၅ ရက္အထိ ဒီမွာသင္ၾကားဖို႔ စီစဥ္ထားတယ္၊ ဟိုးတုန္းထဲက ကြၽန္ေတာ္တို႔က ဒီဟာကို ထူးျခားျဖစ္ စဥ္ သေဘာမ်ိဳး အဆင့္ဆင့္ လမ္းၫႊန္မႈေတြ ခံယူတယ္။

ဒါေပမဲ့ ျဖစ္တာက ကြၽန္ေတာ္တို႔ရဲ႕ ပညာေရး ဘတ္ဂ်က္က လုံးခ်င္းေလွ်ာက္ ထားလို႔ရွိရင္ အနည္းဆုံး ႏွစ္ႏွစ္ေလာက္ ၾကာမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔က ျပင္ထိန္းသေဘာမ်ိဳးနဲ႔ ေလွ်ာက္ထားတယ္၊ လက္ရွိေလာေလာ ဆယ္ေတာ့ ၁၇၄ သိန္းေက်ာ္ေတာ့ ရလာၿပီ။ ေက်ာင္းအတြက္ ျပင္ဆင္စရိတ္၊ ဒါေပမဲ့ သိန္း ၁၀၀ ေက်ာ္တာမို႔ ကုမၸဏီေ တြနဲ႔ ခ်ိတ္ဆက္ၿပီး တင္ဒါေခၚထားတယ္လို႔ ၾကားရတယ္” ဟု မဟီယဂၤဏ အေျခခံပညာ မူလတန္းေက်ာင္း ေက်ာင္း အုပ္ဆရာႀကီး ဦးဟံမိုးက ေျပာၾကား သည္။

မဟီယဂၤဏ အေျခခံပညာ မူလတန္းေက်ာင္းတြင္ ေက်ာင္းသား ေက်ာင္းသူေပါင္း ၁၅၂ ဦး တက္ေရာက္ ပညာသင္ ၾကားေနၿပီး ယခု ေဇယ်နႏၵာ႐ုံ ဘုန္းႀကီးေက်ာင္းအတြင္း ေက်ာင္းေဆာင္တစ္ခု တြင္ ေျပာင္းေ႐ႊ႕ ပညာသင္ၾကားေန ရာတြင္ ကေလးငယ္မ်ားမွာ စာသင္ထိုင္ခုံမ်ား မလုံေလာက္မႈမ်ားေၾကာင့္ အဂၤေတျပား မ်ားေပၚတြင္ အခင္းမ်ား စကၠဴ အထူမ်ား ခင္းက်င္းကာ ပညာသင္ၾကား ေနၾကရေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

မြောင်းမြမြို့ လယ်ရှိ မဟီယင်္ဂဏ မူလတန်းကျောင်း ကျောင်းဆောင်ပြိုကျလာမှုကြောင့် အန္တရာယ်ရှိ ကျောင်း ဆောင်အဖြစ် သတ်မှတ်လိုက်ရပြီး ကလေး ငယ် များအား ဘုန်းကြီးကျောင်းတစ်ခုတွင် ပြောင်း ရွှေ့ သင်ကြားပေးနေရ

မြောင်းမြမြို့ ဦးဘချိုလမ်းပေါ်ရှိ မဟီယင်္ဂဏ အခြေခံပညာ မူလတန်းကျောင်းမှ ပင်မစာသင်ကျောင်းဆောင် သည် အုတ်နံရံများ ပြိုလဲခြင်း နံရံများ အက်ကွဲခြင်းများ ဖြစ်ပေါ်လာခဲ့ပြီး အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်လိုက် ရသောကြောင့် ကလေးငယ်များအား ဇန်နဝါရီ ၂၀ ရက်မှ စတင်တာ စာသင်ကျောင်းအနီးရှိ ဇေယျနန္ဒာရုံ ဘုန်းကြီးေ ကျာင်းတွင် ယာယီစာသင်ကျောင်း ဖွင့်လှစ်ကာ ပြောင်းရွှေ့သင်ကြား ပေးနေရကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှ စတင်ကာ စာသင်ကျောင်းရှိ နံရံအချို့မှာ အက်ကွဲမှုများ ဖြစ်ပေါ်လာ ခဲ့ ပြီး အုတ် နံရံများ ပြိုကျသည့် ဖြစ်စဉ် များလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများမှ အရေး ပေါ် ပြင်ဆင်ထိန်း သိမ်း နိုင်ရန်အတွက် ဘတ်ဂျက်များ ရေးဆွဲခဲ့သော်လည်း လုပ်ငန်းစတင် အကောင်အထည် မဖော်နိုင်သေးမီ အချိန် တွင် ဆက်လက်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ တွက်ချက် စစ်ဆေးမှုများ အ ရ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဘုန်ကြီးကျောင်းသို့ ပြောင်းရွှေ့ ပညာသင် ကြားရခြင်း ဖြစ်ကြောင်း သိရသည်။

“နံရံတွေ စပြိုကျတာကတော့ ၉ လပိုင်းထဲက စပြီးတော့ပြိုကျတာ၊ အခုလို ပြောင်းလိုက်တာကတော့ စည်ပင်ရဲ့ မှတ် ချက်ပေါ့။ အန္တရာယ်ရှိ ကျောင်းဆောင်လို့ သတ်မှတ်တော့ ဘာပဲပြောပြော တာဝန်ခံမှုအရ ကိုယ်ကိုယ်တိုင် တာဝန်ခံ ရမှာဆိုတော့ ကလေးတွေအတွက် စိုးရိမ်ပြီး အခုလို ဇေယျနန္ဒာရုံကျောင်းကို ပြောင်းရွှေ့ပြီးတော့ သင် ကြားရတာပါ၊ ပညာရေးဌာနကတော့ စည်ပင်ကနေ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်ပြီးတော့ ကျွန်တော့်ကို ခေါ်တွေ့ ပြီးတော့ ကျောင်းပြောင်းဖို့ကိစ္စ၊ နေရာပြောင်းဖို့ကိစ္စ လမ်းညွှန်မှာကြားတယ်။

မြို့နယ်ပညာရေးမှူးရဲ့ လမ်းညွှန်မှာကြားချက်နဲ့ ကျွန်တော်တို့ ဒီကျောင်းမှာ သင်ကြားတာပေါ့၊ ကျွန်တော်တို့ ဒီမှာနှစ် ကုန်ထိ မတ်လ၂၅ ရက်အထိ ဒီမှာသင်ကြားဖို့ စီစဉ်ထားတယ်၊ ဟိုးတုန်းထဲက ကျွန်တော်တို့က ဒီ ဟာကို ထူးခြားဖြစ် စဉ် သဘောမျိုး အဆင့်ဆင့် လမ်းညွှန်မှုတွေ ခံယူတယ်။

ဒါပေမဲ့ ဖြစ်တာက ကျွန်တော်တို့ရဲ့ ပညာရေး ဘတ်ဂျက်က လုံးချင်းလျှောက် ထားလို့ရှိရင် အနည်းဆုံး နှစ် နှစ် လောက် ကြာမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြင်ထိန်းသဘောမျိုးနဲ့ လျှောက်ထားတယ်၊ လက်ရှိလောလော ဆယ်တော့ ၁၇၄ သိန်းကျော်တော့ ရလာပြီ။ ကျောင်းအတွက် ပြင်ဆင်စရိတ်၊ ဒါပေမဲ့ သိန်း ၁၀၀ ကျော်တာမို့ ကုမ္ပဏီေ တွနဲ့ ချိတ်ဆက်ပြီး တင်ဒါခေါ်ထားတယ်လို့ ကြားရတယ်” ဟု မဟီယင်္ဂဏ အခြေခံ ပညာ မူလတန်းကျောင်း ကျောင်း အုပ်ဆရာကြီး ဦးဟံမိုးက ပြောကြား သည်။

မဟီယင်္ဂဏ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၁၅၂ ဦး တက်ရောက် ပညာ သင် ကြားနေပြီး ယခု ဇေယျနန္ဒာရုံ ဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်တစ်ခု တွင် ပြောင်းရွှေ့ ပညာသင် ကြားနေ ရာတွင် ကလေးငယ်များမှာ စာသင်ထိုင်ခုံများ မလုံလောက်မှုများကြောင့် အင်္ဂတေပြား များပေါ်တွင် အခင်းများ စက္ကူ အထူများ ခင်းကျင်းကာ ပညာသင်ကြား နေကြရကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *