







Unicode

CBဘဏ်ဝန်ထမ်း ဖြစ်သော ဒဏ်ရာရအရန် မီးသတ် တပ် ဖွဲ့ဝင် ကိုဟိဏ်းထက်အောင်အား CBဘဏ်မှ အလုံးစုံတာ ဝန်ယူမည်

မန္တလေးချမ်းအေးသာစံမြို့နယ် ၇၇လမ်းနှင့်၇၈လမ်းကြား၊၃၃လမ်းနှင့် ၃၄လမ်းကြားရှိရတနာပုံဈေး တွင် (၁.၁၇.၂၀၂၀)ရက်နေ့ညနေ (၆)နာရီအချိန်ခန့်က ရတနာပုံဈေး(SkyWalk) ဘက်ခြမ်းအပေါ်ဆုံးထပ်တွင် မီးလောင် ကျွမ်း မှုဖြစ်ပေါ်နေပြီးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ကlevel(3)စေလွှတ်ပြီး မီးငြိမ်းသတ်လျက်ရှိသည်။ အ ဆိုပါေ ဈးသည်၂၀၀၈ခုနှစ်ကမီးလောင်ကျွမ်း မှုဖြစ်ပေါ်ခဲ့ပြီးနောက်ပြန် လည်ဆောက်လုပ် ထားခြင်းဖြစ်သည်။

ရတနာပုံဈေးတွင် ယနေ့(ဇန်နဝါရီ ၁၇) ညနေ ၆ နာရီကျော်မှ စတင်၍ မီးလောင်မှုဖြစ် ပွါးနေရာ ညနေ ၇:၂၅နာရီ အ ချိန်တွင်Level 5 ယာဉ်အုပ်စုဖြင့်မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သိရသည်။ လူများအားလုံးကို ကယ်နိုင်ထား နိုင် သည် ဟု သိရပါသည်။ညနေ၆နာရီလောက်တွင်လောင်၍ ဝါယာရှော့ကြောင့်ဖြစ်သည်ဟု ကြားရပါသည်

CB Bank ၏ ဘဏ်ခွဲ တစ်ခုဖြစ်သော မန္တလေး စလုံးဈေးဘဏ်ခွဲမှ ဝန်ထမ်း ကိုဟိဏ်းထက်အောင်သည် (17.1.2020)MandalaySkywalkandYatanarMall တွင်ဖြစ်ပွားခဲ့သည့် Level5အဆင့်ရှိသော မီးလောင်ကျွမ်း မှု တွင်ပုလဲငွေရောင်အရံ မီးသတ်စခန်းဒုတပ်ကြပ်အဖြစ် မိမိ၏အသက်ကိုပဓာနမထား ဘဲစွမ်းစွမ်းတမံ မီးငြိမ်း သတ်ရာ မှ Sunshade ပေါ်မှ မတော်တဆပြုတ် ကျခဲ့ရာ ပေါင်ရိုးနှင့် မေးရိုးကျိုးသွားခဲ့ ၍ဒဏ်ရာများလည်း ရရှိခဲ့ပါသည်။

CBBank၏ဝန်ထမ်း တစ်ယောက်ဖြစ်သည့် ကိုဟိဏ်းထက်အောင် အတွက်CBBankအနေဖြင့် မိသားစုနှင့် ထပ် တူများစွာ စိတ်မကောင်းဖြစ်ရ၍ သူ့၏ အနစ်နာခံမှု၊ရဲရင့်မှုတို့အတွက်ချီးကျုး ကာအောက်ပါအတိုင်း ဂုဏ်ပြုအပ် ပါ သည်။

ဆေးဖိုးနှင့် လိုအပ်သည့် အထောက်အပံ့များကို CB Bank မှ အလုံးစုံတာဝန်ယူပြီး မိသားစုအတွက်ပါ ထောက်ပံ့ ငွေ များပေးအပ်၍ဆေးကုသအနား ယူနေသည့်အချိန်အတွင်းလစာပြည့်ဖြင့်ခွင့်ခံ စားခွင့်ပေးခြင်းအစရှိသည့် အစီအစဉ် များ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

CB Bank မိသားစုမှ ကိုဟိဏ်းထက်အောင်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအတွက် လေးစားဂုဏ်ပြု ပါကြောင်း CB Bank မှသတင်း ထုတ်ပြန်ပါသည်။

photo credit; everytime story

Leave a Reply

Your email address will not be published. Required fields are marked *