ပညာမတတ္ပါ

မိန္းမ ဒါေတြက ဘာေတြတုန္း တုတ္ေခ်ာင္း ေတြအဝိုင္းေတြ အတြန႔္အတက္ေတြနဲ႔။ ဘယ္သိမလဲ ရွင့္သား ကိုေခၚေမး ေဟ့ေကာင္သူရ ဒါကဘာေတြတုန္း အာ အေဖကလည္း အဲ့တာ ကိုရီယားစာေတြဗ် ကြၽ န္ေတာ္ခုအဲ့ဘာသာစကားတက္ၿပီးေလ့လာေနတာ အေဖ ဘာမွနားမလည္ဘဲနဲ႔မ်ား။

ေအးေလ ငါမသိလို႔ေမးတာေပါ့ ငါ့မိန္းမသားရဲ႕မသိလည္းေအးေဆးေနပါအေဖရာ အေဖကိုရွင္းျ ပလည္းနားလည္မွာမွမဟုတ္တာ။ ဒါကိုေဘးက မိခင္ျဖစ္သူၾကားေတာ့ မ်က္ႏွာေလးညႇိဳးသြားတယ္။ ဖေအျဖစ္သူက သူ႔ဇနီးကိုေခါင္းခါျပတယ္။

အဲ့လိုနဲ႔ ညစားထမင္းစားၿပီး အိပ္ရာဝင္ခါနီးၾကေတာ့ သားလုပ္သူက အေမ့နားကပ္ၿပီး အေမမုန႔္ဖိုးေပးဦး မနက္သင္တန္း တက္ရင္သုံးမလို႔ေရာ့သား တစ္ေသာင္း ေႁခြတာသုံး သားတတ္ခ်င္တာကိုေသခ်ာသင္ လူငယ္ဆိုတာ ေပ်ာ္တတ္ရတယ္ ေလ့လာသင့္တာလည္း ေလ့လာရမယ္။

သားမအိပ္ေသးရင္ မင္းအေဖအက်ႌေတြမီးပူတိုက္လိုက္ဦး။ အေမ အေဖအက်ႌေတြမွာ ပခုံးအသားေတြကအေ ရာင္ေဖ်ာ့ၿပီးဘာလို႔ ပါးေနတာလဲ? မိခင္လုပ္သူက အေတာ္ေလးႏူတ္ဆိတ္ေနၿပီးမွသား သစ္ပင္တစ္ပင္မွာ အသီးေတြသီးဖို႔ အကိုင္းအခတ္ ေတြပင္စည္ေတြမရွိပဲျဖစ္ပါ့မလား။

အေမလည္းအေဖ့လိုလည္း ဘာမွမသိဘူး။ ဘာေတြေမးမွန္းမသိဘူး။ ဟုတ္တယ္မင္းအေဖကဘာမွမသိဘူး ဘာမွလည္းမတတ္ဘူး သူတတ္တာႏွစ္ခုရွိတယ္သိလား။ ဘာလဲ

၁။ မိသားစုေအးေအးခ်မ္းခ်မ္းေနရဖို႔

၂။မင္းခုလိုပညာေတြတတ္ေျမာက္ဖို႔

သားမွတ္ထားပါ မင္းအေဖပညာတတ္ဘူး ဒါေပမယ့္ သူ႔လုပ္အားနဲ႔ေတာ့မင္းပညာတတ္ျဖစ္ေနၿပီး ဒါေပမယ့္ မင္းကပညာကိုသိပဲသိေသးတာမင္းအေဖေလာက္ ပညာမတတ္ေသးဘူး။ ဟားဟား အေမကလည္း အေဖက ျမန္မာစာေတာင္ေျဖာင့္ေအာင္မေရးႏိုင္တာ ပညာတတ္ျဖစ္မလား။

အေမျဖစ္သူက တစ္ခြန္းပဲေျပာလိုက္တယ္ မင္းစီးထားတဲ့ ဖိနပ္ေတာင္ မင္းအေဖ ရင္းထားတဲ့ပညာေတြပါ တယ္။ ပညာဆိုတာဘာလဲသား သိလား သိဖို႔တတ္ဖို႔ထက္ အမွားအမွန္ကိုေဝဖန္ပိုင္းျခားတတ္တာကိုပညာလို႔ေခၚတယ္။

ခုသားက သင္ညာသိပဲရွိေသးတယ္။ ပညာရွိမျဖစ္ေသးဘူး။ ဘဝမွာ ပညာသိ ၊ပညာတတ္ ၊ ပညာရွင္ဆိုၿပီး သုံးမ်ိဳးရွိတယ္ ကိုယ္တိုင္သိေနဖို႔ထက္ ကိုယ္သိသလို သူလည္းနားလည္ဖို႔ေဝမွ်ရမယ္ အဲ့လို႔ေဝမွ်ဖို႔လည္းဆန္သစ္ေနရမယ္။

လူတစ္ေယာက္က အားလုံးသိပါတယ္လို႔ ေႂကြးေၾကာ္ေနၿပီဆိုရင္ ေသခ်ာတယ္။ သူဘာမွမသိေသးလို႔ အတ န္းတက္ၿပီး အကန္းျဖစ္ေနသမွ်ေတာ့ပညာဆိုတာေဝးေနဦးမွာဟုတ္ကဲ့ ကြၽန္ေတာ္ပညာနဲ႔ေဝးေနတုန္းပါ ေလာကမွာ ဘာမွမသိလို႔မိုက္တာ ျပင္ေပးလို႔ရတယ္။ သိၿပီးမိုက္တာက အေတာ္ေလးေၾကာက္ဖို႔ေကာင္းတာ။

အေတြးတစ္ခုခုရၾကပါေစ

Credit. ဘာမထီဘြား

Unicode

ပညာမတတ်ပါ

မိန်းမ ဒါတွေက ဘာတွေတုန်း တုတ်ချောင်း တွေအဝိုင်းတွေ အတွန့်အတက်တွေနဲ့။ ဘယ်သိမလဲ ရှင့်သား ကိုခေါ်မေး ဟေ့ကောင်သူရ ဒါကဘာတွေတုန်း အာ အဖေကလည်း အဲ့တာ ကိုရီယားစာတွေဗျ ကျွ န်တော်ခုအဲ့ဘာသာ စကားတက် ပြီးလေ့လာနေတာ အဖေ ဘာမှနားမလည်ဘဲနဲ့များ။

အေးလေ ငါမသိလို့မေးတာပေါ့ ငါ့မိန်းမသားရဲ့မသိလည်းအေးဆေးနေပါအဖေရာ အဖေကိုရှင်းြ ပလည်းနားလည်မှာ မှမဟုတ်တာ။ ဒါကိုဘေးက မိခင်ဖြစ်သူကြားတော့ မျက်နှာလေးညှိုးသွားတယ်။ ဖအေဖြစ်သူက သူ့ဇနီးကိုခေါင်း ခါပြတယ်။

အဲ့လိုနဲ့ ညစားထမင်းစားပြီး အိပ်ရာဝင်ခါနီးကြတော့ သားလုပ်သူက အမေ့နားကပ်ပြီး အမေမုန့်ဖိုးပေးဦး မနက်သင် တန်း တက်ရင်သုံးမလို့ရော့သား တစ်သောင်း ခြွေတာသုံး သားတတ်ချင်တာကိုသေချာသင် လူငယ်ဆိုတာ ပျော်တတ်ရတယ် လေ့လာသင့်တာလည်း လေ့လာရမယ်။

သားမအိပ်သေးရင် မင်းအဖေအင်္ကျီတွေမီးပူတိုက်လိုက်ဦး။ အမေ အဖေအင်္ကျီတွေမှာ ပခုံးအသားတွေကအေ ရာင်ဖျော့ပြီးဘာလို့ ပါးနေတာလဲ? မိခင်လုပ်သူက အတော်လေးနူတ်ဆိတ်နေပြီးမှသား သစ်ပင်တစ်ပင်မှာ အသီးတွေသီးဖို့ အကိုင်းအခတ် တွေပင်စည်တွေမရှိပဲဖြစ်ပါ့မလား။

အမေလည်းအဖေ့လိုလည်း ဘာမှမသိဘူး။ ဘာတွေမေးမှန်းမသိဘူး။ ဟုတ်တယ်မင်းအဖေကဘာမှမသိဘူး ဘာမှလည်းမတတ်ဘူး သူတတ်တာနှစ်ခုရှိတယ်သိလား။ ဘာလဲ

၁။ မိသားစုအေးအေးချမ်းချမ်းနေရဖို့

၂။မင်းခုလိုပညာတွေတတ်မြောက်ဖို့

သားမှတ်ထားပါ မင်းအဖေပညာတတ်ဘူး ဒါပေမယ့် သူ့လုပ်အားနဲ့တော့မင်းပညာတတ်ဖြစ်နေပြီး ဒါပေမယ့် မင်းကပညာကိုသိပဲသိသေးတာမင်းအဖေလောက် ပညာမတတ်သေးဘူး။ ဟားဟား အမေကလည်း အဖေက မြန်မာစာတောင်ဖြောင့်အောင်မရေးနိုင်တာ ပညာတတ်ဖြစ်မလား။

အမေဖြစ်သူက တစ်ခွန်းပဲပြောလိုက်တယ် မင်းစီးထားတဲ့ ဖိနပ်တောင် မင်းအဖေ ရင်းထားတဲ့ပညာတွေပါ တယ်။ ပညာဆိုတာဘာလဲသား သိလား သိဖို့တတ်ဖို့ထက် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်တာကိုပညာလို့ခေါ်တယ်။

ခုသားက သင်ညာသိပဲရှိသေးတယ်။ ပညာရှိမဖြစ်သေးဘူး။ ဘဝမှာ ပညာသိ ၊ပညာတတ် ၊ ပညာရှင်ဆိုပြီး သုံးမျိုး ရှိတယ် ကိုယ်တိုင်သိနေဖို့ထက် ကိုယ်သိသလို သူလည်းနားလည်ဖို့ဝေမျှရမယ် အဲ့လို့ဝေမျှဖို့လည်းဆန်သစ်နေရမယ်။

လူတစ်ယောက်က အားလုံးသိပါတယ်လို့ ကြွေးကြော်နေပြီဆိုရင် သေချာတယ်။ သူဘာမှမသိသေးလို့ အတ န်းတက် ပြီး အကန်းဖြစ်နေသမျှတော့ပညာဆိုတာဝေးနေဦးမှာဟုတ်ကဲ့ ကျွန်တော်ပညာနဲ့ဝေးနေတုန်းပါ လောကမှာ ဘာမှ မသိလို့မိုက်တာ ပြင်ပေးလို့ရတယ်။ သိပြီးမိုက်တာက အတော်လေးကြောက်ဖို့ကောင်းတာ။

အတွေးတစ်ခုခုရကြပါစေ

Credit. ဘာမထီဘွား

Leave a Reply

Your email address will not be published. Required fields are marked *