*မင္းအလုပ္ မင္းလုပ္ေလ*

လူတစ္ေယာက္ကို သင္ကခ်စ္မိသြားတယ္မို႔လားခ်စ္လိုက္ေလ သူျပန္ခ်စ္တာ မခ်စ္တာက သူ႔အလုပ္ မင္း ခ်စ္မိသြားတာက ကိုယ့္အ လုပ္ေလ ကိုယ့္ ခ်စ္သူ ကြယ္ရာမွာ တြဲပုန္းခုတ္ေနတာက သူ႔ အလုပ္ မင္းအလုပ္က နားလည္ေပးႏိူင္ရင္ေပး မေပးႏိူ င္ရင္ ျပတ္သားလိုက္ ရွင္းရွင္းေလးပါ။

ကိုယ္က စိတ္ပါလို႔လူတစ္ေယာက္ကို ေစတနာထားတယ္ တန္ဖိုးထားတာ မထားတာက သူ႔အလုပ္ မင္းအလုပ္က ေစတနာ ထားခ်င္လြန္းလို႔ကို ထားလိုက္တာေလ ကိုယ့္အလုပ္ ကိုယ္ဆက္လုပ္ပါ

မင္း အေနနဲ႔မွန္တယ္ထင္လို႔ လုပ္သင့္လို႔ လုပ္လိုက္တဲ့ အလုပ္တစ္ခုကို ေဝဖန္ခ်င္သူေတြ ခ်ီးေျမႇာက္ခ်င္သူေတြက အျပစ္ေျပာမယ္ ခ်ီးက်ဴးမယ္ အားေပးမယ္ အဲ့တာက သူတို႔အလုပ္ မင္း အလုပ္က ဆက္သြားဖို႔ပဲေလ။ လူဘုံအလယ္မွာ မင္း အျမင္တစ္ခုကို ခ်ျပတယ္ ေဆြးေႏြးတယ္။ အျမင္တူသူက ေထာက္ခံမယ္ အျမင္မတူက ျငင္းမယ္ ဘာမ်ားထူးဆန္းေနလို႔လဲ ေျပာသင့္တာ ခ်ျပသင့္တာကို ခ်ျပၿပီးၿပီေလ။ မင္း အလုပ္ မင္းလုပ္ပါ။

ခ်စ္သူက မင္းဆီမွာ မေနခ်င္ေတာ့လို႔ ထြက္သြားတယ္။ သူ မေနခ်င္ေတာ့လို႔ထြက္သြားတာေလ ဘာေတြခံစားေနရ အုံးမွာလဲ မင္း ဘဝအတြက္ လုပ္စရာရွိတာဆက္လုပ္ေလ။ မပူနဲ႔ေနာက္တစ္ေယာက္လာလိမ့္မယ္။

ေလာကႀကီးမွာ ျဖစ္ပ်က္ခဲ့သမွ်ကို တစ္ပိုင္းခ်င္းစီ ေသခ်ာသုံးသပ္ၾကည့္ ကံၾကမၼာက သူ႔အလုပ္သူလုပ္တယ္ဆိုရင္ မင္း လည္း မေသေသးဘူး ကိုယ့္အလုပ္ ကိုယ္ ဆက္လုပ္ဖို႔ပဲရွိေတာ့တယ္ေလ။ ကိုယ့္အလုပ္ ကိုယ္မလုပ္ပဲ သူမ်ားကိုပဲ ထည့္တြ က္ေနရင္ေတာ့ မင္းဘဝသြားပီပဲ။

credit ; ကဗ်ာ ဝတၳဳ ေဆာင္းပါး

Unicode

မင်းအလုပ် မင်းလုပ်လေ

လူတစ်ယောက်ကို သင်ကချစ်မိသွားတယ်မို့လားချစ်လိုက်လေ သူပြန်ချစ်တာ မချစ်တာက သူ့အလုပ် မင်း ချစ်မိ သွား တာက ကိုယ့်အ လုပ်လေ ကိုယ့် ချစ်သူ ကွယ်ရာမှာ တွဲပုန်းခုတ်နေတာက သူ့ အလုပ် မင်းအလုပ်က နားလည်ပေးနိူင် ရင်ပေး မပေးနိူ င်ရင် ပြတ်သားလိုက် ရှင်းရှင်းလေးပါ။

ကိုယ်က စိတ်ပါလို့လူတစ်ယောက်ကို စေတနာထားတယ် တန်ဖိုးထားတာ မထားတာက သူ့အလုပ် မင်းအလုပ်က စေတနာ ထားချင်လွန်းလို့ကို ထားလိုက်တာလေ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပါ

မင်း အနေနဲ့မှန်တယ်ထင်လို့ လုပ်သင့်လို့ လုပ်လိုက်တဲ့ အလုပ်တစ်ခုကို ဝေဖန်ချင်သူတွေ ချီးမြှောက်ချင်သူတွေက အပြစ် ပြောမယ် ချီးကျူးမယ် အားပေးမယ် အဲ့တာက သူတို့အလုပ် မင်း အလုပ်က ဆက်သွားဖို့ပဲလေ။ လူဘုံအလယ်မှာ မင်း အမြင်တစ်ခုကို ချပြတယ် ဆွေးနွေးတယ်။ အမြင်တူသူက ထောက်ခံမယ် အမြင်မတူက ငြင်းမယ် ဘာများထူး ဆန်း နေ လို့လဲ ပြောသင့်တာ ချပြသင့်တာကို ချပြပြီးပြီလေ။ မင်း အလုပ် မင်းလုပ်ပါ။

ချစ်သူက မင်းဆီမှာ မနေချင်တော့လို့ ထွက်သွားတယ်။ သူ မနေချင်တော့လို့ထွက်သွားတာလေ ဘာတွေခံစားနေရ အုံးမှာလဲ မင်း ဘဝအတွက် လုပ်စရာရှိတာဆက်လုပ်လေ။ မပူနဲ့နောက်တစ်ယောက်လာလိမ့်မယ်။

လောကကြီးမှာ ဖြစ်ပျက်ခဲ့သမျှကို တစ်ပိုင်းချင်းစီ သေချာသုံးသပ်ကြည့် ကံကြမ္မာက သူ့အလုပ်သူလုပ်တယ်ဆိုရင် မင်း လည်း မသေသေးဘူး ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ဖို့ပဲရှိတော့တယ်လေ။ ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ သူများကိုပဲ ထည့်တွ က်နေရင်တော့ မင်းဘဝသွားပီပဲ။

credit ; ကဗျာ ဝတ္ထု ဆောင်းပါး

Leave a Reply

Your email address will not be published. Required fields are marked *