ေ႐ႊမန္းသူအေဝးေျပး ယာဥ္အေပၚ တြင္ ကေလးမီး ဖြားမႈ ကူညီခဲ့သည့္ သူနာျပဳ ဆရာမအား ယာဥ္အခမဲ့ သုံးလစီးနင္း ခြင့္ျပဳ

ေ႐ႊမန္းသူ အေဝးေျပးကားေပၚ ကေလးမီးဖြားျခင္းရာတြင္ အဓိကကူညီေပးခဲ့သည့္ သူနာျပဳဆရာမ အား ယာဥ္အခမဲ့သုံးလစီးနင္းခြင့္ကတ္ျပားထုတ္ေပး မည္ျဖစ္ေၾကာင္း ဗႏၶဳလသယ္ယူပို႔ေဆာင္ေရး မွသိရသည္။

ေဖေဖာ္ဝါရီ ၉ ရက္ ည ၉ နာရီခန႔္က ေတာင္ငူ မွ ရန္ကုန္သို႔ေျပးဆြဲ သည့္ ေ႐ႊမန္းသူခရီးသည္တင္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ကိုယ္ဝန္ ခုနစ္လလြယ္ထားသူတစ္ဦးသည္ ရန္ကုန္–မႏၲေလးအျမန္လမ္း မိုင္တိုင္ အမွတ္ (၅၀) အေရာက္ ဗိုက္နာ လာသျဖင့္ ယာဥ္ေပၚ၌ ပါလာသည့္ သူနာျပဳဆရာမတစ္ဦးႏွင့္ ယာဥ္ေမာင္းတို႔က ကူညီေပးခဲ့ျခင္းျ ဖစ္သည္။

“ကေလးေမြးဖြားေ ပးတဲ့သူက ဆရာဝန္မဟုတ္ပါဘူး။ အၿငိမ္းစား သူနာျပဳဆရာမပါ။ ကားေပၚမွာ ယာဥ္ေမာင္း ကလည္း ၾကက္ေျခနီသင္တန္းဆင္းၿပီးသားဆိုေတာ့ သူလည္း ကူညီေပးခဲ့ပါတယ္။ အဓိက ကူညီေပးခဲ့တဲ့ သူ နာျ ပဳဆရာမကို ေဖေဖာ္ဝါရီ ၁၄ရက္မွာ အခမဲ့သုံးလ စီးနင္းခြင့္ကတ္ျပားထုတ္ေပးၿပီး ဂုဏ္ျပဳပါမယ္။ ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရးက ေျပးဆြဲေနတဲ့ ေ႐ႊမန္းသူ၊ ရွမ္းမေလး၊ ပုသိမ္သူ စတဲ့ဘယ္အေဝးေျပး ယာဥ္လိုင္းပဲျ ဖစ္ျဖစ္ စီးနင္းႏိုင္ပါမယ္”ဟု ဗႏၶဳလသယ္ယူပို႔ေဆာင္ေရးမွ မန္ေနဂ်င္း ဒါ႐ိုက္တာဗိုလ္မႉးႀကီးေ အာင္ေက်ာ္မင္းက ေျပာသည္။

ထို႔အျပင္ မီးဖြားခဲ့သည့္ မိခင္ႏွင့္ ကေလးကို ငါးလအတြင္း ေတြ႕ဆုံကာ လိုအပ္သည္မ်ား စီစဥ္ေပးမည္ျဖ စ္ေ ၾကာင္း ၎ကဆိုသည္။

“ကေလးနဲ႔မိခင္ကို လွည္းကူးေဆး႐ုံပို႔ခဲ့တဲ့အခ်ိန္မွာေတာ့ ပို႔ေဆာင္ေရးမန္ေနဂ်ာကိုလႊတ္ေပးၿပီး ကနဦးေထာက္ပံ့ မႈေပးခဲ့ပါတယ္။ ကေလးက လမေစ့ဘဲေမြးထားတာေၾကာင့္ ကေလးက်န္းက်န္းမာမာနဲ႔ ငါးလေလာက္ေနမွ မိဘနဲ႔လည္းေတြ႕ၿပီး လိုအပ္တာစီစဥ္ေပးမွာပါ”ဟု ၎က ဆက္လက္ ေျပာသည္။

ရန္ကုန္–မႏၲေလး အျမန္လမ္းမႀကီးတြင္ သြားလာေနသည့္ခရီးသည္တင္ယာဥ္လိုင္းေပၚ၌ ကေလးမီးဖြားသည့္ျဖစ္စဥ္သည္ ယခုႏွစ္တြင္ ပထမဆုံးျဖစ္ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မွ သိရသည္။

Ref-MMTime #Myanmar_Online_News

Unicode

ရွှေမန်းသူ အဝေးပြေးယာဉ်အပေါ် တွင် ကလေးမီးဖွားမှု ကူညီခဲ့သည့် သူနာပြုဆရာမအား ယာဉ်အခမဲ့ သုံးလစီး နင်းခွင့်ပြု

ရွှေမန်းသူ အဝေးပြေးကားပေါ် ကလေးမီးဖွားခြင်းရာတွင် အဓိကကူညီပေးခဲ့သည့် သူနာပြုဆရာမ အား ယာဉ်အခမဲ့သုံးလစီးနင်းခွင့်ကတ်ပြားထုတ်ပေး မည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး မှသိရသည်။

ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က တောင်ငူ မှ ရန်ကုန်သို့ပြေးဆွဲ သည့် ရွှေမန်းသူခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသော ကိုယ်ဝန် ခုနစ်လလွယ်ထားသူတစ်ဦးသည် ရန်ကုန်–မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၅၀) အရောက် ဗိုက်နာ လာသဖြင့် ယာဉ်ပေါ်၌ ပါလာသည့် သူနာပြုဆရာမတစ်ဦးနှင့် ယာဉ်မောင်းတို့က ကူညီပေးခဲ့ခြင်းြ ဖစ်သည်။

“ကလေးမွေးဖွားေ ပးတဲ့သူက ဆရာဝန်မဟုတ်ပါဘူး။ အငြိမ်းစား သူနာပြုဆရာမပါ။ ကားပေါ်မှာ ယာဉ်မောင်း ကလည်း ကြက်ခြေနီသင်တန်းဆင်းပြီးသားဆိုတော့ သူလည်း ကူညီပေးခဲ့ပါတယ်။ အဓိက ကူညီပေးခဲ့တဲ့ သူ နာြ ပုဆရာမကို ဖေဖော်ဝါရီ ၁၄ရက်မှာ အခမဲ့သုံးလ စီးနင်းခွင့်ကတ်ပြားထုတ်ပေးပြီး ဂုဏ်ပြုပါမယ်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးက ပြေးဆွဲနေတဲ့ ရွှေမန်းသူ၊ ရှမ်းမလေး၊ ပုသိမ်သူ စတဲ့ဘယ်အဝေးပြေး ယာဉ်လိုင်းပဲြ ဖစ်ဖြစ် စီးနင်းနိုင်ပါမယ်”ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ မန်နေဂျင်း ဒါရိုက်တာဗိုလ်မှူးကြီးေ အာင်ကျော်မင်းက ပြောသည်။

ထို့အပြင် မီးဖွားခဲ့သည့် မိခင်နှင့် ကလေးကို ငါးလအတွင်း တွေ့ဆုံကာ လိုအပ်သည်များ စီစဉ်ပေးမည်ဖြ စ်ေ ကြာင်း ၎င်းကဆိုသည်။

“ကလေးနဲ့မိခင်ကို လှည်းကူးဆေးရုံပို့ခဲ့တဲ့အချိန်မှာတော့ ပို့ဆောင်ရေးမန်နေဂျာကိုလွှတ်ပေးပြီး ကနဦးထောက်ပံ့ မှုပေးခဲ့ပါတယ်။ ကလေးက လမစေ့ဘဲမွေးထားတာကြောင့် ကလေးကျန်းကျန်းမာမာနဲ့ ငါးလလောက်နေမှ မိဘနဲ့ လည်း တွေ့ပြီး လိုအပ်တာစီစဉ်ပေးမှာပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေသည့်ခရီးသည်တင်ယာဉ်လိုင်းပေါ်၌ ကလေးမီးဖွားသည့် ဖြစ်စဉ်သည် ယခုနှစ်တွင် ပထမဆုံးဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

Ref-MMTime #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *