“တမာပင္ႀကီး”

တစ္ခါက ႐ြာေလးတစ္႐ြာမွာ အဘိုးႀကီးနဲ႔ ေျမးေလး တို႔အိမ္တစ္အိမ္မွာ အတူတူ ေနၾကသတဲ့ကြယ္။အဘိုးႀကီး အသက္ က ၆၅ႏွစ္ရွိၿပီ။သူ႔ေျမးေလးရဲ႕ အသက္က ၁၄ ႏွစ္ရွိၿပီ။

တစ္ေန႔ေတာ့ အဘိုးႀကီးနဲ႔ သူ႔ေျမးေလးတို႔ဟာ ႐ြာကေန ၿမိဳ႕ကို ပစၥည္းေတြ သြားဝယ္ဖို႔ ႐ြာကေနထြက္လာသတဲ့ ကြယ္။ သူတို႔ႏွစ္ေယာက္ ၿမိဳ႕ကို မေရာက္ခင္ ႏွစ္ေယာက္သား ဗိုက္ဆာလာၾကသတဲ့ကြယ္။ေျခလွ်င္ ခရီးလဲ ျဖစ္ေတာ့ ပိုပင္ပန္းတာေပါ့။အဲ့ဒါ ႏွစ္ေယာက္သား အျမန္သြားၾကတယ္ ၿမိဳ႕ကို ေရာက္ေအာင္ လို႔ဆိုၿပီး။

ၿမိဳ႕လဲေရာက္ေရာ ႏွစ္ေယာက္သား တစ္ၿပိဳင္ထဲမွာဘဲ ေပါင္မုန႔္ေရာင္းတဲ့ဆိုင္ထဲကို ဝင္သြားၾကသတဲ့။ေပါင္မုန႔္ေတြ အမ်ား ႀကီး မွန္ေကာင္တာ ထဲမွာ စီထားတယ္။အဲ့ဒါကို သူ႔ေျမးေလးကို အဖိုးႀကီးက ေမးတယ္ ဘယ္ေပါင္မုန႔္ စားခ်င္သလဲလို႔ ။ေျမးေလးက ကိတ္မုန႔္ အႀကီးႀကီးစားခ်င္တာလို႔ ေျဖတယ္။ အဖိုးႀကီးက ျပန္ေမးတယ္ “အာမဟုတ္ေသးပါ ဘူး အဲ့ကိတ္မုန႔္ အႀကီးႀကီးေတြက အာဟာမျပည့္ဘူး။ေသးေသးေလးနဲ႔ အာဟာရျပည့္တဲ့ေပါင္မုန႔္ေတြ စား”လို႔ သူ႔ေျမေလးကို ေျပာသတဲ့ကြယ္။

သူ႔ေျမးေလးကလဲ စိတ္ေကာက္သြားသတဲ့ကြယ္။ အဖိုးႀကီးမွာ မတတ္ႏိုင္ဘူး ပိုက္ဆံလဲ ပါမလာေတာ့ ေသးေသးေ လး နဲ႔ အာဟာရရွိတဲ့ ေပါင္မုန႔္ေလးဝယ္လာခဲ့တယ္။ လမ္းမွာႏွစ္ေယာက္သား ဝယ္လာတဲ့ ေပါင္မုန႔္ ေတြကို စားရင္း ခရီးဆက္သတဲ့ကြယ္။

လမ္းတစ္ဝက္ေရာက္ေတာ့ အဖိုးက သူ႔ေျမးေလးကို ေျပာျပတယ္ “ ေျမးေလး ခုဏက ေပါင္မုန႔္ဆိုင္မွာ ေျမးေလးက ကိတ္မုန႔္ အႀကီးႀကီးစားခ်င္တယ္လို႔ ပူဆာေတာ့ ေျမးေလးကို အဘိုးက မဝယ္နဲ႔ လို႔ေျပာတာ မစားေစ ခ်င္လို႔ မဟုတ္ပါဘူး၊ဒီလိုကြယ့္ ကမာၻမွာ ႀကီးတဲ့အရာတိုင္းေကာင္းတာမဟုတ္ဖူးဆိုတာကို နားလည္ေအာင္ ေျ မးေလးကို ပုံျပင္ တစ္ပုဒ္ေျပာျပမယ္ နားေထာင္” လို႔ သူ႔ေျမးေလးကို သူ႔အဘိုးက ပုံျပင္တစ္ပုဒ္ေျပာျပ သတဲ့ကြယ္။

“ဟိုေရွးေရွး တုန္းက တမာပင္ ႀကီးတစ္ပင္ လူေတြမေနတဲ့ေနရာမွာ ရွိသတဲ့ကြယ္။တမာပင္ ႀကီးရဲ႕ ေဘးမွာ သစ္ပင္ ပန္းပင္ ေသးေသးေလးေတြဘဲရွိတယ္။သူ႔လို တမာပင္ႀကီးမရွိဘူးတဲ့ကြယ္။အဲ့ဒီလိုမရွိေတာ့ တမာပင္ ႀကီး က သူအႀကီးဆုံး၊အေကာင္းဆုံး၊အသုံးဝင္ဆုံး လို႔ထင္တယ္တဲ့ကြယ္။သစ္ပင္ေလးေတြ ပန္းပင္ေလးေတြကလဲ သူ႔ကို ေျပာျပတယ္ အဲ့ေလာက္ႀကီး မာနမႀကီးဖို႔နဲ႔ သူ႔ထက္အသုံးဝင္တဲ့အပင္ေတြရွိေၾကာ င္းေျပာျပ တယ္။ ဒါေပမဲ့ တမာပင္ႀကီးက နားမေထာင္ဘူး ဆက္ၿပီးေတာ့ သူ႔ကိုယ္သူ မာန္ေထာင္ေနသတဲ့ကြယ္။

တစ္ေန႔ တမာပင္ႀကီး အနားမွာရွိတဲ့ အပင္ေလးတစ္ပင္က ၿမိဳ႕ကို သြားစရာကိစၥတစ္ခုရွိတယ္ ဆိုၿပီး တမာပင္ႀကီးကို ဘာ မွာလိုက္အုံးမလဲလို႔ေမးတယ္။တမာပင္ ႀကီးကလဲ ငါ့ေလာက္ႀကီးၿပီး အသုံးဝင္တဲ့ အပင္ေတြ႕ ရင္ ေခၚခဲ့စမ္းကြာလို႔ ၿမိဳ႕ကို သြားေတာ့မဲ့ သစ္ပင္ေလးကိုမွာလိုက္သတဲ့ကြယ္။သစ္ပင္ေလးလဲ အင္းအင္း လို႔ေျပာၿပီး ထြက္လာသတဲ့ကြယ္။
ၿမိဳ႕လဲေရာက္ေရာ ေတာအုပ္ထဲက ထြက္လာခဲ့တဲ့ သစ္ပင္ေလးက ေျမၾသဇာေတြ ဝယ္ဖို႔ ၿခံတစ္ၿခံကို ေရာက္သြား တယ္။ေရာက္သြားေတာ့ သူျမင္လိုက္တာက အလြန္လွပတဲ့ ႏွင္းဆီပင္ေတြကို လူေတြ အမ်ားႀကီး ေ႐ြးၿပီးဝယ္ေန တာကို ေတြ႕လိုက္သတဲ့ကြယ္။

“ဟိုႏွင္းဆီ အျဖဴပင္ေလးေပးပါအုံး” “ဟိုႏွင္းဆီ အနီပင္ေလးေပးပါအုံး” စေသာ အဲ့လို ဆူေလာင္စြာျဖင့္ ႏွင္းဆီပင္ေတြကို လူေတြ အမ်ားႀကီး ဝယ္ေနၾကတာ ေတြ႕သတဲ့ကြယ္။ အဲ့ေတာ့ သစ္ပင္ေလးလဲ အဲ့ဒါကိုျ မင္ၿပီး ငါတို႔ေတာအုပ္ထဲက တမာပင္ႀကီး ကို သူ႔ထက္ အပင္ေလး ေသးေပမဲ့ လူေတြ ေတာ္ေတာ္ႀကိဳက္ၿပီး စိုက္မ်ိဳးၾကတဲ့ ႏွင္းဆီပင္ေတြ ရွိေၾကာင္းေျပာျပရမယ္ ဆိုၿပီး ေတြးရင္ ေတာအုပ္ထဲသို႔ျပန္လာခဲ့တယ္။ ၿမိဳ႕ ကေနျ ပန္လာတဲ့သစ္ပင္ေလး ေတာအုပ္ထဲေရာက္ေတာ့ တမာပင္ႀကီးကို ေျပာျပတယ္။

“ခင္ဗ်ား က အႀကီးႀကီးသာ ျဖစ္တာ လူေတြ အတြက္ေရာ အႀကိဳက္ေရာ ခင္ဗ်ား ႏွင္းဆီ ပင္ေတြ ကိုမယွဥ္ႏိုင္ပါ ဘူး ဗ်ာ”လို႔ေျပာတယ္။ တမာပင္ႀကီးကလဲ သူ႔ကို အဲ့လို ေျပာေတာ့ စိတ္တိုသြားၿပီး ျပန္ေျပာတယ္ “ေအာင္မာ ဟုတ္လား အဲ့ဆို ငါ့လိုက္ျပစမ္း အဲ့ ေသးေသးေလးနဲ႔လူေတြ ေတာ္ေတာ္ ႀကိဳက္တဲ့ ႏွင္းဆီပင္ေတြ ရွိတဲ့ေ နရာကို” ၿမိဳ႕ကျပန္လာတဲ့ သစ္ပင္ေလးကလဲ “ဟုတ္ၿပီ လိုက္ျပမယ္ လိုက္ခဲ့”ဆိုၿပီးေျပာသတဲ့ကြယ္။ အဲ့ဒါနဲ႔ သစ္ပ င္ေလးနဲ႔ တမာပင္ႀကီးနဲ႔ က ေတာအုပ္ထဲက ထြက္ၿပီး ၿမိဳ႕ကို သြားၾကတာေပါ့ကြယ္။

ၿမိဳ႕လဲေရာက္ေရာ သစ္ပင္ပန္းပင္ေတြေရာင္းတဲ့ဆိုင္ကို ႏွစ္ေယာက္သား ဆက္သြားၾကတယ္။ သစ္ပင္ပန္းပ င္ေတြေ ရာင္း တဲ့ ေနရာလဲ ေရာက္ေရာ တမာပင္ႀကီးက ႏွင္းဆီပင္ေတြကို လူေတြ လုၿပီး ဝယ္ေနၾကတာကို ေတြ႕ သြားသတဲ့ကြယ္။ဒါကို တမာပင္ႀကီးက အျမင္မွန္မရေသးဘဲ လူေတြၾကားေအာင္ ဒီလို ေအာ္လိုက္သတဲ့ကြယ္ “ငါ ဟာ အဲ့ဒီ သစ္ပင္ေတြထက္ပိုၿပီးႀကီးတယ္ကြ၊မင္းတို႔ က အလကားေသးေသးေလးကို အဟုတ္ထင္ေနတယ္၊မင္းတို႔က ညဏ္မရွိတဲ့ေကာင္ေတြ”ဆိုၿပီး အဲ့လို ေအာ္ၿပီး အက်ယ္ႀကီးေျပာခ်လိုက္သတဲ့ကြယ္။

လူေတြက သူတို႔ ကို အဲ့လိုေျပာသံၾကားေတာ့ ပုဆိန္ေတြ တစ္ခါတည္းယူလဲၿပီး စိတ္တိုတိုနဲ႔ အဲ့သစ္ပင္ ႀကီးကို ဝိုင္း ခုတ္ၾကတာေပါ့ကြယ္။သစ္ပင္ႀကီးမွာ နာက်င္ၿပီး ေတာ့ ၿပိဳလဲသြားသတဲ့ကြယ္။ ေနာက္ၿပီး လူေတြထဲက တစ္ေယာက္ “ဒီ သစ္ပင္ ႀကီးသာႀကီးတာ ဘာမွ အသုံးမဝင္ပါဘူးကြာ သူ႔ရဲ႕ သစ္ပင္ အသားေတြကို မီးသာ ရႈိ႕လိုက္ကြာ” လို႔ေျပာသတဲ့ကြယ္။

အဲ့လိုနဲ႔ ေနာက္ဆုံး ကိုယ့္ကိုယ္ ႀကီးမားဆုံးထင္တဲ့ တမာပင္ႀကီးလဲ ေသသြားၿပီး မီးစာ အျဖစ္ေရာက္သြားသတဲ့ကြယ္” လို႔ သူေျမးေလးကို အဘိုးႀကီးက ႀကီးမားေပမဲ့ အသုံးမဝင္ အရာမေရာက္တဲ့အေၾကာင္း ပုံျပင္ေလးနဲ႔ အတူေျ ပာျပလိုက္တယ္။သူေျမးေလးလဲ သေဘာေပါက္သြားၿပီး ေခါင္းညိမ့္ၿပီး ၿပဳံးခါ စဥ္းစားေနေတာ့တယ္. . . . .။

LeoNaing

Admin

Unicode

“တမာပင်ကြီး”

တစ်ခါက ရွာလေးတစ်ရွာမှာ အဘိုးကြီးနဲ့ မြေးလေး တို့အိမ်တစ်အိမ်မှာ အတူတူ နေကြသတဲ့ကွယ်။အဘိုးကြီး အသက် က ၆၅နှစ်ရှိပြီ။သူ့မြေးလေးရဲ့ အသက်က ၁၄ နှစ်ရှိပြီ။

တစ်နေ့တော့ အဘိုးကြီးနဲ့ သူ့မြေးလေးတို့ဟာ ရွာကနေ မြို့ကို ပစ္စည်းတွေ သွားဝယ်ဖို့ ရွာကနေထွက်လာသတဲ့ ကွယ်။ သူတို့နှစ်ယောက် မြို့ကို မရောက်ခင် နှစ်ယောက်သား ဗိုက်ဆာလာကြသတဲ့ကွယ်။ခြေလျှင် ခရီးလဲ ဖြစ်တော့ ပိုပင်ပန်း တာပေါ့။အဲ့ဒါ နှစ်ယောက်သား အမြန်သွားကြတယ် မြို့ကို ရောက်အောင် လို့ဆိုပြီး။

မြို့လဲရောက်ရော နှစ်ယောက်သား တစ်ပြိုင်ထဲမှာဘဲ ပေါင်မုန့်ရောင်းတဲ့ဆိုင်ထဲကို ဝင်သွားကြသတဲ့။ပေါင်မုန့်တွေ အ များ ကြီး မှန်ကောင်တာ ထဲမှာ စီထားတယ်။အဲ့ဒါကို သူ့မြေးလေးကို အဖိုးကြီးက မေးတယ် ဘယ်ပေါင်မုန့် စားချင် သလဲလို့ ။မြေးလေးက ကိတ်မုန့် အကြီးကြီးစားချင်တာလို့ ဖြေတယ်။ အဖိုးကြီးက ပြန်မေးတယ် “အာမဟုတ်သေးပါ ဘူး အဲ့ကိတ်မုန့် အကြီးကြီးတွေက အာဟာမပြည့်ဘူး။သေးသေးလေးနဲ့ အာဟာရပြည့်တဲ့ပေါင်မုန့်တွေ စား”လို့ သူ့မြေလေးကို ပြောသတဲ့ကွယ်။

သူ့မြေးလေးကလဲ စိတ်ကောက်သွားသတဲ့ကွယ်။ အဖိုးကြီးမှာ မတတ်နိုင်ဘူး ပိုက်ဆံလဲ ပါမလာတော့ သေးသေးေ လး နဲ့ အာဟာရရှိတဲ့ ပေါင်မုန့်လေးဝယ်လာခဲ့တယ်။ လမ်းမှာနှစ်ယောက်သား ဝယ်လာတဲ့ ပေါင်မုန့် တွေကို စားရင်း ခရီးဆက်သတဲ့ကွယ်။

လမ်းတစ်ဝက်ရောက်တော့ အဖိုးက သူ့မြေးလေးကို ပြောပြတယ် “ မြေးလေး ခုဏက ပေါင်မုန့်ဆိုင်မှာ မြေးလေးက ကိတ်မုန့် အကြီးကြီးစားချင်တယ်လို့ ပူဆာတော့ မြေးလေးကို အဘိုးက မဝယ်နဲ့ လို့ပြောတာ မစားစေ ချင်လို့ မဟုတ်ပါ ဘူး၊ဒီလိုကွယ့် ကမ္ဘာမှာ ကြီးတဲ့အရာတိုင်းကောင်းတာမဟုတ်ဖူးဆိုတာကို နားလည်အောင် ေြ မးလေးကို ပုံပြင် တစ်ပုဒ်ပြောပြမယ် နားထောင်” လို့ သူ့မြေးလေးကို သူ့အဘိုးက ပုံပြင်တစ်ပုဒ်ပြောပြ သတဲ့ကွယ်။

“ဟိုရှေးရှေး တုန်းက တမာပင် ကြီးတစ်ပင် လူတွေမနေတဲ့နေရာမှာ ရှိသတဲ့ကွယ်။တမာပင် ကြီးရဲ့ ဘေးမှာ သစ်ပင် ပန်းပင် သေးသေးလေးတွေဘဲရှိတယ်။သူ့လို တမာပင်ကြီးမရှိဘူးတဲ့ကွယ်။အဲ့ဒီလိုမရှိတော့ တမာပင် ကြီး က သူအကြီးဆုံး၊အကောင်းဆုံး၊အသုံးဝင်ဆုံး လို့ထင်တယ်တဲ့ကွယ်။သစ်ပင်လေးတွေ ပန်းပင်လေးတွေကလဲ သူ့ကို ပြောပြတယ် အဲ့လောက်ကြီး မာနမကြီးဖို့နဲ့ သူ့ထက်အသုံးဝင်တဲ့အပင်တွေရှိကြော င်းပြောပြ တယ်။ ဒါပေမဲ့ တမာပင်ကြီးက နားမထောင်ဘူး ဆက်ပြီးတော့ သူ့ကိုယ်သူ မာန်ထောင်နေသတဲ့ကွယ်။

တစ်နေ့ တမာပင်ကြီး အနားမှာရှိတဲ့ အပင်လေးတစ်ပင်က မြို့ကို သွားစရာကိစ္စတစ်ခုရှိတယ် ဆိုပြီး တမာပင်ကြီးကို ဘာ မှာလိုက်အုံးမလဲလို့မေးတယ်။တမာပင် ကြီးကလဲ ငါ့လောက်ကြီးပြီး အသုံးဝင်တဲ့ အပင်တွေ့ ရင် ခေါ်ခဲ့စမ်းကွာလို့ မြို့ကို သွားတော့မဲ့ သစ်ပင်လေးကိုမှာလိုက်သတဲ့ကွယ်။သစ်ပင်လေးလဲ အင်းအင်း လို့ပြောပြီး ထွက်လာသတဲ့ကွယ်။
မြို့လဲရောက်ရော တောအုပ်ထဲက ထွက်လာခဲ့တဲ့ သစ်ပင်လေးက မြေသြဇာတွေ ဝယ်ဖို့ ခြံတစ်ခြံကို ရောက်သွား တယ်။ ရောက်သွားတော့ သူမြင်လိုက်တာက အလွန်လှပတဲ့ နှင်းဆီပင်တွေကို လူတွေ အများကြီး ရွေးပြီးဝယ်နေ တာကို တွေ့လိုက်သတဲ့ကွယ်။

“ဟိုနှင်းဆီ အဖြူပင်လေးပေးပါအုံး” “ဟိုနှင်းဆီ အနီပင်လေးပေးပါအုံး” စသော အဲ့လို ဆူလောင်စွာဖြင့် နှင်းဆီပင် တွေကို လူတွေ အများကြီး ဝယ်နေကြတာ တွေ့သတဲ့ကွယ်။ အဲ့တော့ သစ်ပင်လေးလဲ အဲ့ဒါကိုြ မင်ပြီး ငါတို့တော အုပ်ထဲက တမာပင်ကြီး ကို သူ့ထက် အပင်လေး သေးပေမဲ့ လူတွေ တော်တော်ကြိုက်ပြီး စိုက်မျိုးကြတဲ့ နှင်းဆီပင်တွေ ရှိကြောင်းပြောပြရမယ် ဆိုပြီး တွေးရင် တောအုပ်ထဲသို့ပြန်လာခဲ့တယ်။ မြို့ ကနြေ ပန်လာတဲ့သစ်ပင်လေး တောအုပ် ထဲရောက်တော့ တမာပင်ကြီးကို ပြောပြတယ်။

“ခင်ဗျား က အကြီးကြီးသာ ဖြစ်တာ လူတွေ အတွက်ရော အကြိုက်ရော ခင်ဗျား နှင်းဆီ ပင်တွေ ကိုမယှဉ်နိုင်ပါ ဘူး ဗျာ”လို့ပြောတယ်။ တမာပင်ကြီးကလဲ သူ့ကို အဲ့လို ပြောတော့ စိတ်တိုသွားပြီး ပြန်ပြောတယ် “အောင်မာ ဟုတ်လား အဲ့ဆို ငါ့လိုက်ပြစမ်း အဲ့ သေးသေးလေးနဲ့လူတွေ တော်တော် ကြိုက်တဲ့ နှင်းဆီပင်တွေ ရှိတဲ့ေ နရာကို” မြို့ကပြန်လာတဲ့ သစ်ပင်လေးကလဲ “ဟုတ်ပြီ လိုက်ပြမယ် လိုက်ခဲ့”ဆိုပြီးပြောသတဲ့ကွယ်။ အဲ့ဒါနဲ့ သစ်ပ င်လေးနဲ့ တမာပင်ကြီးနဲ့ က တောအုပ်ထဲက ထွက်ပြီး မြို့ကို သွားကြတာပေါ့ကွယ်။

မြို့လဲရောက်ရော သစ်ပင်ပန်းပင်တွေရောင်းတဲ့ဆိုင်ကို နှစ်ယောက်သား ဆက်သွားကြတယ်။ သစ်ပင်ပန်းပ င်တွေေ ရာင်း တဲ့ နေရာလဲ ရောက်ရော တမာပင်ကြီးက နှင်းဆီပင်တွေကို လူတွေ လုပြီး ဝယ်နေကြတာကို တွေ့ သွားသတဲ့ ကွယ်။ဒါကို တမာပင်ကြီးက အမြင်မှန်မရသေးဘဲ လူတွေကြားအောင် ဒီလို အော်လိုက်သတဲ့ကွယ် “ငါ ဟာ အဲ့ဒီ သစ်ပင် တွေထက်ပိုပြီးကြီးတယ်ကွ၊မင်းတို့ က အလကားသေးသေးလေးကို အဟုတ်ထင်နေတယ်၊မင်းတို့က ညဏ်မရှိတဲ့ ကောင် တွေ”ဆိုပြီး အဲ့လို အော်ပြီး အကျယ်ကြီးပြောချလိုက်သတဲ့ကွယ်။

လူတွေက သူတို့ ကို အဲ့လိုပြောသံကြားတော့ ပုဆိန်တွေ တစ်ခါတည်းယူလဲပြီး စိတ်တိုတိုနဲ့ အဲ့သစ်ပင် ကြီးကို ဝိုင်း ခုတ် ကြတာပေါ့ကွယ်။သစ်ပင်ကြီးမှာ နာကျင်ပြီး တော့ ပြိုလဲသွားသတဲ့ကွယ်။ နောက်ပြီး လူတွေထဲက တစ်ယောက် “ဒီ သစ်ပင် ကြီးသာကြီးတာ ဘာမှ အသုံးမဝင်ပါဘူးကွာ သူ့ရဲ့ သစ်ပင် အသားတွေကို မီးသာ ရှို့လိုက်ကွာ” လို့ပြောသ တဲ့ ကွယ်။

အဲ့လိုနဲ့ နောက်ဆုံး ကိုယ့်ကိုယ် ကြီးမားဆုံးထင်တဲ့ တမာပင်ကြီးလဲ သေသွားပြီး မီးစာ အဖြစ်ရောက်သွားသတဲ့ကွယ်” လို့ သူမြေးလေးကို အဘိုးကြီးက ကြီးမားပေမဲ့ အသုံးမဝင် အရာမရောက်တဲ့အကြောင်း ပုံပြင်လေးနဲ့ အတူေြ ပာပြ လိုက်တယ်။သူမြေးလေးလဲ သဘောပေါက်သွားပြီး ခေါင်းညိမ့်ပြီး ပြုံးခါ စဉ်းစားနေတော့တယ်. . . . .။

LeoNaing

Admin

Leave a Reply

Your email address will not be published. Required fields are marked *