ပုဂံဘုရားတြင္ အီတလီႏိုင္ငံသား စုံတြဲမွ မဖြယ္မရာျ ပဳလုပ္ၿပီး အျပာဝက္ဘ္ဆိုဒ္တင္ခဲ့သည့္ကိစၥအား မီဒီယာမ်ားမွ မဖြရန္ တားျမစ္

မၾကာေသးမီကာလက ကမာၻ႔အေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးစာရင္းဝင္ပုဂံတြင္ အီတလီႏိုင္ငံျ ခားစုံတြဲတစ္တြဲက ေရွးေဟာင္းဘုရားမ်ားအၾကားတြင္ မဖြယ္မရာျပဳလုပ္ၿပီး အျပာဝဘ္ဆိုက္ျဖစ္သည့္ Ponhub တြင္ င္ထားသည့္ အေၾကာင္းအရာကို မီဒီယာမ်ားကမဖြၾကရန္ ပုဂံယဥ္ေက်း မႈဌာနခြဲကၫႊန္မႉးဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

ယင္းကဲ့သို႔ အျပာဝဘ္ဆိုဒ္သို႔တင္ခဲ့သည့္ စုံတြဲကို သိရွိပါက အေရးယူရမည္ျဖစ္ေသာ္လည္း ယခုအခ်ိန္တြင္ အဆိုပါစုံတြဲ မည္သည့္ေနရာတြင္ရွိေၾကာင္းမသိႏိုင္သျဖင့္မည္သို႔မွ်အေရးယူ၍ မရေၾကာင္း ၎မွျပန္လည္ ေမးခြန္းထုတ္ခဲ့သည္။

“ဒီကိစၥက မီဒီယာမွာလည္း တာဝန္ရွိတာပဲ ၊ ကြၽန္ေတာ္တို႔ ဌာနတစ္ခုတည္းတင္ တာဝန္ရွိတာ မဟုတ္ဘူး ၊ တစ္ႏိုင္ငံလုံး နဲ႔ဆိုင္တဲ့ကိစၥ တစ္ႏိုင္ငံလုံးမွာတာဝန္ရွိတာ ၊ အေရးယူဖို႔ရာဆိုတာက ခ်က္ျခင္း သိလည္း သူဒီမွာရွိလား ၊ဘယ္မွာရွိလဲ တိတိက်က် ခိုင္ခိုင္မာမာ ကြၽန္ေတာ္တို႔ကသိလို႔ရွိရင္ အေရးယူလို႔ရတာေပါ့ တိတိက်က်ခိုင္ခိုင္မာမာမသိဘူးဆိုရင္ ကြၽန္ေ တာ္တို႔က သူတို႔ ကို ဘယ္လို အေရးယူမလဲ”ဟု ဦးေအာင္ေအာင္ေက်ာ္ ကေျပာသည္။

ပုဂံေရွးေဟာင္း ဘုရားမ်ားၾကားတြင္ မဖြယ္မရာျပဳလုပ္ၿပီး နာမည္ႀကီးအျပာဝဘ္ဆိုဒ္တစ္ခုျဖစ္သည့္ Ponhubသို ႔တင္ ခဲ့သည့္ စုံတြဲအေၾကာင္းကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ေဝဖန္မႈမ်ားရွိေနခဲ့ၿပီး ၊ ေဝဖန္မႈမ်ား သိရွိခ်ိန္အထိ မည္သည့္ ေဆာင္႐ြက္မႈမွ မလုပ္ခဲ့ျခင္းသည္ ျမန္မာတို႔၏ ႏွလုံးသားျဖစ္သည့္ပုဂံကို ေစာ္ကားသည့္ အျပဳအ မႈျဖစ္သျဖင့္ အလားတူျဖစ္စဥ္မ်ိဳး ထပ္မံမေပၚေပါက္ေစရန္ေဝဖန္သူမ်ားက ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ သင့္ေၾကာင္း ကိုလည္း အႀကံျပဳထားၾကသည္။

“ႏိုင္ငံျခားသားဆိုတိုင္း အဆင့္ရွိတာ မဟုတ္ဘူး ၊ တိုးရစ္ ကေလကေခ်ေတြ အမ်ားႀကီး ၊ တစ္ကယ္ အဆင့္ရွိသူေတြက ဥပေဒကို ေလးစားလိုက္နာၾကတယ္ ၊ ယဥ္ေက်းမႈကို အေလးထားတယ္၊ အခုဒီလိုျဖစ္သြားတဲ့ ကိစၥမွာလည္း ဘယ္သူ ဘယ္ဝါဆိုတာ မသိသိေအာင္ရွာၿပီး အျပစ္ေပးရမွာပါ ၊ မဟုတ္ရင္ ဒီထက္ဆိုးတဲ့ ေစာ္ကားမႈမ်ိဳးေတြ ထပ္ျဖစ္လာႏိုင္ပါတယ္” ဟု ဧည့္လမ္းၫႊန္တစ္ဦးျဖစ္သူ ဦးမိုးျမင့္က ေျပာသည္။

သတင္း-မိုးေဇာ္ #Myanmar_Online_News

Unicode

ပုဂံဘုရားတွင် အီတလီနိုင်ငံသား စုံတွဲမှ မဖွယ်မရာပြု လုပ်ပြီး အပြာဝက်ဘ်ဆိုဒ်တင်ခဲ့သည့်ကိစ္စအား မီဒီယာ များမှ မဖွရန် တားမြစ်

မကြာသေးမီကာလက ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးစာရင်းဝင်ပုဂံတွင် အီတလီနိုင်ငံြ ခားစုံတွဲတစ် တွဲက ရှေးဟောင်းဘုရားများအကြားတွင် မဖွယ်မရာပြုလုပ်ပြီး အပြာဝဘ်ဆိုက်ဖြစ်သည့် Ponhub တွင် င်ထားသည့် အကြောင်းအရာကို မီဒီယာများကမဖွကြရန် ပုဂံယဉ်ကျေး မှုဌာနခွဲကညွှန်မှူးဦးအောင်အောင်ကျော်က ပြောသည်။

ယင်းကဲ့သို့ အပြာဝဘ်ဆိုဒ်သို့တင်ခဲ့သည့် စုံတွဲကို သိရှိပါက အရေးယူရမည်ဖြစ်သော်လည်း ယခုအချိန်တွင် အဆိုပါစုံတွဲ မည်သည့်နေရာတွင်ရှိကြောင်းမသိနိုင်သဖြင့်မည်သို့မျှအရေးယူ၍ မရကြောင်း ၎င်းမှပြန်လည် မေးခွန်းထုတ်ခဲ့သည်။

“ဒီကိစ္စက မီဒီယာမှာလည်း တာဝန်ရှိတာပဲ ၊ ကျွန်တော်တို့ ဌာနတစ်ခုတည်းတင် တာဝန်ရှိတာ မဟုတ်ဘူး ၊ တစ်နိုင်ငံ လုံး နဲ့ဆိုင်တဲ့ကိစ္စ တစ်နိုင်ငံလုံးမှာတာဝန်ရှိတာ ၊ အရေးယူဖို့ရာဆိုတာက ချက်ခြင်း သိလည်း သူဒီမှာရှိလား ၊ဘယ် မှာရှိလဲ တိတိကျကျ ခိုင်ခိုင်မာမာ ကျွန်တော်တို့ကသိလို့ရှိရင် အရေးယူလို့ရတာပေါ့ တိတိကျကျခိုင်ခိုင်မာမာ မသိဘူး ဆိုရင် ကျွန်ေ တာ်တို့က သူတို့ ကို ဘယ်လို အရေးယူမလဲ”ဟု ဦးအောင်အောင်ကျော် ကပြောသည်။

ပုဂံရှေးဟောင်း ဘုရားများကြားတွင် မဖွယ်မရာပြုလုပ်ပြီး နာမည်ကြီးအပြာဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Ponhubသို့တင် ခဲ့သည့် စုံတွဲအကြောင်းကို လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများရှိနေခဲ့ပြီး ၊ ဝေဖန်မှုများ သိရှိချိန်အထိ မည်သည့် ဆောင်ရွက်မှုမှ မလုပ်ခဲ့ခြင်းသည် မြန်မာတို့၏ နှလုံးသားဖြစ်သည့်ပုဂံကို စော်ကားသည့် အပြုအ မှုဖြစ်သဖြင့် အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်ဝေဖန်သူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက် သင့်ကြောင်း ကိုလည်း အကြံပြုထားကြသည်။

“နိုင်ငံခြားသားဆိုတိုင်း အဆင့်ရှိတာ မဟုတ်ဘူး ၊ တိုးရစ် ကလေကချေတွေ အများကြီး ၊ တစ်ကယ် အဆင့်ရှိသူတွေက ဥပဒေကို လေးစားလိုက်နာကြတယ် ၊ ယဉ်ကျေးမှုကို အလေးထားတယ်၊ အခုဒီလိုဖြစ်သွားတဲ့ ကိစ္စမှာလည်း ဘယ်သူ ဘယ်ဝါဆိုတာ မသိသိအောင်ရှာပြီး အပြစ်ပေးရမှာပါ ၊ မဟုတ်ရင် ဒီထက်ဆိုးတဲ့ စော်ကားမှုမျိုးတွေ ထပ်ဖြစ်လာနိုင်ပါ တယ်” ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးမိုးမြင့်က ပြောသည်။

သတင်း-မိုးဇော် #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *