လူစိမ္းအဝင္ လူစိမ္းအထြက္

မိုးက လင္းအားႀကီးေတာ့မွ ႐ြာခ်လိုက္သည့္မိုး။ ေလမစြက္။ မိုးခ်ည္းသက္သက္႐ြာခ်လိုက္ပုံက ေရတံေလွ်ာက္ကေန ေရေ တြ ဒလေဟာ သြန္ခ်လိုက္သည့္အလား တေဝါေဝါ။ အညာ၌ ႐ြာသည့္ မိုးပဲျဖစ္ပါသည္။ သို႔ျဖစ္ရာ အညာမိုးပီပီ ႐ြာ သြန္းခ်ိန္ကမူ ေျပာပေလာက္ေအာင္ မတာရွည္လိုက္။ မနက္လင္းသည္ႏွင့္ မိုးက သူမဟုတ္ေတာ့သလိုမ်ိဳး။ အညာ ေဒသ ၿမိဳ႕ကေလးဝန္းက်င္မွာ ေနကေလးပင္ ပြင့္၍ ေနၿပီ။

မိုးျဖင့္ စြတ္စြတ္စိုစို စိမ္းစိမ္း လန္းလန္း ရွိႏွင့္ေသာ ၿမိဳ႕အထြက္ အညာျမင္ကြင္းက စက္ဘီးေပၚက သူ႔ကို ဆီး ႀကိဳၿမဲ ဆီးႀကိဳ၍ေနပါသည္။ ဟိုးခပ္လွမ္းလွမ္းက သက္တမ္းရင့္ ဧရာမေရကန္ႀကီးဆီတြင္မူ ေရေတြ ေဖြးလ်က္။ လမ္းေဘးဝဲယာရွိ ထြန္ဆဲ ယက္ဆဲ လယ္ကြင္း၊ ယာခင္းမ်ားထဲတြင္ ေျမစိုင္ေျမခဲေတြ အပိုင္းပိုင္း အတစ္တစ္ အစိတ္စိတ္ အႁမႊာႁမႊာ ကြဲေၾကလ်က္။ သစ္႐ြက္သစ္ခက္ကေလးမ်ား အေပၚတြင္ မိုးေပါက္ကေလးေတြ တင္က်န္ေနသည့္ ထေနာင္း ပင္ႏွင့္ တမာပင္မ်ားက စိမ္းခ်င္တိုင္းစိမ္းကာ လန္းဆန္းလ်က္။ မိုးနံ႔သင္းသည့္ ေလကေလးက ေအးျမလတ္ဆတ္စြာ သူ႔ကို တိုးေဝွ႔၍ လာပါသည္။

ၿမိဳ႕အထြက္ ကတၱရာလမ္းက မဆိုစေလာက္ကေလး က်ဥ္းကာ မဆိုစေလာက္ကေလး ၾကမ္းပါသည္။ ၿမိဳ႕ထြက္လွ်င္ ထြက္ခ် င္း အနိမ့္အျမင့္ အဆင္းအတက္ကေလး နည္းနည္း ရွိခ်င္ေသာ္လည္း ႀကိဳဆိုပါ၏ႏွင့္ ႏႈတ္ခြန္းဆက္သပါ၏ကို ေက်ာခ်င္းကပ္ထားသည့္ ဆိုင္းဘုတ္ကေလးကို လြန္ေျမာက္ကာ ၿမိဳ႕ကေလးမွ ပို၍ေဝးလာသည္ႏွင့္ လမ္းကပို၍ ေျပျပစ္သြားပါသည္။

သူ စက္ဘီးကို ခပ္မွန္မွန္ကေလးပဲ နင္းကာ ေန႔စဥ္လိုလို သြားေနက်လမ္းအတိုင္း ၿမိဳ႕ျပင္သို႔ ခရီးႏွင္လာခဲ့ပါသည္။ ဆိုင္ကယ္တခ်ိဳ႕၊ လူတခ်ိဳ႕ႏွင့္ ေမာ္ေတာ္ကားတခ်ိဳ႕မွတစ္ပါး ခပ္ေစာေစာ လမ္းသည္ ရွင္းလင္းလ်က္။ သုံးေလးမိုင္မရွိတရွိ သူ႔ခရီးလမ္း။ ေတာေက်ာင္း ဆရာကေလးတစ္ေယာက္၏ လုပ္ငန္းခြင္။

သို႔ျဖင့္ ေတာ္ေတာ္ကေလး နင္းလာၿပီးသည့္ေနာက္ သူ႔စာသင္ေက်ာင္းကေလးႏွင့္ နီးရာသို႔ သူ ေရာက္ လာပါသည္။ သူ ေတာင္ေျမာက္ေလးပါးကို တစ္ခ်က္ အကဲခတ္ၾကည့္လိုက္ၿပီးေနာက္ စက္ဘီးကို လမ္းေဘးသို႔ နည္းနည္းကေလး ခ်နင္းကာ တျဖည္းျဖည္း အရွိန္သတ္လိုက္ေတာ့ လက္ပံပင္ႀကီးအပါးကို ေရာက္သြားပါသည္။

လက္ပံပင္ႀကီးက ဧရာမလက္ပံပင္ႀကီး။ ကားလမ္းအစပ္တြင္ မည္သည့္အခ်ိန္ကတည္းက သူ ရပ္ေနခဲ့သည္မသိ။ ေျခကား ယား လက္ကားယားႏွင့္ လက္ပံပင္ႀကီး။ ေယာက္်ားသား ေလးငါးေယာက္ ဖက္ရေလာက္ေအာင္ကို ႀကီးပါဘိ။ ပင္စည္အ ရင္းက ေျမျပင္တြင္ တြန႔္လြန႔္ေကာက္ေကြးလ်က္။

ေတာေက်ာင္းဆရာက သူ႔လက္စြဲေတာ္ စက္ဘီးအိုကေလးကို လက္ပံပင္ႀကီး၏ ပင္စည္မွာ ေမွး၍ ေထာင္ထားလိုက္ပါ သည္။ ထို႔ ေနာက္ အပင္ႀကီး၏ မျမင္ကြယ္ရာဘက္ အျခမ္းဆီသို႔ ေလွ်ာက္သြားပါသည္။ ထို႔ေနာက္ ပခုံးတြင္ ခ်ိတ္ထား သည့္ လြယ္အိတ္ကေလးကို ျဖဳတ္ယူကာ အတြင္းက ပုဆိုးတစ္ထည္ကို ဆြဲထုတ္လိုက္သည္။ ေက်ာင္းဆရာဝတ္စုံ ပုဆိုးအ စိမ္း ကေလး။

သူက ပုဆိုးအစိမ္းကို ေခါင္းေပၚမွ စြပ္ခ်လိုက္ကာ သူ အိမ္ကအထြက္ ဝတ္လာသည့္ ပုဆိုးအကြက္ႀကီးႏွင့္ လဲဝတ္လိုက္ ပါသည္။ ထို႔ေနာက္ ခြၽတ္လိုက္သည့္ ပုဆိုးအကြက္ကို တစ္ခ်က္ႏွစ္ခ်က္ ခါလိုက္ၿပီး ေလထဲမွာပဲ ခပ္သြက္သြက္ ေခါက္လိုက္ကာ လြယ္အိ တ္ထဲသို႔ ထိုးထည့္လိုက္ပါ၏။

ပုဆိုးအစိမ္းႏွင့္ ေက်ာင္းဆရာပုံ ျပန္ေပါက္သြားသည့္ သူ႔ကိုယ္သူ ၿပဳံးခ်င္သလိုလို။ ဒါကို သူႏွင့္ တစ္ေက်ာင္း တည္း လုပ္ေဖာ္ကိုင္ဖက္ ဆရာမက ေက်ာင္းသြားရင္း အစအဆုံး ျမင္သြားခဲ့ပုံရပါသည္။ ထို႔ေၾကာင့္ လက္ပံပင္ ႀကီးနံေဘးမွာပဲ ဆိုင္ကယ္ကို ေထာင္ ထားခဲ့ကာ အေရခြံလဲသူ ေတာေက်ာင္းဆရာ ရွိရာဆီသို႔ ထိုဆရာမ ေရာက္ လာပါသည္။

“ဆရာ ဘာျဖစ္လို႔လဲ”

႐ုတ္တရက္ သူ႔မ်က္ႏွာတစ္ခုလုံး ထူပိန္းပိန္းႀကီး ျဖစ္သြားသည္။ ဆရာမအေမးကို ဘာျပန္ေျဖရမွန္း မသိ။ ေနာ က္ေတာ့ တရင္းတႏွီးလုပ္ေဖာ္ကိုင္ဖက္ ဆရာမပဲေလဟူသည့္ အသိက သူ႔ကို သက္ေသာင့္သက္သာ အေနအထားသို႔ ခ်က္ခ်င္းျပန္၍ ေရာက္သြားေစပါသည္။ သူဘြင္းဘြင္းပဲ ေျပာခ်ပစ္လိုက္သည္။ အိတ္ကိုလည္း သြန္၊ ဖာကို လည္းေမွာက္။

“ပုဆိုးလဲတာဗ်ာ။ ပုဆိုးအစိမ္းကို လြယ္အိတ္ထဲမွာ ေခါက္ၿပီးထည့္လာတာ အရပ္ထဲမွာ မဝတ္ခ်င္လို႔ အဲဒါ အခု ေက်ာင္း နားနီးလာလို႔ ျပန္လဲဝတ္တာ အဲဒါပါပဲဗ်ာ”

ထိုစကားကို ေျပာေနစဥ္ သူ႔အသံတို႔ ဘယ္ေလာက္မ်ား တုန္ယင္ကာ ေၾကကြဲရိပ္သမ္းေနခဲ့ေလမလဲ သူမသိ။ ဆရာမကေတာ့ သတိထားမိပုံရသည္။

“ပုဆိုးအစိမ္း။ ေနပါဦး ဆရာက ပုဆိုးအစိမ္းနဲ႔ ဘာျဖစ္ခဲ့လို႔တုံး” ပထမေတာ့ စကားလုံးတခ်ိဳ႕ သူ႔လည္ေခ်ာင္း တစ္ေလွ်ာက္မွာ တလိမ့္လိမ့္ တက္လာခဲ့ပါေသးသည္။ ေနာက္ေတာ့ တစ္ေနရာ၌ တစ္ဆို႔သြားကာ ဆရာမကို သူ တစ္ ခ်က္ၾကည့္မိသည္။

“မ်က္လုံးေတြကို မႀကိဳက္လို႔… ကဲပါ ၿပီးေတာ့ ေျပာမယ္ သြားစို႔”

ကိုယ္လုံးျပည့္ျပည့္ ခပ္ညိဳညိဳဆရာမက ဆိုင္ကယ္ေပၚသို႔ ပထမေရာက္သည္။ ၿပီးမွ သူက လက္ပံပင္မွာ မွီထားသည့္ စက္ဘီးေပၚသို႔ တက္သည္။ ေက်ာင္းတက္ေခါင္းေလာင္းထိုးၿပီ။

ေက်ာင္းဆရာတစ္ေယာက္အေနႏွင့္ ေက်ာင္းဝတ္စုံ ပုဆိုးအစိမ္းကေလးကို ဝတ္ခ်င္စိတ္ ကုန္ခန္းသြားခဲ့ရသည့္ ထိုေန႔က ေသာၾကာေန႔ျဖစ္သည္။

ထိုေန႔က သူေက်ာင္းသို႔ ေစာေစာသြားစရာမလို။ အခ်ိန္တစ္နာရီေက်ာ္ေက်ာ္ ႏွစ္နာရီေလာက္ သူ႔မွာ လြတ္လပ္ ခြင့္ ရွိေနခဲ့သည္။ ထို႔ေၾကာင့္ ၿမိဳ႕လယ္ စည္ပင္သာယာေဈးႀကီးေရွ႕ လက္ဖက္ရည္ဆိုင္ႀကီးတစ္ဆိုင္မွာ စိတ္ေျပ လက္ေ ပ်ာက္ ဝင္ထိုင္ဖို႔ ဆုံးျဖတ္ပါသည္။

ထိုဆိုင္က ႀကီးပါသည္။ စားပြဲခ်ည္းပဲ အလုံးငါးဆယ္ေလာက္ ရွိမည္ထင္သည္။ စားပြဲထိုးကေလးေတြက အေယာက္ႏွ စ္ဆယ္နီးနီး။ စားေသာက္ဖြယ္ရာ မုန႔္ပဲသေရစာ ေတာ္ေတာ့္ကို စုံသည့္ဆိုင္။ ၿမိဳ႕၏ အထင္ကရႏွင့္ အခ်က္အခ်ာ အက်ဆုံး ဆိုင္။

ထိုဆိုင္တြင္ ထိုေန႔က သူ ဝင္ထိုင္ပါသည္။ သူ႔အိတ္ထဲမွာ ေငြစေၾကးစကေလးကလည္း အထိုက္အေလ်ာက္ ရွိေနခဲ့ပါသည္။ ထို႔ေၾကာင့္ ခ်င္ျခင္းတပ္ရာေတြကို ျမည္းစမ္းဖို႔ သူစိတ္ကူးရွိသည္။

“ေပါက္စီခ်ကြာ ေနာက္ ေကာ္ျပန႔္စိမ္းခ် ေနာက္ အသားေပါင္း ေနဦး ပူတင္း ေအး ပူတင္းလည္းခ်
ဟုတ္ၿပီ” အပါးတြင္ လာရပ္သည့္ မည္းမည္းညႇက္ညႇက္ ပင့္ကူလူသား စြပ္က်ယ္ႏွင့္ စားပြဲထိုးကေလးကို သူမွာပါသည္။ ထို႔ေနာက္ လာခ်သည့္ လက္ဖက္ရည္ခြက္ကို တစ္ငုံေကာက္ငုံကာ ဂ်ာနယ္ဖတ္ရင္း ေစာင့္ေနလိုက္သည္မွာ အခ်ိန္အတန္လင့္သြား ပါသည္။

“သားေရ ေဟ့ကေလး လာဦးကြ”

သူ ပင့္ကူလူသား စြပ္က်ယ္ႏွင့္ ညိဳညစ္ညစ္ စားပြဲထိုးကေလးကို ေနာက္တစ္ခါထပ္၍ ေခၚပါသည္။ ေပါက္စီကြာ၊ ေကာ္ျ ပန႔္စိမ္းကြာ၊ အသားေပါင္းကြာ၊ ပူတင္းကြာေတြ သူ႔ႏႈတ္ဖ်ားက ျပန္၍ ထြက္က်လာသည္။ စားပြဲထိုးကေလးက ဟုတ္ဟု ၿပီးစလြယ္ေျပာၿပီး ထြက္သြားျပန္ပါသည္။ သူေစာင့္သည္။ ျပန္ေရာက္မလာျပန္ခဲ့။ မထီမဲ့ျမင္ဆန္လွပါလားဟု သူ အေတြးေရာက္ကာ ခပ္လွမ္းလွမ္းတြင္ လူးလာခတ္ေနသည့္ ထိုစားပြဲထိုးကေလးကိုပဲ လက္ခုပ္သံေပး၍ လွ မ္းေခၚ လိုက္ပါသည္။

“သားေရ မုန႔္ေတြ မွာထားတယ္ကြာ ခ်မွေပါ့” သည္တစ္ခါမွာေတာ့ စားပြဲထိုးကေလးက စားပြဲေဘးမွာရပ္ရင္း သူ႔ခါးမွာ ဝတ္ထားသည့္ ပုဆိုးအစိမ္းကိုပဲ မ်က္ေမွာင္ၾကဳတ္လ်က္ အၾကာႀကီး ၾကည့္ေနပါသည္။ သူ ဘာကို မယုံသကၤာျ ဖစ္ေနေလသလဲမသိ။ သူက ေက်ာင္းဆရာ၏ မ်က္ႏွာကို တစ္ခ်က္ လွန္ၾကည့္ကာ ပုဆိုးအစိမ္းကို ေနာက္တစ္ခါ ထပ္ၾကည့္ေနျပန္ပါသည္။ ၿပီးမွ ညစ္ထတ္ထတ္ စားပြဲထိုးကေလးက…“ဦးေလး… ခင္ဗ်ားက တကယ္စားမွာလား” တဲ့။

ဘာကြ။ ေဟ့ေကာင္ ဘာကြ။ ထိုအသံေတြက ဆိုင္ထဲမွာ နည္းနည္းကေလး ျပင္းထန္သြားသည္။ ေက်ာင္း ဆရာက ခ်က္ခ်င္းပင္ တုံ႔ျပန္ထည့္လိုက္ရာ စားပြဲဝိုင္းတခ်ိဳ႕က အၾကည့္တို႔ သူတို႔စားပြဲရွိရာ ေရာက္လာပါသည္။

ပုဆိုးအစိမ္း ဝတ္ထားသူေတြ ဘယ္ႏွခါမ်ား မုန႔္မခ်နဲ႔ လုပ္ခဲ့ၾကေလသလဲ၊ မုန႔္ေတြမွာၿပီး မစားဘဲ ထသြားခဲ့ၾကေလသလဲ သူမသိ။ “မင္းကိုစားမလို႔ မွာတာေပါ့ကြ မစားဘဲ မွာပါ့မလား မင္းတို႔က”

ေက်ာင္းဆရာ သူ႔ေဒါသကို သူ မထိန္းႏိုင္ခဲ့။ ပတ္ဝန္းက်င္ စားပြဲဝိုင္း တစ္ဝိုင္းစ ႏွစ္ဝိုင္းစက ေက်ာင္း ဆရာ၏ ပုဆိုးစိမ္းစိမ္းဆီကို အားတုံ႔အားနာ အၾကည့္ေတြ ေရာက္လာသည္။ သူ ေတာက္တစ္ခ်က္ ျပင္းျပ င္းေခါက္မိသည္။

အညာရွိ ၿမိဳ႕ျပင္ ေတာမူလတန္းေ က်ာင္းကေလးထဲမွာ သူ႔အျဖစ္ကို ဆရာက ေျပာျပေတာ့ သူ႔လုပ္ေဖာ္ကိုင္ဖက္ ဆရာမႏွစ္ေယာက္ သက္ျပင္းကိုယ္စီ ခ်ျဖစ္သည္။ အထည္ဆိုင္ႀကီး တစ္ဆိုင္ထဲသို႔ ဝင္စဥ္က ဆရာမႏွစ္ေယာက္ အင္ဒိုနီးရွားပါတိ တ္အစစ္ကေလးတခ်ိဳ႕ အဆင္ႀကိဳက္သျဖင့္ ဝယ္ရန္ စိတ္ကူးၿပီး ျပေပးဖို႔ ေျပာရာ အေရာင္းစာေရးမကေလးက ဆရာမ တို႔ ၏ ထဘီအစိမ္းေတြကို အဓိပၸာယ္ပါပါ လွမ္းၾကည့္ကာ အဲဒါေတြက ေဈးႀကီးတယ္ ဆရာမရဲ႕ဟု ေျပာၿပီး ျပေပးဖို႔ရာ ဝန္ေလးေနပုံကို သူတို႔ ဖ်တ္ခနဲ သတိရ သြားသည္။

“ေက်ာင္းကလြဲရင္ ဘယ္ေနရာကိုမွ ပုဆိုးအစိမ္းနဲ႔ မသြားဘူးလို႔ ဆုံးျဖတ္ထားတယ္” ေက်ာင္းဆင္းၿပီမို႔ အ သား ညိဳညိဳ ေမး႐ိုးကားကားႏွင့္ ေက်ာင္းဆရာက သူ႔လြယ္အိတ္ကေလးကို လွမ္းဆြဲသည္။ လြယ္အိတ္ထဲမွာ အရပ္ ဝတ္ပုဆိုးအကြက္ပါသည္။ ၿမိဳ႕သို႔ ျပန္မဝင္မီ ယခုခါးထဲက ပုဆိုးအစိမ္းႏွင့္ ထိုပုဆိုးကို သူလဲဝတ္မည္။ အေပၚကေန ဆီးမိုး ကာ ငုံ႔ၾကည့္သလိုမ်ိဳး မ်က္လုံးေတြကို သူမႀကိဳက္။ ဘယ္ေနရာမွာ သူပုဆိုးကို ျပန္လဲဝတ္မွာပါလိမ့္။ မနက္က လက္ပံပင္ ႀကီး အေနာက္မွာပဲလား၊ ဒါမွမဟုတ္…။

ကိုယ္ကိုယ္တိုင္က စားပြဲထိုးကာ ဘဝကို ႐ုန္းကန္ေနသည့္ လူငယ္ကေလးကပင္ တကယ္စားမွာလားဟု ထုတ္ေမးကာ ၾကည့္ေနသည့္ မ်က္လုံး၊ ေ႐ႊဆိုင္ထဲက မ်က္လုံး၊ အိမ္ေထာင္ပရိေဘာဂ ဆိုင္ထဲက မ်က္လုံး၊ စတိုးဆိုင္ထဲက မ်က္လုံး၊ စားေ သာက္ ဆိုင္ ႀကီးေတြထဲက မ်က္လုံး။ သူခံျပင္းသည္။

ေၾသာ္… ၿမိဳ႕ထဲသို႔ ျပန္အဝင္မွာ ပုဆိုးအစိမ္းကို ျပန္ခြၽတ္၊ ၿမိဳ႕ထဲက ျပန္အထြက္မွာ ပုဆိုးအစိမ္းကို ျပန္ဝတ္ႏွင့္ အေ ရခြံ လဲသည့္အလုပ္ကို ေတာေက်ာင္းဆရာတစ္ေယာက္ ဘယ္ကာလအထိမ်ား ဆက္လုပ္ေနမွာပါလိမ့္။

Khit Ya Nant Online Media ေပ့ဂ်္ကေန ကူးယူၿပီး စာအုပ္နဲ႔တိုက္ကာ အနည္းငယ္ ျပင္႐ိုက္ထားပါတယ္။

သ႐ုပ္ေဖာ္ပုံ – မုတ္သုံ

စေလ ငေနာ့

Unicode

လူစိမ်းအဝင် လူစိမ်းအထွက်

မိုးက လင်းအားကြီးတော့မှ ရွာချလိုက်သည့်မိုး။ လေမစွက်။ မိုးချည်းသက်သက်ရွာချလိုက်ပုံက ရေတံလျှောက်ကနေ ရေေ တွ ဒလဟော သွန်ချလိုက်သည့်အလား တဝေါဝေါ။ အညာ၌ ရွာသည့် မိုးပဲဖြစ်ပါသည်။ သို့ဖြစ်ရာ အညာမိုးပီပီ ရွာ သွန်းချိန်ကမူ ပြောပလောက်အောင် မတာရှည်လိုက်။ မနက်လင်းသည်နှင့် မိုးက သူမဟုတ်တော့သလိုမျိုး။ အညာ ဒေသ မြို့ကလေးဝန်းကျင်မှာ နေကလေးပင် ပွင့်၍ နေပြီ။

မိုးဖြင့် စွတ်စွတ်စိုစို စိမ်းစိမ်း လန်းလန်း ရှိနှင့်သော မြို့အထွက် အညာမြင်ကွင်းက စက်ဘီးပေါ်က သူ့ကို ဆီး ကြိုမြဲ ဆီးကြို၍နေပါသည်။ ဟိုးခပ်လှမ်းလှမ်းက သက်တမ်းရင့် ဧရာမရေကန်ကြီးဆီတွင်မူ ရေတွေ ဖွေးလျက်။ လမ်းဘေးဝဲယာရှိ ထွန်ဆဲ ယက်ဆဲ လယ်ကွင်း၊ ယာခင်းများထဲတွင် မြေစိုင်မြေခဲတွေ အပိုင်းပိုင်း အတစ်တစ် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေလျက်။ သစ်ရွက်သစ်ခက်ကလေးများ အပေါ်တွင် မိုးပေါက်ကလေးတွေ တင်ကျန်နေသည့် ထနောင်း ပင်နှင့် တမာပင်များက စိမ်းချင်တိုင်းစိမ်းကာ လန်းဆန်းလျက်။ မိုးနံ့သင်းသည့် လေကလေးက အေးမြလတ်ဆတ်စွာ သူ့ကို တိုးဝှေ့၍ လာပါသည်။

မြို့အထွက် ကတ္တရာလမ်းက မဆိုစလောက်ကလေး ကျဉ်းကာ မဆိုစလောက်ကလေး ကြမ်းပါသည်။ မြို့ထွက်လျှင် ထွက်ချ င်း အနိမ့်အမြင့် အဆင်းအတက်ကလေး နည်းနည်း ရှိချင်သော်လည်း ကြိုဆိုပါ၏နှင့် နှုတ်ခွန်းဆက်သပါ၏ကို ကျောချင်းကပ်ထားသည့် ဆိုင်းဘုတ်ကလေးကို လွန်မြောက်ကာ မြို့ကလေးမှ ပို၍ဝေးလာသည်နှင့် လမ်းကပို၍ ပြေပြစ်သွားပါသည်။

သူ စက်ဘီးကို ခပ်မှန်မှန်ကလေးပဲ နင်းကာ နေ့စဉ်လိုလို သွားနေကျလမ်းအတိုင်း မြို့ပြင်သို့ ခရီးနှင်လာခဲ့ပါသည်။ ဆိုင်ကယ်တချို့၊ လူတချို့နှင့် မော်တော်ကားတချို့မှတစ်ပါး ခပ်စောစော လမ်းသည် ရှင်းလင်းလျက်။ သုံးလေးမိုင်မရှိတရှိ သူ့ခရီးလမ်း။ တောကျောင်း ဆရာကလေးတစ်ယောက်၏ လုပ်ငန်းခွင်။

သို့ဖြင့် တော်တော်ကလေး နင်းလာပြီးသည့်နောက် သူ့စာသင်ကျောင်းကလေးနှင့် နီးရာသို့ သူ ရောက် လာပါသည်။ သူ တောင်မြောက်လေးပါးကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် စက်ဘီးကို လမ်းဘေးသို့ နည်းနည်းကလေး ချနင်းကာ တဖြည်းဖြည်း အရှိန်သတ်လိုက်တော့ လက်ပံပင်ကြီးအပါးကို ရောက်သွားပါသည်။

လက်ပံပင်ကြီးက ဧရာမလက်ပံပင်ကြီး။ ကားလမ်းအစပ်တွင် မည်သည့်အချိန်ကတည်းက သူ ရပ်နေခဲ့သည်မသိ။ ခြေကား ယား လက်ကားယားနှင့် လက်ပံပင်ကြီး။ ယောက်ျားသား လေးငါးယောက် ဖက်ရလောက်အောင်ကို ကြီးပါဘိ။ ပင်စည်အ ရင်းက မြေပြင်တွင် တွန့်လွန့်ကောက်ကွေးလျက်။

တောကျောင်းဆရာက သူ့လက်စွဲတော် စက်ဘီးအိုကလေးကို လက်ပံပင်ကြီး၏ ပင်စည်မှာ မှေး၍ ထောင်ထားလိုက်ပါ သည်။ ထို့ နောက် အပင်ကြီး၏ မမြင်ကွယ်ရာဘက် အခြမ်းဆီသို့ လျှောက်သွားပါသည်။ ထို့နောက် ပခုံးတွင် ချိတ်ထား သည့် လွယ်အိတ်ကလေးကို ဖြုတ်ယူကာ အတွင်းက ပုဆိုးတစ်ထည်ကို ဆွဲထုတ်လိုက်သည်။ ကျောင်းဆရာဝတ်စုံ ပုဆိုးအ စိမ်း ကလေး။

သူက ပုဆိုးအစိမ်းကို ခေါင်းပေါ်မှ စွပ်ချလိုက်ကာ သူ အိမ်ကအထွက် ဝတ်လာသည့် ပုဆိုးအကွက်ကြီးနှင့် လဲဝတ်လိုက် ပါသည်။ ထို့နောက် ချွတ်လိုက်သည့် ပုဆိုးအကွက်ကို တစ်ချက်နှစ်ချက် ခါလိုက်ပြီး လေထဲမှာပဲ ခပ်သွက်သွက် ခေါက်လိုက်ကာ လွယ်အိ တ်ထဲသို့ ထိုးထည့်လိုက်ပါ၏။

ပုဆိုးအစိမ်းနှင့် ကျောင်းဆရာပုံ ပြန်ပေါက်သွားသည့် သူ့ကိုယ်သူ ပြုံးချင်သလိုလို။ ဒါကို သူနှင့် တစ်ကျောင်း တည်း လုပ်ဖော်ကိုင်ဖက် ဆရာမက ကျောင်းသွားရင်း အစအဆုံး မြင်သွားခဲ့ပုံရပါသည်။ ထို့ကြောင့် လက်ပံပင် ကြီးနံဘေးမှာပဲ ဆိုင်ကယ်ကို ထောင် ထားခဲ့ကာ အရေခွံလဲသူ တောကျောင်းဆရာ ရှိရာဆီသို့ ထိုဆရာမ ရောက် လာပါသည်။

“ဆရာ ဘာဖြစ်လို့လဲ”

ရုတ်တရက် သူ့မျက်နှာတစ်ခုလုံး ထူပိန်းပိန်းကြီး ဖြစ်သွားသည်။ ဆရာမအမေးကို ဘာပြန်ဖြေရမှန်း မသိ။ နော က်တော့ တရင်းတနှီးလုပ်ဖော်ကိုင်ဖက် ဆရာမပဲလေဟူသည့် အသိက သူ့ကို သက်သောင့်သက်သာ အနေအထားသို့ ချက်ချင်းပြန်၍ ရောက်သွားစေပါသည်။ သူဘွင်းဘွင်းပဲ ပြောချပစ်လိုက်သည်။ အိတ်ကိုလည်း သွန်၊ ဖာကို လည်းမှောက်။

“ပုဆိုးလဲတာဗျာ။ ပုဆိုးအစိမ်းကို လွယ်အိတ်ထဲမှာ ခေါက်ပြီးထည့်လာတာ အရပ်ထဲမှာ မဝတ်ချင်လို့ အဲဒါ အခု ကျောင်း နားနီးလာလို့ ပြန်လဲဝတ်တာ အဲဒါပါပဲဗျာ”

ထိုစကားကို ပြောနေစဉ် သူ့အသံတို့ ဘယ်လောက်များ တုန်ယင်ကာ ကြေကွဲရိပ်သမ်းနေခဲ့လေမလဲ သူမသိ။ ဆရာမကတော့ သတိထားမိပုံရသည်။

“ပုဆိုးအစိမ်း။ နေပါဦး ဆရာက ပုဆိုးအစိမ်းနဲ့ ဘာဖြစ်ခဲ့လို့တုံး” ပထမတော့ စကားလုံးတချို့ သူ့လည်ချောင်း တစ်လျှောက်မှာ တလိမ့်လိမ့် တက်လာခဲ့ပါသေးသည်။ နောက်တော့ တစ်နေရာ၌ တစ်ဆို့သွားကာ ဆရာမကို သူ တစ် ချက်ကြည့်မိသည်။

“မျက်လုံးတွေကို မကြိုက်လို့… ကဲပါ ပြီးတော့ ပြောမယ် သွားစို့”

ကိုယ်လုံးပြည့်ပြည့် ခပ်ညိုညိုဆရာမက ဆိုင်ကယ်ပေါ်သို့ ပထမရောက်သည်။ ပြီးမှ သူက လက်ပံပင်မှာ မှီထားသည့် စက်ဘီးပေါ်သို့ တက်သည်။ ကျောင်းတက်ခေါင်းလောင်းထိုးပြီ။

ကျောင်းဆရာတစ်ယောက်အနေနှင့် ကျောင်းဝတ်စုံ ပုဆိုးအစိမ်းကလေးကို ဝတ်ချင်စိတ် ကုန်ခန်းသွားခဲ့ရသည့် ထိုနေ့က သောကြာနေ့ဖြစ်သည်။

ထိုနေ့က သူကျောင်းသို့ စောစောသွားစရာမလို။ အချိန်တစ်နာရီကျော်ကျော် နှစ်နာရီလောက် သူ့မှာ လွတ်လပ် ခွင့် ရှိနေခဲ့သည်။ ထို့ကြောင့် မြို့လယ် စည်ပင်သာယာဈေးကြီးရှေ့ လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ စိတ်ပြေ လက်ေ ပျာက် ဝင်ထိုင်ဖို့ ဆုံးဖြတ်ပါသည်။

ထိုဆိုင်က ကြီးပါသည်။ စားပွဲချည်းပဲ အလုံးငါးဆယ်လောက် ရှိမည်ထင်သည်။ စားပွဲထိုးကလေးတွေက အယောက်နှ စ်ဆယ်နီးနီး။ စားသောက်ဖွယ်ရာ မုန့်ပဲသရေစာ တော်တော့်ကို စုံသည့်ဆိုင်။ မြို့၏ အထင်ကရနှင့် အချက်အချာ အကျဆုံး ဆိုင်။

ထိုဆိုင်တွင် ထိုနေ့က သူ ဝင်ထိုင်ပါသည်။ သူ့အိတ်ထဲမှာ ငွေစကြေးစကလေးကလည်း အထိုက်အလျောက် ရှိနေခဲ့ပါသည်။ ထို့ကြောင့် ချင်ခြင်းတပ်ရာတွေကို မြည်းစမ်းဖို့ သူစိတ်ကူးရှိသည်။

“ပေါက်စီချကွာ နောက် ကော်ပြန့်စိမ်းချ နောက် အသားပေါင်း နေဦး ပူတင်း အေး ပူတင်းလည်းချ ဟုတ်ပြီ” အပါး တွင် လာရပ်သည့် မည်းမည်းညှက်ညှက် ပင့်ကူလူသား စွပ်ကျယ်နှင့် စားပွဲထိုးကလေးကို သူမှာပါသည်။ ထို့နောက် လာချ သည့် လက်ဖက်ရည်ခွက်ကို တစ်ငုံကောက်ငုံကာ ဂျာနယ်ဖတ်ရင်း စောင့်နေလိုက်သည်မှာ အချိန်အတန်လင့်သွား ပါသည်။

“သားရေ ဟေ့ကလေး လာဦးကွ”

သူ ပင့်ကူလူသား စွပ်ကျယ်နှင့် ညိုညစ်ညစ် စားပွဲထိုးကလေးကို နောက်တစ်ခါထပ်၍ ခေါ်ပါသည်။ ပေါက်စီကွာ၊ ကော်ြ ပန့်စိမ်းကွာ၊ အသားပေါင်းကွာ၊ ပူတင်းကွာတွေ သူ့နှုတ်ဖျားက ပြန်၍ ထွက်ကျလာသည်။ စားပွဲထိုးကလေးက ဟုတ်ဟု ပြီးစလွယ်ပြောပြီး ထွက်သွားပြန်ပါသည်။ သူစောင့်သည်။ ပြန်ရောက်မလာပြန်ခဲ့။ မထီမဲ့မြင်ဆန်လှပါလားဟု သူ အတွေးရောက်ကာ ခပ်လှမ်းလှမ်းတွင် လူးလာခတ်နေသည့် ထိုစားပွဲထိုးကလေးကိုပဲ လက်ခုပ်သံပေး၍ လှ မ်းခေါ် လိုက်ပါသည်။

“သားရေ မုန့်တွေ မှာထားတယ်ကွာ ချမှပေါ့” သည်တစ်ခါမှာတော့ စားပွဲထိုးကလေးက စားပွဲဘေးမှာရပ်ရင်း သူ့ခါးမှာ ဝတ်ထားသည့် ပုဆိုးအစိမ်းကိုပဲ မျက်မှောင်ကြုတ်လျက် အကြာကြီး ကြည့်နေပါသည်။ သူ ဘာကို မယုံသင်္ကာြ ဖစ်နေလေသလဲမသိ။ သူက ကျောင်းဆရာ၏ မျက်နှာကို တစ်ချက် လှန်ကြည့်ကာ ပုဆိုးအစိမ်းကို နောက်တစ်ခါ ထပ်ကြည့်နေပြန်ပါသည်။ ပြီးမှ ညစ်ထတ်ထတ် စားပွဲထိုးကလေးက…“ဦးလေး… ခင်ဗျားက တကယ်စားမှာလား” တဲ့။

ဘာကွ။ ဟေ့ကောင် ဘာကွ။ ထိုအသံတွေက ဆိုင်ထဲမှာ နည်းနည်းကလေး ပြင်းထန်သွားသည်။ ကျောင်း ဆရာက ချက်ချင်းပင် တုံ့ပြန်ထည့်လိုက်ရာ စားပွဲဝိုင်းတချို့က အကြည့်တို့ သူတို့စားပွဲရှိရာ ရောက်လာပါသည်။

ပုဆိုးအစိမ်း ဝတ်ထားသူတွေ ဘယ်နှခါများ မုန့်မချနဲ့ လုပ်ခဲ့ကြလေသလဲ၊ မုန့်တွေမှာပြီး မစားဘဲ ထသွားခဲ့ကြလေသလဲ သူမသိ။ “မင်းကိုစားမလို့ မှာတာပေါ့ကွ မစားဘဲ မှာပါ့မလား မင်းတို့က”

ကျောင်းဆရာ သူ့ဒေါသကို သူ မထိန်းနိုင်ခဲ့။ ပတ်ဝန်းကျင် စားပွဲဝိုင်း တစ်ဝိုင်းစ နှစ်ဝိုင်းစက ကျောင်း ဆရာ၏ ပုဆိုးစိမ်းစိမ်းဆီကို အားတုံ့အားနာ အကြည့်တွေ ရောက်လာသည်။ သူ တောက်တစ်ချက် ပြင်းပြ င်းခေါက်မိသည်။

အညာရှိ မြို့ပြင် တောမူလတန်းေ ကျာင်းကလေးထဲမှာ သူ့အဖြစ်ကို ဆရာက ပြောပြတော့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာမ နှစ်ယောက် သက်ပြင်းကိုယ်စီ ချဖြစ်သည်။ အထည်ဆိုင်ကြီး တစ်ဆိုင်ထဲသို့ ဝင်စဉ်က ဆရာမနှစ်ယောက် အင်ဒိုနီးရှားပါတိ တ်အစစ်ကလေးတချို့ အဆင်ကြိုက်သဖြင့် ဝယ်ရန် စိတ်ကူးပြီး ပြပေးဖို့ ပြောရာ အရောင်း စာရေး မကလေးက ဆရာမ တို့ ၏ ထဘီအစိမ်းတွေကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကာ အဲဒါတွေက ဈေးကြီးတယ် ဆရာမရဲ့ဟု ပြောပြီး ပြပေးဖို့ရာ ဝန်လေးနေပုံကို သူတို့ ဖျတ်ခနဲ သတိရ သွားသည်။

“ကျောင်းကလွဲရင် ဘယ်နေရာကိုမှ ပုဆိုးအစိမ်းနဲ့ မသွားဘူးလို့ ဆုံးဖြတ်ထားတယ်” ကျောင်းဆင်းပြီမို့ အ သား ညိုညို မေးရိုးကားကားနှင့် ကျောင်းဆရာက သူ့လွယ်အိတ်ကလေးကို လှမ်းဆွဲသည်။ လွယ်အိတ်ထဲမှာ အရပ် ဝတ်ပုဆိုးအ ကွက် ပါသည်။ မြို့သို့ ပြန်မဝင်မီ ယခုခါးထဲက ပုဆိုးအစိမ်းနှင့် ထိုပုဆိုးကို သူလဲဝတ်မည်။ အပေါ်ကနေ ဆီးမိုး ကာ ငုံ့ကြည့်သလိုမျိုး မျက်လုံးတွေကို သူမကြိုက်။ ဘယ်နေရာမှာ သူပုဆိုးကို ပြန်လဲဝတ်မှာပါလိမ့်။ မနက်က လက်ပံပင် ကြီး အနောက်မှာပဲလား၊ ဒါမှမဟုတ်…။

ကိုယ်ကိုယ်တိုင်က စားပွဲထိုးကာ ဘဝကို ရုန်းကန်နေသည့် လူငယ်ကလေးကပင် တကယ်စားမှာလားဟု ထုတ်မေးကာ ကြည့်နေသည့် မျက်လုံး၊ ရွှေဆိုင်ထဲက မျက်လုံး၊ အိမ်ထောင်ပရိဘောဂ ဆိုင်ထဲက မျက်လုံး၊ စတိုးဆိုင်ထဲက မျက်လုံး၊ စားေ သာက် ဆိုင် ကြီးတွေထဲက မျက်လုံး။ သူခံပြင်းသည်။

သြော်… မြို့ထဲသို့ ပြန်အဝင်မှာ ပုဆိုးအစိမ်းကို ပြန်ချွတ်၊ မြို့ထဲက ပြန်အထွက်မှာ ပုဆိုးအစိမ်းကို ပြန်ဝတ်နှင့် အေ ရခွံ လဲသည့်အလုပ်ကို တောကျောင်းဆရာတစ်ယောက် ဘယ်ကာလအထိများ ဆက်လုပ်နေမှာပါလိမ့်။

Khit Ya Nant Online Media ပေ့ဂျ်ကနေ ကူးယူပြီး စာအုပ်နဲ့တိုက်ကာ အနည်းငယ် ပြင်ရိုက်ထားပါတယ်။

သရုပ်ဖော်ပုံ – မုတ်သုံ

စလေ ငနော့

Leave a Reply

Your email address will not be published. Required fields are marked *