အသက္ရႉလို႔ မဝေတာ့ဘူး

ျမန္မာစာေပေလာကတြင္ ထင္ရွားသည့္ စာေရးဆရာႀကီး တစ္ေယာက္ ရွိခဲ့ဖူးပါသည္။ ဆရာႀကီးက ဘာသာျပန္ စာအုပ္ အတန္အသင့္ ေရးခဲ့ဖူးပါသည္။ ပင္ကိုေရးေတြကလည္း အေရအတြက္အားျဖင့္ မနည္းလွပါ။ အထူး သျဖင့္ အဂၤလိပ္ဘာသာရပ္ဆိုင္ရာ စာအုပ္ေတြက ဆရာႀကီး၏ အားထုတ္ျပဳစုမႈ ထုႀကီးထည္ႀကီးမ်ားပင္ ျဖစ္ပါသည္။ ဆရာႀကီးကို လူမႈဆက္ဆံေရး နယ္ပယ္၌ ခြက်သူႀကီး၊ ခြသမားႀကီး၊ ဘုသမားႀကီး စသည္ျဖင့္ ကင္ပြန္းတ ပ္သူေတြ ရွိပါသည္။

ဆရာႀကီးက အရက္ေသစာ ေသာက္ေ လ့ေသာက္ထ မရွိ။ ေဆးလိပ္မေသာက္။ ကြမ္းမစား။ ဤတြင္ အရက္တို႔၊ ကြမ္းတို႔က သိပ္ ျပႆနာမရွိ။ ေဆးလိပ္ကက်ေတာ့ ျပႆနာရွိလာပါသည္။ သူက နံေဘးကလူကိုပါ ဒုကၡေပးတတ္သည့္ အမ်ိဳးအစား မဟုတ္လား။

ဤတြင္ ဆရာႀကီးက သူ႔ အိမ္ဧည့္ခန္း တစ္ေနရာ၌ စာတန္းတစ္ခု ေရးသားခ်ိတ္ဆြဲထားလိုက္ပါေလသည္။ ‘‘ဆရာ ႀကီး အိမ္၊ ေဆးလိပ္မေသာက္ရ’’ ဟူ၍။ ယင္းကိုပင္ တခ်ိဳ႕ေသာ သူတို႔က ႀကီးက်ယ္ရန္ေကာဟုဆိုကာ ေမးေငါ့ၾကျ ခင္းျဖစ္ပုံ ရပါသည္။

ကြၽန္ေတာ္ကမူ ဆရာႀကီးကို ေထာက္ခံသူ ျဖစ္ပါသည္။ ကိုယ္ရႉသည့္ ေလထဲမွာျဖင့္ သူတစ္ပါး မႈတ္ထုတ္လိုက္သည့္ အ ဆိပ္ေငြ႕တို႔ ပါဝင္လာမည္ကို မည္သို႔ေသာ နည္းႏွင့္မွ် လက္ခံႏိုင္မည္မဟုတ္ပါ။ ဆရာႀကီးကို ေခတ္မီ၍ ျပတ္သားသူအျဖစ္ အား မနာ သင့္သည့္ အရာကို အားမနာတတ္သူတစ္ေယာက္အျဖစ္ အထင္ႀကီးေလး စား၍ပင္ သြားပါသည္။

လူအမ်ားစုႀကီးမွာ အားနာစရာဟူသည့္ စိတ္အေနအထားျဖင့္ ကိုယ့္ကို အသက္အႏၲရာယ္ ေပးႏိုင္သည့္ အေျခအေန ကိုပင္ ေအာင့္အည္းသည္းခံ၍ ေနေလ့ရွိၾကသည္ မဟုတ္ပါလား။

ခရီးေဖာ္မိတ္ေဆြတစ္ဦးႏွင့္ အတူ ခရီးသြားၾက သည္ဆိုပါစို႔။ သူႏွင့္အတူ ကားတစ္စီးတည္းလည္း စီးၾကသည္ဆိုပါ စို႔။ သူကလည္း စီးကရက္ကို တစ္လိပ္ၿပီး တစ္လိပ္ ဆက္၍ေသာက္တတ္သူ ဆိုပါစို႔။ သူက ကားမွန္ကေလးကို အသာခ်ကာ စီး ကရက္အေငြ႕ေတြ အျပင္သို႔ ထြက္သြားေအာင္ မည္သို႔ပင္ ႀကိဳးစား၍ေသာက္ေစကာမူ ကားေပါက္စကေလးထဲ၌ စီးကရက္ မီးခိုးေငြ႕မ်ားျဖင့္ မႊန္ထူ၍ေနပါသည္။ ကားထဲ၌ စီးကရက္မေသာက္ဖို႔ ေမတၱာရပ္ခံသည့္အခါ မေက်နပ္ခ်င္။ လိုင္းကား မွ မဟုတ္တာပဲဗ်ာဟူသည့္ စကားမ်ိဳးျဖင့္ တုံ႔ျပန္ခ်င္ပါသည္။

တခ်ိဳ႕ စီးကရက္ ႀကိဳက္သူ မိတ္ေဆြမ်ားႏွင့္ တစ္ခန္းတည္း အတူတည္းခိုရသည္မ်ိဳး ရွိတတ္ပါသည္။ အခန္းက ျပတ င္းေ ပါက္ မရွိ။ ေလေအးေပးစက္တပ္ထားသည့္ အခန္း။ ေဆးလိပ္မီးခိုးေငြ႕မ်ားျဖင့္ အခန္းတစ္ခုလုံး မႊန္ထူေ နပါသည္။ တားဆီးသည့္အခါ ထိုသူက မေက်နပ္ခ်င္ေတာ့။

ဖြံ႕ၿဖိဳးၿပီးသည့္ ႏိုင္ငံမ်ား၌ မိမိ၏ မိသားစုအတြင္း၌ပင္လွ်င္ အေငြ႕ျဖင့္ ထင္ရာစိုင္း၍ မရပါ။ လူေနအေဆာက္အအုံ အျပင္သို႔ ထြက္၍ ေဆးလိပ္ေသာက္ ၾကရစၿမဲ ျဖစ္ပါသည္။

အိမ္တစ္အိမ္သို႔ ကိုယ္က ဧည့္သည္အျဖစ္ျဖင့္ ေရာက္သြားသည္။ ဘာသာေရးကိုင္းရႈိင္းသူ မိတ္ေဆြက ဘုရားစင္ေပၚ၌ အေမႊးတိုင္ေတြ ထြန္းထားသည္။ ကိုယ္ကဧည့္သည္။ အေမႊးတိုင္ မထြန္းပါႏွင့္ဟု မည္သို႔တားဆီးရမည္မသိ။ ဘုရားႏွင့္ပါ ကိုယ္က အမုန္းပြားရမည့္ဘဝ။

စားေသာက္ဆိုင္တစ္ဆိုင္ထဲသို႔ ဝင္သြားမိျပန္ပါ၏။ ဆိုင္ရွင္က စားသုံးသူတို႔ကို အေကာင္းဆုံးဝန္ေဆာင္မႈေပးပါေၾကာင္း မ်က္ႏွာ ထားျဖင့္ စားပြဲခုံမ်ား၏ ေအာက္၌ ျခင္ေဆးေခြကေလးေတြ လိုက္ထြန္းေပးပါသည္။ ကိုယ္က အသက္ရႉမဝ သျဖင့္ ျခင္ေဆးေခြမထြန္းဖို႔ ေမတၱာရပ္ခံရာ ဆိုင္တြင္းရွိ လူမ်ားစု၏ ရန္လို မုန္းတီးေသာ မ်က္လုံးမ်ားသာ ကိုယ့္ အေပၚ ေရာက္ရွိလာပါသည္။

လူထု၏ အသိဉာဏ္နယ္ပယ္၌ အခိုးအေငြ႕၏ အႏၲရာယ္ကို ပညာစြက္ကာ မဆင္ျခင္ႏိုင္ေသး သမွ် ဤသို႔ေသာ ျပႆနာတို႔က ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္း အတြင္း၌ ရွိေနမည္သာျဖစ္ပါသည္။ ေဆးလိပ္ေငြ႕၊ စက္႐ုံ အလုပ္႐ုံ ေပါင္းစုံ ကထြက္သည့္အေငြ႕၊ ေၾကာ္ေလွာ္ခ်က္ျပဳတ္ဖုတ္ကင္ရာက ထြက္သည့္အေငြ႕၊ ယာဥ္ရထားမ်ိဳးစုံ ခုတ္ေမာင္းပ်ံ သန္းသြား လာရာက ထြက္သည့္ အေငြ႕ စသည္ စသည္ျဖင့္ ေလမသန႔္မႈေၾကာင့္ လူေတြေသေနၾကေၾကာင္း ဆိုပါသည္။

အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕၌ တစ္လ လူ ၃,၀၀၀ ေသသည္ဟု ဆိုသည္။ ပါကစၥတန္ႏိုင္ငံ၌ ႏွစ္စဥ္ လူ ၂၂,၀၀၀ ေသသည္ဟု ဆို သည္။ အေမႊးတိုင္က ထြက္သည့္ အဆိပ္ေငြ႕ကို ပိုလီဆိုင္ကလစ္ အာ႐ိုမက္တစ္ ဟိုက္ဒ႐ိုကာဗြန္ဟု ေခၚကာ ယင္းသည္ စီး ကရက္ အေငြ႕ထက္ ၄၅ ဆ အႏၲရာယ္ပိုႀကီးသည္ဟု ဆိုသည္။ အဆုတ္ကင္ဆာျဖစ္ရန္ အသင့္ဟု ဆိုပါေလသတဲ့။

ျခင္ေဆးေခြကလည္း ထို႔အတူပင္ျ ဖစ္ပါသည္။ ျခင္ေဆး တစ္ေခြက ထြက္လာသည့္အဆိပ္ေငြ႕သည္ စီး ကရက္ ၈၁ လိပ္ ေသာက္ရာက ထြက္သည့္အဆိပ္ေငြ႕ႏွင့္ ပမာဏခ်င္း တူပါေလသတဲ့။ အဆုတ္ကင္ဆာျဖစ္ရန္ အဆင္သင့္ ပါပဲဆိုလား။

ေဆးလိပ္ေငြ႕လည္း ထို႔အတူ။ သူတစ္ပါးစီးကရက္က အေငြ႕ကိုရႉကာ ဒုကၡျဖစ္သူက တစ္ႏွစ္တြင္ လူေျခာက္သိန္းတဲ့။ ဤတြင္ ကေလးက သုံးပုံတစ္ပုံ ပါဝင္ေလသတဲ့။ ႏိုင္ငံေပါင္း ၁၉၂ ႏိုင္ငံကို စာရင္းေကာက္သည့္အခါ ကေလး ၄၀ ရာခိုင္ႏႈန္း၊ အမ်ိဳးသမီး ၃၅ ရာခိုင္ႏႈန္း၊ အမ်ိဳးသား ၃၃ ရာခိုင္ႏႈန္းသည္ သူတစ္ပါး စီးကရက္ေငြ႕ေၾကာင့္ ဒုကၡေတြ႕ ၾကသည္တဲ့။ ယင္းကို Passive smoking ဟုဆိုၾကျခင္းျဖစ္ပါသည္။

ႏိုင္ငံတခ်ိဳ႕၌ Oxygen Bar ေခၚ ေလသန႔္ဆိုင္မ်ား၌ တစ္မိနစ္လွ်င္ တစ္ေဒၚလာႏႈန္းခန႔္ျဖင့္ အသက္ရႉ၍ရသည္။ တခ်ိဳ႕ႏိုင္ငံ မ်ားကမူ ေရသန႔္ဘူးအ႐ြယ္ မရွိတရွိ ေဆာက္ဆီဂ်င္ဘူးကေလးမ်ား လမ္းေဘး၌ ေရာင္းေနသည္ကို ေတြ႕ဖူးပါ သည္။ တခ်ိဳ႕ႏိုင္ငံမ်ား၌မူ ပင္လယ္ကမ္းေျခရွိ ေလသန႔္ကို ဘူးထဲထည့္၍ ယူသြားၾက သည္မ်ားကိုပင္ ေတြ႕ဖူးပါသည္။

ယခုရန္ကုန္ေလထုကို မသန႔္ရွ င္းေၾကာင္း ပညာရွင္တို႔ ေျပာစျပဳလာၾကပါၿပီ။ ထိုအခါ ကြၽန္ေတာ္တို႔ မည္သို႔အသက္ ရႉၾကရပါ့။ ကိုယ့္ေရ၊ ကိုယ့္ေျမကို ကာကြယ္ၾကရန္ ေျပာေလ့ဆိုေလ့ ရွိသူတို႔ ကိုယ့္ေလကိုလည္း ကာ ကြယ္ရန္ လိုအပ္လာပါၿပီ။ ေလမသန႔္ေသာ ကမာၻရွိလူ သားတို႔သည္ သက္ဆိုးမရွည္ၾကစတမ္း မဟုတ္လား။

(စာေရးဆရာေမာင္သာခ်ိဳသည္ ကဗ်ာ၊ ဝတၳဳတို၊ ခရီးသြားစာေပ၊ လူမႈေရး၊ ပညာေရး၊ စာေပေရးရာ ေဆာင္းပါး မ်ား ေရးသားေနသူ ျဖစ္သည္)

Copied from 7Day Daily.

စေလ ငေနာ့

Unicode

အသက်ရှူလို့ မဝတော့ဘူး

မြန်မာစာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ယောက် ရှိခဲ့ဖူးပါသည်။ ဆရာကြီးက ဘာသာပြန် စာအုပ် အတန်အသင့် ရေးခဲ့ဖူးပါသည်။ ပင်ကိုရေးတွေကလည်း အရေအတွက်အားဖြင့် မနည်းလှပါ။ အထူး သဖြင့် အင်္ဂလိပ် ဘာသာရပ်ဆိုင်ရာ စာအုပ်တွေက ဆရာကြီး၏ အားထုတ်ပြုစုမှု ထုကြီးထည်ကြီးများပင် ဖြစ်ပါသည်။ ဆရာကြီးကို လူမှုဆက်ဆံရေး နယ်ပယ်၌ ခွကျသူကြီး၊ ခွသမားကြီး၊ ဘုသမားကြီး စသည်ဖြင့် ကင်ပွန်းတ ပ်သူတွေ ရှိပါသည်။

ဆရာကြီးက အရက်သေစာ သောက်ေ လ့သောက်ထ မရှိ။ ဆေးလိပ်မသောက်။ ကွမ်းမစား။ ဤတွင် အရက်တို့၊ ကွမ်းတို့ က သိပ် ပြဿနာမရှိ။ ဆေးလိပ်ကကျတော့ ပြဿနာရှိလာပါသည်။ သူက နံဘေးကလူကိုပါ ဒုက္ခပေးတတ် သည့် အမျိုးအစား မဟုတ်လား။

ဤတွင် ဆရာကြီးက သူ့ အိမ်ဧည့်ခန်း တစ်နေရာ၌ စာတန်းတစ်ခု ရေးသားချိတ်ဆွဲထားလိုက်ပါလေသည်။ ‘‘ဆရာ ကြီး အိမ်၊ ဆေးလိပ်မသောက်ရ’’ ဟူ၍။ ယင်းကိုပင် တချို့သော သူတို့က ကြီးကျယ်ရန်ကောဟုဆိုကာ မေးငေါ့ကြြ ခင်းဖြစ်ပုံ ရပါသည်။

ကျွန်တော်ကမူ ဆရာကြီးကို ထောက်ခံသူ ဖြစ်ပါသည်။ ကိုယ်ရှူသည့် လေထဲမှာဖြင့် သူတစ်ပါး မှုတ်ထုတ်လိုက်သည့် အ ဆိပ်ငွေ့တို့ ပါဝင်လာမည်ကို မည်သို့သော နည်းနှင့်မျှ လက်ခံနိုင်မည်မဟုတ်ပါ။ ဆရာကြီးကို ခေတ်မီ၍ ပြတ်သား သူအ ဖြစ် အား မနာ သင့်သည့် အရာကို အားမနာတတ်သူတစ်ယောက်အဖြစ် အထင်ကြီးလေး စား၍ပင် သွားပါသည်။

လူအများစုကြီးမှာ အားနာစရာဟူသည့် စိတ်အနေအထားဖြင့် ကိုယ့်ကို အသက်အန္တရာယ် ပေးနိုင်သည့် အခြေအနေ ကိုပင် အောင့်အည်းသည်းခံ၍ နေလေ့ရှိကြသည် မဟုတ်ပါလား။

ခရီးဖော်မိတ်ဆွေတစ်ဦးနှင့် အတူ ခရီးသွားကြ သည်ဆိုပါစို့။ သူနှင့်အတူ ကားတစ်စီးတည်းလည်း စီးကြသည်ဆိုပါ စို့။ သူကလည်း စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် ဆက်၍သောက်တတ်သူ ဆိုပါစို့။ သူက ကားမှန်ကလေးကို အသာချ ကာ စီး ကရက်အငွေ့တွေ အပြင်သို့ ထွက်သွားအောင် မည်သို့ပင် ကြိုးစား၍သောက်စေကာမူ ကားပေါက်စကလေးထဲ၌ စီးကရက် မီးခိုးငွေ့များဖြင့် မွှန်ထူ၍နေပါသည်။ ကားထဲ၌ စီးကရက်မသောက်ဖို့ မေတ္တာရပ်ခံသည့်အခါ မကျေနပ်ချင်။ လိုင်းကား မှ မဟုတ်တာပဲဗျာဟူသည့် စကားမျိုးဖြင့် တုံ့ပြန်ချင်ပါသည်။

တချို့ စီးကရက် ကြိုက်သူ မိတ်ဆွေများနှင့် တစ်ခန်းတည်း အတူတည်းခိုရသည်မျိုး ရှိတတ်ပါသည်။ အခန်းက ပြတ င်းေ ပါက် မရှိ။ လေအေးပေးစက်တပ်ထားသည့် အခန်း။ ဆေးလိပ်မီးခိုးငွေ့များဖြင့် အခန်းတစ်ခုလုံး မွှန်ထူေ နပါသည်။ တားဆီးသည့်အခါ ထိုသူက မကျေနပ်ချင်တော့။

ဖွံ့ဖြိုးပြီးသည့် နိုင်ငံများ၌ မိမိ၏ မိသားစုအတွင်း၌ပင်လျှင် အငွေ့ဖြင့် ထင်ရာစိုင်း၍ မရပါ။ လူနေအဆောက်အအုံ အပြင်သို့ ထွက်၍ ဆေးလိပ်သောက် ကြရစမြဲ ဖြစ်ပါသည်။

အိမ်တစ်အိမ်သို့ ကိုယ်က ဧည့်သည်အဖြစ်ဖြင့် ရောက်သွားသည်။ ဘာသာရေးကိုင်းရှိုင်းသူ မိတ်ဆွေက ဘုရားစင်ပေါ်၌ အမွှေးတိုင်တွေ ထွန်းထားသည်။ ကိုယ်ကဧည့်သည်။ အမွှေးတိုင် မထွန်းပါနှင့်ဟု မည်သို့တားဆီးရမည်မသိ။ ဘုရားနှင့်ပါ ကိုယ်က အမုန်းပွားရမည့်ဘဝ။

စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားမိပြန်ပါ၏။ ဆိုင်ရှင်က စားသုံးသူတို့ကို အကောင်းဆုံးဝန်ဆောင် မှုပေး ပါ ကြောင်း မျက်နှာ ထားဖြင့် စားပွဲခုံများ၏ အောက်၌ ခြင်ဆေးခွေကလေးတွေ လိုက်ထွန်းပေးပါသည်။ ကိုယ်က အသက် ရှူမဝ သဖြင့် ခြင်ဆေးခွေမထွန်းဖို့ မေတ္တာရပ်ခံရာ ဆိုင်တွင်းရှိ လူများစု၏ ရန်လို မုန်းတီးသော မျက်လုံး များသာ ကိုယ့် အပေါ် ရောက်ရှိလာပါသည်။

လူထု၏ အသိဉာဏ်နယ်ပယ်၌ အခိုးအငွေ့၏ အန္တရာယ်ကို ပညာစွက်ကာ မဆင်ခြင်နိုင်သေး သမျှ ဤသို့သော ပြဿနာ တို့က ကျွန်တော်တို့လူ့အဖွဲ့အစည်း အတွင်း၌ ရှိနေမည်သာဖြစ်ပါသည်။ ဆေးလိပ်ငွေ့၊ စက်ရုံ အလုပ်ရုံ ပေါင်းစုံ ကထွက် သည့်အငွေ့၊ ကြော်လှော်ချက်ပြုတ်ဖုတ်ကင်ရာက ထွက်သည့်အငွေ့၊ ယာဉ်ရထားမျိုးစုံ ခုတ်မောင်းပျံ သန်းသွား လာရာ က ထွက်သည့် အငွေ့ စသည် စသည်ဖြင့် လေမသန့်မှုကြောင့် လူတွေသေနေကြကြောင်း ဆိုပါသည်။

အီရန်နိုင်ငံ တီဟီရန်မြို့၌ တစ်လ လူ ၃,၀၀၀ သေသည်ဟု ဆိုသည်။ ပါကစ္စတန်နိုင်ငံ၌ နှစ်စဉ် လူ ၂၂,၀၀၀ သေသည်ဟု ဆို သည်။ အမွှေးတိုင်က ထွက်သည့် အဆိပ်ငွေ့ကို ပိုလီဆိုင်ကလစ် အာရိုမက်တစ် ဟိုက်ဒရိုကာဗွန်ဟု ခေါ်ကာ ယင်း သည် စီး ကရက် အငွေ့ထက် ၄၅ ဆ အန္တရာယ်ပိုကြီးသည်ဟု ဆိုသည်။ အဆုတ်ကင်ဆာဖြစ်ရန် အသင့်ဟု ဆိုပါလေ သတဲ့။

ခြင်ဆေးခွေကလည်း ထို့အတူပင်ြ ဖစ်ပါသည်။ ခြင်ဆေး တစ်ခွေက ထွက်လာသည့်အဆိပ်ငွေ့သည် စီး ကရက် ၈၁ လိပ် သောက်ရာက ထွက်သည့်အဆိပ်ငွေ့နှင့် ပမာဏချင်း တူပါလေသတဲ့။ အဆုတ်ကင်ဆာဖြစ်ရန် အဆင်သင့် ပါပဲဆိုလား။

ဆေးလိပ်ငွေ့လည်း ထို့အတူ။ သူတစ်ပါးစီးကရက်က အငွေ့ကိုရှူကာ ဒုက္ခဖြစ်သူက တစ်နှစ်တွင် လူခြောက်သိန်းတဲ့။ ဤတွင် ကလေးက သုံးပုံတစ်ပုံ ပါဝင်လေသတဲ့။ နိုင်ငံပေါင်း ၁၉၂ နိုင်ငံကို စာရင်းကောက်သည့်အခါ ကလေး ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်း၊ အမျိုးသား ၃၃ ရာခိုင်နှုန်းသည် သူတစ်ပါး စီးကရက်ငွေ့ကြောင့် ဒုက္ခတွေ့ ကြသည်တဲ့။ ယင်းကို Passive smoking ဟုဆိုကြခြင်းဖြစ်ပါသည်။

နိုင်ငံတချို့၌ Oxygen Bar ခေါ် လေသန့်ဆိုင်များ၌ တစ်မိနစ်လျှင် တစ်ဒေါ်လာနှုန်းခန့်ဖြင့် အသက်ရှူ၍ရသည်။ တချို့ နိုင်ငံ များကမူ ရေသန့်ဘူးအရွယ် မရှိတရှိ ဆောက်ဆီဂျင်ဘူးကလေးများ လမ်းဘေး၌ ရောင်းနေသည်ကို တွေ့ဖူးပါ သည်။ တချို့နိုင်ငံများ၌မူ ပင်လယ်ကမ်းခြေရှိ လေသန့်ကို ဘူးထဲထည့်၍ ယူသွားကြ သည်များကိုပင် တွေ့ဖူးပါသည်။

ယခုရန်ကုန်လေထုကို မသန့်ရှ င်းကြောင်း ပညာရှင်တို့ ပြောစပြုလာကြပါပြီ။ ထိုအခါ ကျွန်တော်တို့ မည်သို့အသက် ရှူကြရပါ့။ ကိုယ့်ရေ၊ ကိုယ့်မြေကို ကာကွယ်ကြရန် ပြောလေ့ဆိုလေ့ ရှိသူတို့ ကိုယ့်လေကိုလည်း ကာ ကွယ်ရန် လိုအပ် လာပါပြီ။ လေမသန့်သော ကမ္ဘာရှိလူ သားတို့သည် သက်ဆိုးမရှည်ကြစတမ်း မဟုတ်လား။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ဝတ္ထုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါး များ ရေးသားနေသူ ဖြစ်သည်)

Copied from 7Day Daily.

စလေ ငနော့

Leave a Reply

Your email address will not be published. Required fields are marked *