ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေ က်း႐ြာအုပ္စု၊ မန္ စန္းေက်း႐ြာအနီးရွိ လယ္ကြက္အတြင္း အလုပ္လုပ္ေန သူတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေက်း႐ြာအုပ္စု ၊မန္စန္းေက်း႐ြာအနီးရွိ လယ္ကြက္တြင္ ႏြားမ်ားထိန္းေက်ာင္းေနသူတစ္ဦးအား ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္က အမည္မသိ လက္နက္ကိုင္က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္သျဖင့္ တစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေက်း႐ြာအုပ္စု၊ မန္စန္းေက်း႐ြာတြင္ ေနထိုင္သူ စိုင္းေအာင္ၾကည္ အသက္ ၄၀ ႏွစ္သည္ ၄င္းပိုင္လယ္ကြက္တြင္ ႏြားမ်ားအား ထိန္းေက်ာင္းေနစဥ္ လယ္ကြက္အနီးရွိ ေပ ၅၀ အကြာ ၀ါး႐ုံေတာအတြ င္းမွ အမည္မသိေသနတ္သမား၏ ေခ်ာင္းေျမာင္းပစ္ခတ္ ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ခံခဲ့ရမႈေၾကာင့္ စိုင္းေအာင္ၾကည္တြင္ ဘယ္ဘက္ေမး႐ိုး ပြင့္ထြက္ဒဏ္ရာ (၁) ခ်က္၊ လည္ပင္းေအာက္ ညာဘက္ညႇပ္႐ိုးက်ိဳးဒဏ္ရာ (၁) ခ်က္၊ ဘယ္ဘက္နား႐ြက္ေဖာက္ဝင္ ဒဏ္ရာ(၁) ခ်က္၊ ညာဘက္ နား႐ြ က္ပြ င့္ထြက္ဒဏ္ရာ (၁) ခ်က္တို႔ျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္းသိရသည္။

အခင္းျဖစ္ေ နရာတြင္ အမ္-၂၂ က်ည္ခြံ (၁) ေတာင့္ ေတြ႕ရွိခဲ့ရၿပီး ေသဆုံးသူ စိုင္းေအာင္ၾကည္အား နံနက္ ၁၁ နာရီအခ်ိန္တြင္ အခင္းျဖစ္ေနရာမွ ေက်ာက္မဲၿမိဳ႕၊ နမ့္ခုံးပရဟိတအသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ ေက်ာက္မဲျပ ည္သူ ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကာ အမႈဖြင့္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) အတြင္းတြင္ ၂၀၁၉ ဒီဇင္ဘာလ ၂၃ ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေ က်း႐ြာ အုပ္စု၊ ေဝလုံေက်း႐ြာေန ဦးစိုင္းေဌးေအာင္ (ၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳး ပါတီေကာ္မတီဝင္) အား ေသနတ္ သမားႏွစ္ဦးက ေသနတ္ျဖင့္အခ်က္ႏွစ္ဆယ္ခန႔္ လာေရာက္ပစ္ခတ္သျဖင့္ ေသဆုံးခဲ့ျခင္း၊ ေအာက္တိုဘာလ ၂၀ ရက္ေန႔ က လားရႈိးၿမိဳ႕နယ္၊ ေခးနင္းေက်း႐ြာ၊ ေခးနင္းပရဟိတစာသင္တိုက္ေက်ာင္းထိုင္ ဆရာေတာ္အား ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သျဖင့္

ေသဆုံးခဲ့ျခင္း၊ ႏိုဝင္ဘာလ ၃ ရက္ေန႔ မြန္းလြဲ (၂)နာရီ အခ်ိန္ခန႔္က ေက်ာက္မဲၿမိဳ႕၊ စားေသာက္ဆိုင္တစ္ဆိုင္တြင္ စားေ သာက္ေနေသာ အမ်ိဳးသားသုံးဦးအား ဆိုင္ကယ္စီးနင္း လာသူႏွစ္ဦးက ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္မႈေၾကာင့္ သုံး ဦးေသဆုံးခဲ့ျခင္း၊ ႏိုဝင္ဘာလ ၂ ရက္ေန႔က လားရႈိး – မႏၲေလးျပည္ေထာင္စု ကားလမ္းမႀကီးေပၚ ျဖတ္သန္းေ မာင္းႏွင္လာသည့္ ႏြားတင္ယာဥ္တစ္စီးအား လက္နက္ကိုင္ေဆာင္သူမ်ားက ပစ္ခတ္္သျဖင့္ တစ္ဦးေသဆုံးခဲ့ျခင္း၊ ေအာက္တိုဘာ လ ၁၅ ရက္ေန႔ နံနက္ပိုင္းက လားရႈိးၿမိဳ႕နယ္၊ နားကြမ္းလုံ ေက်း႐ြာအုပ္စု မန္ေကာင္းေက်း႐ြာ တာဝန္ခံအား အမည္မသိ လက္နက္ကိုင္ေဆာင္သူတစ္ဦးက ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သျဖင့္ ေသဆုံးခဲ့ျခင္း၊

ဒီဇင္ဘာ ၂၈ ရက္ေန႔က လားရႈိး – မႏၲေလး ျပည္ေထာင္စု ကားလမ္းမႀကီးေဘး ကြၽန္းေတာအနီးတြင္ ေသနတ္ ဒဏ္ရာ မ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားသုံးဦး ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးျခင္း၊ ဇန္နဝါရီလ ၁၂ ရက္ေန႔ နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ေက်ာက္မဲၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ေက်း႐ြာအနီးတြင္ ႏြားတင္ယာဥ္တစ္စီးအား လက္နက္ကိုင္ေဆာင္သူ တခ်ိဳ႕က လာေရာက္ပစ္ခတ္သျဖင့္ ယာဥ္ေပၚပါသူေလးဦးအနက္ တစ္ဦးေသဆုံး သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာ အုပ်စု၊ မန်စန်း ကျေးရွာအနီးရှိ လယ်ကွက်အတွင်း အလုပ်လုပ်နေသူ တစ်ဦး သေနတ်ဖြင့်ပစ်ခတ် ခံရပြီးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု ၊မန်စန်းကျေးရွာအနီးရှိ လယ်ကွက်တွင် နွားများထိန်းကျောင်းနေသူတစ်ဦးအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က အမည်မသိ လက်နက်ကိုင်က သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာတွင် နေထိုင်သူ စိုင်းအောင်ကြည် အသက် ၄၀ နှစ်သည် ၎င်းပိုင်လယ်ကွက်တွင် နွားများအား ထိန်းကျောင်းနေစဉ် လယ်ကွက်အနီးရှိ ပေ ၅၀ အကွာ ဝါးရုံတောအတွ င်းမှ အမည်မသိသေနတ်သမား၏ ချောင်းမြောင်းပစ်ခတ် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရမှုကြောင့် စိုင်းအောင်ကြည်တွင် ဘယ်ဘက်မေးရိုး ပွင့်ထွက်ဒဏ်ရာ (၁) ချက်၊ လည်ပင်းအောက် ညာဘက်ညှပ်ရိုးကျိုးဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နားရွက်ဖောက်ဝင် ဒဏ်ရာ(၁) ချက်၊ ညာဘက် နားရွ က်ပွ င့်ထွက်ဒဏ်ရာ (၁) ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်ေ နရာတွင် အမ်-၂၂ ကျည်ခွံ (၁) တောင့် တွေ့ရှိခဲ့ရပြီး သေဆုံးသူ စိုင်းအောင်ကြည်အား နံနက် ၁၁ နာရီအချိန် တွင် အခင်းဖြစ်နေရာမှ ကျောက်မဲမြို့၊ နမ့်ခုံးပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ကျောက်မဲပြ ည်သူ့ဆေးရုံသို့ ပို့ ဆောင်ကာ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းတွင် ၂၀၁၉ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်မဲမြို့နယ်၊ မိုင်းတင်းေ ကျးရွာ အုပ်စု၊ ဝေလုံကျေးရွာနေ ဦးစိုင်းဌေးအောင် (မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်) အား သေနတ် သမားနှစ်ဦးက သေနတ်ဖြင့်အချက်နှစ်ဆယ်ခန့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ က လားရှိုးမြို့ နယ်၊ ခေးနင်းကျေးရွာ၊ ခေးနင်းပရဟိတစာသင်တိုက်ကျောင်းထိုင် ဆရာတော်အား သေနတ်ဖြင့် လာရောက်ပစ်ခတ် သဖြင့်

သေဆုံးခဲ့ခြင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်ခန့်က ကျောက်မဲမြို့၊ စားသောက်ဆိုင်တစ်ဆိုင်တွင် စားေ သာက်နေသော အမျိုးသားသုံးဦးအား ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သုံး ဦးသေဆုံးခဲ့ခြင်း၊ နိုဝင်ဘာလ ၂ ရက်နေ့က လားရှိုး – မန္တလေးပြည်ထောင်စု ကားလမ်းမကြီးပေါ် ဖြတ်သန်းေ မာင်းနှင် လာသည့် နွားတင်ယာဉ်တစ်စီးအား လက်နက်ကိုင်ဆောင်သူများက ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ခြင်း၊ အောက်တိုဘာ လ ၁၅ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ နားကွမ်းလုံ ကျေးရွာအုပ်စု မန်ကောင်းကျေးရွာ တာဝန် ခံအား အမည်မသိ လက်နက်ကိုင်ဆောင်သူတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း၊

ဒီဇင်ဘာ ၂၈ ရက်နေ့က လားရှိုး – မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးဘေး ကျွန်းတောအနီးတွင် သေနတ် ဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုးသားသုံးဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခြင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအနီးတွင် နွားတင်ယာဉ်တစ်စီးအား လက်နက်ကိုင် ဆောင်သူ တချို့က လာရောက်ပစ်ခတ်သဖြင့် ယာဉ်ပေါ်ပါသူလေးဦးအနက် တစ်ဦးသေဆုံး သည့်ဖြစ်စဉ်များ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *