တစ္ဖက္ေရွ႕ေနက ကာမလိမ္လည္မႈ မေျမာက္ဟု တရား ခြင္ အတြင္း သုံးသပ္ေျပာၾကားမႈကို မေက်န ပ္ေ ၾကာင္း မိုးေအာင္ရင္၏ ရည္းစားေဟာင္း ေျပာၾကား

တစ္ဖက္ေရွ႕ေနက ကာမလိမ္လည္မႈ မေျမာက္ဟု တရားခြင္အတြင္း သုံးသပ္ေျပာၾကားမႈအေပၚ မေက်နပ္ေၾကာင္း မိုးေအာင္ရင္၏ ရည္းစားေဟာင္း မခင္ျမတ္ႏိုးက ေဖေဖာ္ဝါရီ ၁၄ ရက္ ႐ုံးခ်ိန္းတြင္ ေျပာၾကားသည္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္အား ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္ႏိုးက ကာမလိမ္လည္မႈျဖင့္ တရားစြဲဆိုထားမႈ၏ ခုနစ္ႀကိမ္ေျမာက္ ႐ုံးခ်ိန္းျဖစ္ေသာ ေဖေဖာ္ဝါရီ ၁၄ ရက္ ႐ုံးခ်ိန္းမွာ တရားလိုျဖစ္သူ မခင္ျမတ္ႏိုးကို ဆက္လ က္စစ္ေဆး ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရာ တရားလိုက သက္ေသခံ ဗီဒီယိုဖိုင္အခ်ိဳ႕ႏွင့္ အသံဖိုင္အခ်ိဳ႕ကို ဆက္လက္တင္ျပခဲ့ၿပီး စြပ္စြဲခံရသူ မိုးေအာင္ရင္၏ ေရွ႕ေနက အျပန္အလွန္ေမးခြန္းမ်ား ဆက္လက္ စစ္ေဆးေမးျမန္းခဲ့ေၾကာင္း သိရသည္။

စစ္ေဆးျမန္းစဥ္တြင္ မိုးေအာင္ရင္၏ ေရွ႕ေနျဖစ္သူက အမႈသည္ ကာမလိမ္လည္မႈ မေျမာက္ေၾကာင္း သုံးသပ္ေျ ပာၾကားခဲ့မႈအေပၚ လုံးဝမေက်နပ္ေၾကာင္း တရားလို မခင္ျမတ္ႏိုးက ေျပာၾကားခဲ့သည္။

“၂၈ ရက္ေန႔ကို ႐ုံးခ်ိန္းျပန္ခ်ိန္းတယ္၊ သက္ေသခံ တင္သြင္းခဲ့တာက သူနဲ႔ သူ႔အေဖ ဆယ္လီကမာၻမွာ စြပ္စြဲထားတဲ့ဟာ ကို တင္တယ္။ သူတို႔ျပန္ေတာင္းပန္ထားတဲ့ဟာက သူတို႔အသံဖိုင္ ပို႔ထားတဲ့ဟာကို တင္ပါတယ္။ အဲဒါပါပဲ ႐ုံးေတာ္က လည္း လက္ခံခဲ့ပါတယ္။ အမႈက သိပ္ေတာ့အားမရဘူး၊ အားမရဘူး ဆိုတာက ကိုယ္က အမွန္အတိုင္းတင္တယ္။ ကိုယ္ေ တြက ဥပေဒေၾကာင္းအရ တိတိက်က် ေရေရလည္လည္ သိပ္မသိဘူးဆိုေတာ့ လိုအပ္တာေတြ နည္းနညး္ပါးပါးရွိ တယ္၊ တစ္ဖက္ေရွ႕ေနက ကာမလိမ္လည္မႈ မေျမာက္ဘူးလို႔ သုံးသပ္တဲ့ဟာကို လုံးဝမေက်နပ္ဘူး။

တကယ္တမ္းသာဆိုရင္ သူတို႔ေမးတဲ့ေမးခြန္းအရ ထုံးတမ္းစဥ္လာအရ ဒီဟာက လင္မယား ျဖစ္တယ္လို႔ ေျပာတယ္။ တကယ္တမ္း အဲဒီလိုမ်ိဳးသာ လင္မယား ျဖစ္တယ္ဆိုရင္ အတြဲေတြအမ်ားႀကီးပဲ လက္မွတ္မထိုးဘဲနဲ႔ လင္မယား ျဖစ္ေန မွာေ ပါ့။ စာ႐ြက္စာတမ္းနဲ႔ တိတိက်က် လက္မွတ္ထိုးထားမွသာ အၾကင္လင္မယား ေျမာက္တယ္ဆိုတာ ဥပေဒရွိတယ္ေလ ကြၽန္မ ကေတာ့ အဲဒီဥပေဒပဲသိတယ္” ဟု တရားလိုျဖစ္သူ မခင္ျမတ္ႏိုးက ေျပာၾကားသည္။

ထို႔ေနာက္ တရား႐ုံးမွ ႐ုံးခ်ိန္းအား ေဖေဖာ္ဝါရီ ၂၈ ရက္သို႔ ျပန္လည္ခ်ိန္းဆိုခဲ့ၿပီး ယင္းေန႔တြင္ တရားလိုဘက္မွ တင္သြင္း ထားသည့္ သက္ေသမ်ားအား ဆက္လက္စစ္ေဆး သြားမည္ျဖစ္ေၾကာင္း သိရသည္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားမႈႏွင့္ ပတ္သက္ၿပီး ဇန္နဝါရီ ၇ ရက္ ႐ုံးခ်ိန္းတြင္ မႈခင္းစီမံခန႔္ခြဲမႈ အ စည္း အေဝး က်င္းပခဲ့ၿပီး အမႈကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ေဆးရန္ ဆုံးျဖတ္ခဲ့ေၾကာင္း၊ အမႈကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၃၁ ရက္တြင္ စတင္စစ္ေဆးမည္ျဖစ္ၿပီး ဧၿပီ ၂၂ ရက္တြင္ အၿပီးသတ္ စစ္ေဆးသြားမည္ ျဖ စ္ေ ၾကာင္း ရန္ကင္းၿမိဳ႕နယ္ တရားသူႀကီး ဦးထြန္းႏိုင္ဝင္းက ေျပာၾကားထားသည္။

ကာမလိမ္လည္မႈျဖင့္ ရည္းစားေဟာင္း ျဖစ္သူ၏ တရားစြဲဆိုျခင္းကို ခံထားရသည့္ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို က်ပ္သိန္း ၁၀၀ ခံဝန္ႏွစ္ဦးျဖင့္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၃ ရက္တြင္ အာမခံေပးခဲ့ေၾကာင္း သိရသည္။

မိုးေအာင္ရင္၏ ရည္းစားေဟာင္းျဖစ္သူ ဟုဆိုသည့္ မခင္ျမတ္ႏိုးက ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၂၂ ရက္က ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးသို႔ လာေရာက္ၿပီး သ႐ုပ္ေဆာင္ မိုးေအာင္ရင္က ၎အား လက္ထပ္မည္ဟု ေျပာဆိုၿပီး ကာမလိမ္လည္ရယူကာ လက္ ထပ္ျ ခင္းမရွိ ဟုဆိုၿပီး လာေရာက္ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကင္ၿမိဳ႕နယ္ တရား ႐ုံး သတင္းျပန္ၾကားေရး အရာရွိထံမွ သိရသည္။

ထိုသို႔တရားစြဲဆိုရာ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးက တရားလိုျဖစ္သူအား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၂၀၀ အရ စစ္ေဆးခဲ့ၿပီး ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွ သိရသည္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားသည့္ ပုဒ္မ ၄၁၇ မွာ လိမ္လည္မႈ ပုဒ္မျဖစ္ၿပီး မည္သူမဆို လိမ္လည္မႈကို က်ဴးလြန္လွ်င္ ထိုသူကို သုံးႏွစ္အထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံး ျဖစ္ေစ ခ်မွတ္ရမည္ဟု ရာဇသတ္ ႀကီး ဥပေဒတြင္ ျပ႒ာန္းထားေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

တစ်ဖက်ရှေ့နေက ကာမလိမ်လည်မှု မမြောက်ဟု တရား ခွင်အတွင်း သုံးသပ်ပြောကြားမှုကို မကျေနပ်ကြောင်း မိုးအောင်ရင်၏ ရည်းစားဟောင်း ပြောကြား

တစ်ဖက်ရှေ့နေက ကာမလိမ်လည်မှု မမြောက်ဟု တရားခွင်အတွင်း သုံးသပ်ပြောကြားမှုအပေါ် မကျေနပ်ကြောင်း မိုးအောင်ရင်၏ ရည်းစားဟောင်း မခင်မြတ်နိုးက ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းတွင် ပြောကြားသည်။

သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားမှု၏ ခုနစ်ကြိမ်မြောက် ရုံးချိန်းဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းမှာ တရားလိုဖြစ်သူ မခင်မြတ်နိုးကို ဆက်လက်စစ် ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ တရားလိုက သက်သေခံ ဗီဒီယိုဖိုင်အချို့နှင့် အသံဖိုင်အချို့ကို ဆက်လက်တင်ပြခဲ့ပြီး စွပ်စွဲခံရသူ မိုးအောင်ရင်၏ ရှေ့နေက အပြန်အလှန်မေးခွန်းများ ဆက်လက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

စစ်ဆေးမြန်းစဉ်တွင် မိုးအောင်ရင်၏ ရှေ့နေဖြစ်သူက အမှုသည် ကာမလိမ်လည်မှု မမြောက်ကြောင်း သုံးသပ်ေြ ပာကြားခဲ့မှုအပေါ် လုံးဝမကျေနပ်ကြောင်း တရားလို မခင်မြတ်နိုးက ပြောကြားခဲ့သည်။

“၂၈ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းတယ်၊ သက်သေခံ တင်သွင်းခဲ့တာက သူနဲ့ သူ့အဖေ ဆယ်လီကမ္ဘာမှာ စွပ်စွဲထားတဲ့ဟာ ကို တင်တယ်။ သူတို့ပြန်တောင်းပန်ထားတဲ့ဟာက သူတို့အသံဖိုင် ပို့ထားတဲ့ဟာကို တင်ပါတယ်။ အဲဒါပါပဲ ရုံးတော်က လည်း လက်ခံခဲ့ပါတယ်။ အမှုက သိပ်တော့အားမရဘူး၊ အားမရဘူး ဆိုတာက ကိုယ်က အမှန်အတိုင်းတင်တယ်။ ကိုယ်ေတွက ဥပဒေကြောင်းအရ တိတိကျကျ ရေရေလည်လည် သိပ်မသိဘူးဆိုတော့ လိုအပ်တာတွေ နည်းနည်းပါးပါး ရှိ တယ်၊ တစ်ဖက်ရှေ့နေက ကာမလိမ်လည်မှု မမြောက်ဘူးလို့ သုံးသပ်တဲ့ဟာကို လုံးဝမကျေနပ်ဘူး။

တကယ်တမ်းသာဆိုရင် သူတို့မေးတဲ့မေးခွန်းအရ ထုံးတမ်းစဉ်လာအရ ဒီဟာက လင်မယား ဖြစ်တယ်လို့ ပြောတယ်။ တကယ်တမ်း အဲဒီလိုမျိုးသာ လင်မယား ဖြစ်တယ်ဆိုရင် အတွဲတွေအများကြီးပဲ လက်မှတ်မထိုးဘဲနဲ့ လင်မယား ဖြစ်နေ မှာေ ပါ့။ စာရွက်စာတမ်းနဲ့ တိတိကျကျ လက်မှတ်ထိုးထားမှသာ အကြင်လင်မယား မြောက်တယ်ဆိုတာ ဥပဒေရှိ တယ်လေ ကျွန်မ ကတော့ အဲဒီဥပဒေပဲသိတယ်” ဟု တရားလိုဖြစ်သူ မခင်မြတ်နိုးက ပြောကြားသည်။

ထို့နောက် တရားရုံးမှ ရုံးချိန်းအား ဖေဖော်ဝါရီ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် တရားလိုဘက်မှ တင်သွင်း ထားသည့် သက်သေများအား ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက် ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု အ စည်း အဝေး ကျင်းပခဲ့ပြီး အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် အပြီးသတ် စစ်ဆေးသွားမည် ဖြ စ်ေ ကြာင်း ရန်ကင်း မြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားထားသည်။

ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်း ဖြစ်သူ၏ တရားစွဲဆိုခြင်းကို ခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ကျပ်သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အာမခံပေးခဲ့ကြောင်း သိရသည်။

မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူ ဟုဆိုသည့် မခင်မြတ်နိုးက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင် မိုးအောင်ရင်က ၎င်းအား လက်ထပ်မည်ဟု ပြောဆိုပြီး ကာမလိမ်လည် ရယူ ကာ လက် ထပ်ြ ခင်းမရှိ ဟုဆိုပြီး လာရောက် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကင်မြို့နယ် တရား ရုံး သတင်းပြန်ကြားရေး အရာရှိထံမှ သိရသည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ် တရားရုံးက တရားလိုဖြစ်သူအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ် ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့ နယ် တရားရုံးမှ သိရသည်။

သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှု ပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကို ကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် ရမည်ဟု ရာဇသတ် ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *