ဒုစ႐ိုက္မႈေပါမ်ား သည့္ လႈိင္သာယာတြင္ အသက္ ၁၇ ႏွစ္အ႐ြယ္လူငယ္အား ဓားျဖင့္ထိုးသတ္ခဲ့ သူကို ဖမ္းမိ

ဒုစ႐ိုက္မႈေပါမ်ားသည့္ လႈိင္သာယာၿမိဳ႕နယ္၌ အေႂကြးေတာင္းသည့္ကိစၥမေက်နပ္ရာက ဓားျဖင့္ ထိုးခံရၿပီး ေသဆုံးခဲ့ သည္ဆိုမႈမွ ျပစ္မႈက်ဴးလြန္သည္ဆိုသူကို သက္ဆိုင္ရာက ဖမ္းဆီး စစ္ေဆးလ်က္ရွိေၾကာင္း ယေန႔ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ ရဲ တပ္ဖြဲ႕ မွ သိရသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္ ည ၁၀ နာရီခြဲ အခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္ ၁၂ ရပ္ကြက္ ေန တိုင္တန္းသူအမ်ိဳးသား ေနအိမ္တြင္ ရွိေနစဥ္ သားျဖစ္သူ၏ သူငယ္ခ်င္းေရာက္လာၿပီး သားျဖစ္သူ စိုးလင္းေအာင္(၁၇ ႏွစ္)မွာ အလယ္တန္းေက်ာင္း ေက်ာင္းေရွ႕၌ ဓားျဖင့္ ထိုးခံရေၾကာင္းေျပာျ ပသိရသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့သည္။

အခင္းျဖစ္ေနရာတြင္ စိုးလင္းေအာင္မွာ လမ္းမေပၚ၌ ပက္လက္လဲက်ေနၿပီး ရင္ၫြန႔္ေအာက္ ထိုးသြင္း ဒဏ္ရာရရွိ ထားေသာေၾကာင့္ လႈိင္သာယာျပည္သူ႔ေဆး႐ုံသို႔ ပို႔အပ္ကုသခဲ့ၿပီး ည ၁၀ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ေသဆုံးခဲ့သည္။

သားျဖစ္သူ၏ သူငယ္ခ်င္းကို ေမးျမန္းခ်က္အရ ၎ႏွင့္ စိုးလင္းေအာင္တို႔ ေပၚဆန္းေမႊး (၄)လမ္းမေပၚသို ႔ေရာက္ရွိလာခ်ိန္တြင္ အေနာက္မွလိုက္လာသည့္သူငယ္ခ်င္းျဖစ္သူ ခ်မ္းေျမ့သူရိန္၊ ခ်စ္ကိုေဇာ္ထက္၊ ဟိန္းမင္းသူတို႔ ေလး ဦးႏွင့္ ေတြ႕ဆုံခဲ့ၾကသည္။

ထိုသို႔ေတြ႕ဆုံခိုက္တြင္ ခ်မ္းေျမ့သူရိန္က “ေဟ့ေကာင္ဟု”လွမ္းေခၚသျဖင့္ စိုးလင္းေအာင္က အေနာက္သို႔လွည့္ ၾကည့္ရာ ခ်မ္းေျမသူရိန္က”သားႀကီးေဆာရီးကြာ”ဟုေျပာဆိုကာ လည္ပင္းကိုသိုင္းဖက္ၿပီး အ႐ိုးအသြား (၆)လက္မခန႔္ရွိ ေခါက္ဓားေျမႇာင္ျဖင့္ ထိုးကာ ေပၚဆန္းေမႊးလမ္း ဘက္သို႔ထြက္ေျပးသြားခဲ့ေၾကာင္း ေျပာျပသိရွိခဲ့သည္။

ေသာင္ႀကီးနယ္ေျမရဲစခန္းက(ပ)၄၁၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ အရ အမႈဖြင့္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သည္ဆို သူ ခ်မ္းေျမ့သူရိန္ႏွင့္ သက္ေသခံဓားေဖ်ာက္ဖ်က္ေပးသူ ခ်စ္ကိုကိုတို႔ကို ဖမ္းဆီးခဲ့သည္။

ထို႔ေနာက္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ လက္ကိုင္ေခါက္ဓားကို လႈိင္သာယာၿမိဳ႕နယ္ (၁၁)ရပ္ကြက္၊ ယုဇနလမ္းရွိ ေျမကြက္အလြတ္အတြင္းမွ သိမ္းဆည္းကာ ဆက္လက္စစ္ေဆးလ် က္ရွိသည္။

Ref-MMTime #Myanmar_Online_News

Unicode

ဒုစရိုက်မှုပေါများသည့် လှိုင်သာယာတွင် အသက် ၁၇ နှစ်အရွယ်လူငယ်အား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းမိ

ဒုစရိုက်မှုပေါများသည့် လှိုင်သာယာမြို့နယ်၌ အကြွေးတောင်းသည့်ကိစ္စမကျေနပ်ရာက ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ သည်ဆိုမှုမှ ပြစ်မှုကျူးလွန်သည်ဆိုသူကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ယနေ့ဖေဖော်ဝါရီ ၁၄ ရက်တွင် ရဲ တပ်ဖွဲ့ မှ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက် နေ တိုင်တန်းသူအမျိုးသား နေ အိမ်တွင် ရှိနေစဉ် သားဖြစ်သူ၏ သူငယ်ချင်းရောက်လာပြီး သားဖြစ်သူ စိုးလင်းအောင်(၁၇ နှစ်)မှာ အလယ်တန်း ကျောင်း ကျောင်းရှေ့၌ ဓားဖြင့် ထိုးခံရကြောင်းပြောြ ပသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

အခင်းဖြစ်နေရာတွင် စိုးလင်းအောင်မှာ လမ်းမပေါ်၌ ပက်လက်လဲကျနေပြီး ရင်ညွန့်အောက် ထိုးသွင်း ဒဏ်ရာရရှိ ထားသောကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့အပ်ကုသခဲ့ပြီး ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် သေဆုံးခဲ့သည်။

သားဖြစ်သူ၏ သူငယ်ချင်းကို မေးမြန်းချက်အရ ၎င်းနှင့် စိုးလင်းအောင်တို့ ပေါ်ဆန်းမွှေး (၄)လမ်းမပေါ်သို့ရောက်ရှိ လာချိန်တွင် အနောက်မှလိုက်လာသည့်သူငယ်ချင်းဖြစ်သူ ချမ်းမြေ့သူရိန်၊ ချစ်ကိုဇော်ထက်၊ ဟိန်းမင်းသူတို့ လေး ဦးနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံခိုက်တွင် ချမ်းမြေ့သူရိန်က “ဟေ့ကောင်ဟု”လှမ်းခေါ်သဖြင့် စိုးလင်းအောင်က အနောက်သို့လှည့် ကြည့်ရာ ချမ်းမြေသူရိန်က”သားကြီးဆောရီးကွာ”ဟုပြောဆိုကာ လည်ပင်းကိုသိုင်းဖက်ပြီး အရိုးအသွား (၆)လက်မခန့်ရှိ ခေါက် ဓားမြှောင်ဖြင့် ထိုးကာ ပေါ်ဆန်းမွှေးလမ်း ဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း ပြောပြသိရှိခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက(ပ)၄၁၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရ အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သည်ဆို သူ ချမ်းမြေ့သူရိန်နှင့် သက်သေခံဓားဖျောက်ဖျက်ပေးသူ ချစ်ကိုကိုတို့ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်ကိုင်ခေါက်ဓားကို လှိုင်သာယာမြို့နယ် (၁၁)ရပ်ကွက်၊ ယုဇန လမ်းရှိ မြေကွက်အလွတ်အတွင်းမှ သိမ်းဆည်းကာ ဆက်လက်စစ်ဆေးလျ က်ရှိသည်။

Ref-MMTime #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *