အိႏၵိယႏိုင္ငံသို႔ အေမရိကန္သမၼတ လာေရာက္ခ်ိန္တြင္ ဆင္းရဲသားရပ္ကြက္ကိုမျမင္ရန္ ၆ေပအျမင့္ တံတိုင္းခ်က္ ခ်င္း ကာရံေန

အိႏၵိယႏိုင္ငံသို႔ အေမရိကန္သမၼတေဒၚနယ္ထရ မ့္လာေရာက္သည့္အခါ ႀကိဳဆိုေရး တာဝန္ယူရမည့္ အမက္ဒါဘက္ၿမိဳ႕ေတာ္ အရာရွိမ်ားမွာ ေလဆိပ္မွ ဂႏၶနာဂါအထိ ၿခံစည္း႐ိုးမ်ား ေဆးသုတ္ျခင္း၊ ဆင္းရဲသားရပ္ကြက္ကို ဖုံးကြယ္ရန္ တံတိုင္း ကာျခင္းတို႔ကို ခ်က္ခ်င္းအလ်င္အျမန္ ေဆာင္႐ြက္လွ်က္ရွိသည္ဟု Russia Today က ယေန႔ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ တြင္ ေရးသားခဲ့သည္။

ေဖေဖာ္ဝါရီ ၂၄-ရက္ေန႔တြင္ လာေရာက္မည့္ သမၼတေဒၚနယ္ထရမ့္ႏွင့္ ဇနီးမယ္လင္နာတို႔အား အိႏၵိယအစိုးရက တခမ္း တနားႀကိဳဆိုမည္ျဖစ္သည္။ ထို႔အတြက္ ဂူဂ်ာရတ္ျပည္နယ္ ယခင္ၿမိဳ႕ေတာ္ေဟာင္း၌ အေမရိကန္ကိုယ္စား လွယ္တို႔ စိတ္အေႏွာက္ျဖစ္ဖြယ္မ်ားကို ဖုံးကြယ္မြန္းမံရာတြင္ ေဒသခံအရာရွိအခ်ိဳ႕ကိုပါ ပ်ားပန္းခပ္ အလုပ္မ်ား လွ်က္ရွိ သည္ဆိုသည္။

ေလဆိပ္မွ အိႏၵိယတံတားအထိ လမ္းေဘးဝဲယာမ်ားတြင္ တံတိုင္းကာမည္ျဖစ္ရာ ၆- ေပအျမင့္ရွိလိမ့္မည္ျ ဖ စ္ေၾကာင္း ေဒသႏၲရသတင္းစာမ်ားက ေရးသားၾကသည္။ မိုင္ဝက္နီးနီးရွိမည့္ တစ္ေနရာသည္ လူ ၂,၅၀၀ ေက်ာ္ ေနထိုင္ရာ အထင္ကရ “ ဆာရာနီရာဗက္စ္ “ဆင္းရဲသားရပ္ကြက္တည္ရွိေနသည္။ အခ်ိဳ႕ကလည္း မဲေပးခြင့္ ႐ုတ္ သိမ္းထားေသာ အဆိုပါပတ္ဝန္းက်င္ကို ယခင္တည္းက အုတ္တံတိုင္းကာရန္ ေဆာက္လုပ္ခဲ့သည္ဟု ေျပာၾကသည္။

ယခုေဆာက္လုပ္ျခင္းမွာ အလည္အပတ္ လာေရာက္ေသာ အေမရိကန္သမၼတအား ပကတိအမွန္တရားကို ျမင္ေ တြ႕ မသြားရေအာင္ အစိုးရအရာရွိတို႔က ႀကိဳးစားျခင္းႏွင့္ တူေနသည္။ ထိုအခ်က္ကို အမက္ဒါဘက္ၿမိဳ႕ေတာ္ စည္ပင္သာ ယာက ျငင္းဆိုပါသည္။ အခ်ိန္မီမစစ္ေဆးႏိုင္သည့္ ခေနခနဲ႔အေဆာက္အအုံတို႔အား အစားထိုး ျပန္လည္တည္ေဆာက္သည့္ စည္ပင္လုပ္ငန္းသက္သက္သာျဖစ္သည္ဟုဆိုသည္။

စီမံကိန္းဒီဇိုင္းတြင္ ၆-ေပ အျမင့္ရွိသည္ဟု ေရးသားေနျခင္းမွာ ႐ြပိုးထိုးေနေသာ မီဒီယာတို႔၏ အေတာ္ ဆိုးေသာ မွားယြင္းမႈသာျဖစ္သည္ ဆို၏။ တစစီျဖစ္ေနေသာ တည္ေဆာက္မႈေဟာင္းကို ေဘးအႏၲရာယ္က င္း ရန္အတြက္သာျပင္ဆင္ျခင္းျဖစ္ေၾကာင္း၊ အခ်ိဳ႕ေနရာတြင္ ၆ ေပအျမင့္ရွိေသာ္လည္း အခ်ိဳ႕တြင္ ၄-ေပအျမင့္သာျ ဖစ္ေအာင္ ျပန္လည္မြန္းမံျ ခင္းသာျဖစ္ေၾကာင္း ေျပာဆိုသည္။

အိႏၵိယဝန္ႀကီးခ်ဳပ္႐ုံးတည္ရာ အမက္ဒါဘက္သည္ ေဒၚနယ္ထရမ့္ႀကိဳဆိုရာဗဟိုျဖစ္လာပါမည္။ ေဒၚနယ္ထရမ့္ႏွင့္ နာရင္ျ ဒာမိုဒီ တို႔က ကမာၻ႔အႀကီးဆုံး “ မိုတီရာ“ ခရစ္ကက္အားကစားကြင္းကို အတူတကြဖြင့္လွစ္ေပးမည္ဟု ေမွ်ာ္လင့္ရသည္။ ထို အခါ ပရိႆတ္တို႔က “ ကမ္ ခ်ိဳ .. ထရမ့္ “ ( ေဟာင္းအာယူ .. ထရမ့္ ) ဟု ေအာ္ဟစ္ႏႈတ္ဆက္ၾကလိမ့္မည္ျဖစ္သည္။ ယခင္ စက္တင္ဘာလ အေမရိကန္ တကၠဆက္သို႔ နာရင္ျဒာမိုဒီေရာက္ရွိစဥ္ အေမရိကန္ဟိႏၵဴ ပရိႆတ္ႀကီးက “ ေဟာင္ဒီ .. မိုဒီ .. “ ဟု ေဒၚနယ္ထရမ့္ႏွင့္အတူ ယွဥ္တြဲရပ္ေနေသာ အိႏၵိယဝန္ႀကီးခ်ဳပ္အား ဟစ္ေႂကြး ႏႈတ္ဆက္ၾကပုံမ်ိဳးျဖစ္သည္။

၁၉၇၀- ႏွစ္လြန္ကာလမ်ားအထိ တ႐ုတ္လည္း အလားတူ ျဖစ္ခဲ့ဖူးသည္ဆိုသည္။ႏိုင္ငံျခားအႀကီးအကဲ အလည္လာသည့္အခါ ဆင္းရဲႏုံခ်ာေသာ အေဆာက္အအုံတို႔ကို ဖုံးကြယ္ကာရံၿပီး၊ ဇင္ျပာ တူညီဝတ္စုံဝတ္ တ႐ုတ္တို႔က လမ္းေဘးဝဲယာ၌ ႏွစ္ႏိုင္ငံအလံမ်ား ေဝွးယမ္းႀကိဳဆိုသည္။ ဧည့္သည္ေတာ္ကား တန္းလြန္သြားသည့္အခါ ဇင္ျပာအက်ႌမ်ား ျပန္ခြၽတ္၍ ပုံမွန္အေဟာင္းျပန္ဝတ္ၿပီး အလုပ္ဆက္လုပ္ၾကသည္ဟု ေျပာစမွတ္ရွိသည္။

သို႔ေသာ္ ယေန႔ကမာၻ႔စီးပြားေရးတြင္ တ႐ုတ္သည္ အေမရိကန္အား ေျခရာခ်င္းတိုင္းေနၿပီး လာမည့္ ဆယ္စုႏွစ္လြန္ ၌ တ႐ုတ္က ပထမ၊ အေမရိကန္က ဒုတိယခ်ိတ္ကာ အိႏၵိယက တတိယေနရာ ကပ္လိုက္လာမည္ဟုပင္ ခန႔္မွန္းေနၾကသည္။

Source-Htay Oung #Myanmar_Online_News

Unicode

အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတ လာရောက်ချိန်တွင် ဆင်းရဲသားရပ်ကွက်ကိုမမြင်ရန် ၆ပေအမြင့် တံတိုင်း ချက်ချင်းကာရံနေ

အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတဒေါ်နယ်ထရ မ့်လာရောက်သည့်အခါ ကြိုဆိုရေး တာဝန်ယူရမည့် အမက်ဒါဘက် မြို့တော် အရာရှိများမှာ လေဆိပ်မှ ဂန္ဓနာဂါအထိ ခြံစည်းရိုးများ ဆေးသုတ်ခြင်း၊ ဆင်းရဲသားရပ်ကွက်ကို ဖုံးကွယ်ရန် တံတိုင်း ကာခြင်းတို့ကို ချက်ချင်းအလျင်အမြန် ဆောင်ရွက်လျှက်ရှိသည်ဟု Russia Today က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၂၄-ရက်နေ့တွင် လာရောက်မည့် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇနီးမယ်လင်နာတို့အား အိန္ဒိယအစိုးရက တခမ်း တနားကြိုဆိုမည်ဖြစ်သည်။ ထို့အတွက် ဂူဂျာရတ်ပြည်နယ် ယခင်မြို့တော်ဟောင်း၌ အမေရိကန်ကိုယ်စား လှယ်တို့ စိတ်အနှောက်ဖြစ်ဖွယ်များကို ဖုံးကွယ်မွန်းမံရာတွင် ဒေသခံအရာရှိအချို့ကိုပါ ပျားပန်းခပ် အလုပ်များ လျှက်ရှိ သည်ဆိုသည်။

လေဆိပ်မှ အိန္ဒိယတံတားအထိ လမ်းဘေးဝဲယာများတွင် တံတိုင်းကာမည်ဖြစ်ရာ ၆- ပေအမြင့်ရှိလိမ့်မည်ြ ဖ စ်ကြောင်း ဒေသန္တရသတင်းစာများက ရေးသားကြသည်။ မိုင်ဝက်နီးနီးရှိမည့် တစ်နေရာသည် လူ ၂,၅၀၀ ကျော် နေထိုင်ရာ အထင် ကရ “ ဆာရာနီရာဗက်စ် “ဆင်းရဲသားရပ်ကွက်တည်ရှိနေသည်။ အချို့ကလည်း မဲပေးခွင့် ရုတ် သိမ်းထားသော အဆိုပါ ပတ်ဝန်းကျင်ကို ယခင်တည်းက အုတ်တံတိုင်းကာရန် ဆောက်လုပ်ခဲ့သည်ဟု ပြောကြသည်။

ယခုဆောက်လုပ်ခြင်းမှာ အလည်အပတ် လာရောက်သော အမေရိကန်သမ္မတအား ပကတိအမှန်တရားကို မြင်ေ တွ့ မသွားရအောင် အစိုးရအရာရှိတို့က ကြိုးစားခြင်းနှင့် တူနေသည်။ ထိုအချက်ကို အမက်ဒါဘက်မြို့တော် စည်ပင်သာ ယာက ငြင်းဆိုပါသည်။ အချိန်မီမစစ်ဆေးနိုင်သည့် ခနေခနဲ့အဆောက်အအုံတို့အား အစားထိုး ပြန်လည်တည်ဆောက် သည့် စည်ပင်လုပ်ငန်းသက်သက်သာဖြစ်သည်ဟုဆိုသည်။

စီမံကိန်းဒီဇိုင်းတွင် ၆-ပေ အမြင့်ရှိသည်ဟု ရေးသားနေခြင်းမှာ ရွပိုးထိုးနေသော မီဒီယာတို့၏ အတော် ဆိုးသော မှား ယွင်းမှုသာဖြစ်သည် ဆို၏။ တစစီဖြစ်နေသော တည်ဆောက်မှုဟောင်းကို ဘေးအန္တရာယ်က င်း ရန်အတွက် သာ ပြင် ဆင်ခြင်းဖြစ်ကြောင်း၊ အချို့နေရာတွင် ၆ ပေအမြင့်ရှိသော်လည်း အချို့တွင် ၄-ပေအမြင့်သာြ ဖစ်အောင် ပြန်လည်မွန်း မံြခင်းသာဖြစ်ကြောင်း ပြောဆိုသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံးတည်ရာ အမက်ဒါဘက်သည် ဒေါ်နယ်ထရမ့်ကြိုဆိုရာဗဟိုဖြစ်လာပါမည်။ ဒေါ်နယ်ထရမ့်နှင့် နာ ရင်ြဒာမိုဒီ တို့က ကမ္ဘာ့အကြီးဆုံး “ မိုတီရာ“ ခရစ်ကက်အားကစားကွင်းကို အတူတကွဖွင့်လှစ်ပေးမည်ဟု မျှော်လင့် ရသည်။ ထို အခါ ပရိဿတ်တို့က “ ကမ် ချို .. ထရမ့် “ ( ဟောင်းအာယူ .. ထရမ့် ) ဟု အော်ဟစ်နှုတ်ဆက်ကြလိမ့် မည်ဖြစ် သည်။ ယခင် စက်တင်ဘာလ အမေရိကန် တက္ကဆက်သို့ နာရင်ဒြာမိုဒီရောက်ရှိစဉ် အမေရိကန်ဟိန္ဒူ ပရိဿတ်ကြီးက “ ဟောင်ဒီ .. မိုဒီ .. “ ဟု ဒေါ်နယ်ထရမ့်နှင့်အတူ ယှဉ်တွဲရပ်နေသော အိန္ဒိယဝန်ကြီးချုပ်အား ဟစ်ကြွေး နှုတ်ဆက်ကြပုံ မျိုးဖြစ်သည်။

၁၉၇၀- နှစ်လွန်ကာလများအထိ တရုတ်လည်း အလားတူ ဖြစ်ခဲ့ဖူးသည်ဆိုသည်။နိုင်ငံခြားအကြီးအကဲ အလည်လာ သည့်အခါ ဆင်းရဲနုံချာသော အဆောက်အအုံတို့ကို ဖုံးကွယ်ကာရံပြီး၊ ဇင်ပြာ တူညီဝတ်စုံဝတ် တရုတ်တို့က လမ်းဘေးဝဲ ယာ၌ နှစ်နိုင်ငံအလံများ ဝှေးယမ်းကြိုဆိုသည်။ ဧည့်သည်တော်ကား တန်းလွန်သွားသည့်အခါ ဇင်ပြာအင်္ကျီများ ပြန် ချွတ်၍ ပုံမှန်အဟောင်းပြန်ဝတ်ပြီး အလုပ်ဆက်လုပ်ကြသည်ဟု ပြောစမှတ်ရှိသည်။

သို့သော် ယနေ့ကမ္ဘာ့စီးပွားရေးတွင် တရုတ်သည် အမေရိကန်အား ခြေရာချင်းတိုင်းနေပြီး လာမည့် ဆယ်စုနှစ်လွန် ၌ တရုတ်က ပထမ၊ အမေရိကန်က ဒုတိယချိတ်ကာ အိန္ဒိယက တတိယနေရာ ကပ်လိုက်လာမည်ဟုပင် ခန့်မှန်းနေကြ သည်။

Source-Htay Oung #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *