ျမန္မာ့ပင္လယ္က မ္းေျခတြင္ ပင္လယ္လိပ္ေခြး တက္ေ ရာက္ ဥခ်မႈကို ပထမဆုံးအႀကိမ္ မွတ္တမ္းတင္ႏိုင္ခဲ့

ျမန္မာ့ပင္လယ္ကမ္းေျခတြင္ ပင္လယ္လိပ္ေခြး တက္ေရာက္ဥခ်မႈကို ပထမဦးဆုံးအႀကိမ္ မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ရွိ က်ိႏၲလီၿမိဳ႕ ကမ္းနီးငါးလုပ္ငန္း ပူးေပါင္းစီမံခန႔္ခြဲမႈဧရိယာ အတြင္းရွိ ပင္လယ္လိပ္ ထိန္း သိမ္းေရး ဧရိယာ ဇုန္ (၁) တြင္ ပင္လယ္လိပ္ေခြး (Loggerhead Turtle) အမတစ္ေကာင္ တက္ေရာက္ ဥခ်သြားမႈကို က်ိႏၲလီကမ္းေျခ ပင္လယ္လိပ္ ထိန္းသိမ္းေရးေကာ္မတီ အဖြဲ႕ဝင္မ်ားက မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးအႀကိမ္ မွတ္တမ္းတင္ႏိုင္ျခင္းျဖစ္ေၾကာင္း လိပ္မ်ိဳးဆက္ ရွင္သန္ေရးအဖြဲ႕မွ ေဒၚကလ်ာ၏ ေျပာ ၾကား ခ်က္အရသိရသည္။

“ျမန္မာႏိုင္ငံမွာ ပင္လယ္လိပ္ေတြ လိပ္ဥဥတဲ့မွတ္တမ္းမွာ လိပ္ေခြး မရွိဖူးဘူး တစ္ခါမွေလ။ ရွိခဲ့ရင္လည္း မသိခဲ့ဘူးေနမွာ။ ဓာတ္ပုံေတြ ဘာေတြမရွိဘူး။ မ်ိဳးေပါက္ေတြလည္း မေတြ႕ဖူးဘူးေပါ့။ ျမန္မာျပည္ List ထဲမွာ အဲဒါရွိတယ္လို႔ ေျပာေပမဲ့ တစ္ခါမွ evidence အေနနဲ႔ မရွိဘူး။ ၿပီးေတာ့ လိပ္ေခြးအေသေတြေတာ့ ေတြ႕ဖူးတယ္ေပါ့။ အဲဒါကလည္း ပင္လယ္ထဲမွာ ေသၿပီးေတာ့ ကမ္းကိုေမ်ာလာတာမ်ိဳး ျဖစ္မယ္ေပါ့ေနာ္။ ဆိုေတာ့ လိပ္ေခြး ရွိ မရွိက ျမန္မာျပည္မွာ Question Mark ျဖစ္ေနတာေပါ့။

အဲဒါအခု ဒီႏွစ္ ပုန္းညက္ကမ္းေျခမွာေတြ႕ေတာ့ Record ျဖစ္သြားတာေပါ့။ ျမန္မာႏိုင္ငံအေနနဲ႔ ပင္လယ္လိပ္ေခြး တက္ဥတာကို ေတြ႕ရွိတာ ဒါပထမဦးဆုံး အႀကိမ္ေပါ့။ ပင္လယ္လိပ္ေခြးက မ်ားေသာအားျဖင့္ ျမန္မာျပည္မွာ သိပ္မေ တြ႕ရဘူး။ ေရသေဘာ သဘာဝကေလ။ ရွိတယ္လို႔ေတာ့ List ထဲမွာ ထည့္ထားတယ္။ ဒါေပမဲ့ အန္တီအလုပ္လုပ္တဲ့ အႏွစ္ ၂၀ ေက်ာ္မွာ တစ္ခါမွမေတြ႕ဖူးဘူးေပါ့။ ဒီတစ္ခါေတာ့ ဓာတ္ပုံနဲ႔တကြ ပထမဦးဆုံး ေတြ႕ျခင္းပဲေပါ့။

ပင္လယ္ျပင္ထဲမွာေတာ့ ရွိတယ္ေလ။ သူတို႔က စားက်က္ေျမအျဖစ္ သုံးတာရွိတယ္၊ သားေဖာက္တဲ့ ေနရာအတြက္ သုံးတာရွိတယ္ေလ။ အဲဒီေတာ့ အခုဒီလိပ္ေခြးက ကမ္းေဝးမွာ စားက်က္ေျမအျဖစ္ သုံးတာေတာ့ က်ိန္းေသတယ္။ ဒီလို ကမ္းနီးကို တက္လာၿပီး ဥတာေတာ့ Record အေနနဲ႔ ဒါပထမဦးဆုံးအႀကိမ္ ရတာေပါ့” ဟု လိပ္မ်ိဳးဆက္ ရွင္သန္ေရးအဖြဲ႕မွ ေဒၚကလ်ာက ေျပာၾကားသည္။

ပင္လယ္လိပ္ေခြးမ်ားသည္ ေရငန္လိပ္မ်ားျဖစ္ၾကၿပီး ၎တို႔ကို အတၱလႏၲိတ္သမုဒၵရာႏွင့္ ဖေလာ္ရီဒါ ကမ္းေျခတို႔တြင္ ေပါေပါမ်ားမ်ား ေတြ႕ရေသာ္လည္း အေရွ႕ေတာင္အာရွတြင္ ေတြ႕ရွိရမႈနည္းပါးကာ ျမန္မာႏိုင္ငံ တြင္လည္း ယခင္က ေတြ႕ရွိမႈ Record မရွိခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ က်ိႏၲလီၿမိဳ႕ ကမ္း႐ိုးတန္းရွိ တိုင္က်ိဳးေခ်ာင္းဝမွ ေညာင္ပင္သာ ေက်း႐ြာတစ္ေလွ်ာက္ ကမ္း႐ိုး တန္းႏွင့္၊ တိုင္က်ိဳးေခ်ာင္းဝမွ ပင္လယ္ျပင္သို႔ ေရမိုင္ ၁၀ မိုင္၊ ေမာင္းေထာက္အငူမွ ပင္လယ္ျပင္သို႔ ေရမိုင္ ၁၀ မိုင္၊ ေညာင္ပင္သာေက်း႐ြာ အနီးရွိ မိေက်ာင္းရဲေခ်ာင္းမွ ပင္လယ္ျပင္သို႔ ေရမိုင္ ၁၀ မိုင္ စုစုေပါင္း ဧရိယာဧက ၁၇၉၂၀၀ (၂၈၀ စတုရန္းမိုင္) အား ကမ္းနီးငါးဖမ္းလုပ္ငန္း ပူးေပါင္းစီမံခန႔္ခြဲမႈ ဧရိယာအျဖစ္ သတ္မွတ္ထားၿပီး

ထိုဧရိယာအတြင္းတြင္ ပင္လယ္လိပ္ ထိန္းသိမ္းေရးဇုန္သုံးဇုန္ သတ္မွတ္ကာ ေဒသခံမ်ား ပါဝင္သည့္ ပင္လယ္လိပ္ ထိန္းသိ မ္းေရး ေကာ္မတီအဖြဲ႕ ဖြဲ႕စည္း၍ ပင္လယ္လိပ္မ်ား ထိန္းသိမ္းေ စာင့္ေရွာက္ျခင္း လုပ္ငန္းကို ၂၀၁၆ ခုႏွစ္မွ စတင္လုပ္ေဆာင္ခဲ့ၿပီး အျခားပင္လယ္လိပ္ မ်ိဳးစိတ္မ်ား တက္ေရာက္ ဥခ်မႈကိုလည္း မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

မြန်မာ့ပင်လယ် ကမ်းခြေတွင် ပင်လယ်လိပ်ခွေး တက် ရောက်ဥချမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

မြန်မာ့ပင်လယ်ကမ်းခြေတွင် ပင်လယ်လိပ်ခွေး တက်ရောက်ဥချမှုကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုဧရိယာ အတွင်းရှိ ပင်လယ်လိပ် ထိန်း သိမ်းရေး ဧရိယာ ဇုန် (၁) တွင် ပင်လယ်လိပ်ခွေး (Loggerhead Turtle) အမတစ်ကောင် တက်ရောက် ဥချသွားမှုကို ကျိန္တလီကမ်းခြေ ပင်လယ်လိပ် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များက မှတ်တမ်းတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခြင်းဖြစ်ကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာ၏ ပြော ကြား ချက်အရသိရသည်။

“မြန်မာနိုင်ငံမှာ ပင်လယ်လိပ်တွေ လိပ်ဥဥတဲ့မှတ်တမ်းမှာ လိပ်ခွေး မရှိဖူးဘူး တစ်ခါမှလေ။ ရှိခဲ့ရင်လည်း မသိခဲ့ဘူးနေမှာ။ ဓာတ်ပုံတွေ ဘာတွေမရှိဘူး။ မျိုးပေါက်တွေလည်း မတွေ့ဖူးဘူးပေါ့။ မြန်မာပြည် List ထဲမှာ အဲဒါရှိတယ်လို့ ပြောပေမဲ့ တစ်ခါမှ evidence အနေနဲ့ မရှိဘူး။ ပြီးတော့ လိပ်ခွေးအသေတွေတော့ တွေ့ဖူးတယ်ပေါ့။ အဲဒါကလည်း ပင်လယ်ထဲမှာ သေပြီးတော့ ကမ်းကိုမျောလာတာမျိုး ဖြစ်မယ်ပေါ့နော်။ ဆိုတော့ လိပ်ခွေး ရှိ မရှိက မြန်မာပြည်မှာ Question Mark ဖြစ်နေတာပေါ့။

အဲဒါအခု ဒီနှစ် ပုန်းညက်ကမ်းခြေမှာတွေ့တော့ Record ဖြစ်သွားတာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ပင်လယ်လိပ်ခွေး တက်ဥတာကို တွေ့ရှိတာ ဒါပထမဦးဆုံး အကြိမ်ပေါ့။ ပင်လယ်လိပ်ခွေးက များသောအားဖြင့် မြန်မာပြည်မှာ သိပ်မေ တွ့ရဘူး။ ရေသဘော သဘာဝကလေ။ ရှိတယ်လို့တော့ List ထဲမှာ ထည့်ထားတယ်။ ဒါပေမဲ့ အန်တီအလုပ်လုပ်တဲ့ အနှစ် ၂၀ ကျော်မှာ တစ်ခါမှမတွေ့ဖူးဘူးပေါ့။ ဒီတစ်ခါတော့ ဓာတ်ပုံနဲ့တကွ ပထမဦးဆုံး တွေ့ခြင်းပဲပေါ့။

ပင်လယ်ပြင်ထဲမှာတော့ ရှိတယ်လေ။ သူတို့က စားကျက်မြေအဖြစ် သုံးတာရှိတယ်၊ သားဖောက်တဲ့ နေရာအတွက် သုံးတာရှိတယ်လေ။ အဲဒီတော့ အခုဒီလိပ်ခွေးက ကမ်းဝေးမှာ စားကျက်မြေအဖြစ် သုံးတာတော့ ကျိန်းသေတယ်။ ဒီလို ကမ်းနီးကို တက်လာပြီး ဥတာတော့ Record အနေနဲ့ ဒါပထမဦးဆုံးအကြိမ် ရတာပေါ့” ဟု လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာက ပြောကြားသည်။

ပင်လယ်လိပ်ခွေးများသည် ရေငန်လိပ်များဖြစ်ကြပြီး ၎င်းတို့ကို အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဖလော်ရီဒါ ကမ်းခြေတို့တွင် ပေါပေါများများ တွေ့ရသော်လည်း အရှေ့တောင်အာရှတွင် တွေ့ရှိရမှုနည်းပါးကာ မြန်မာနိုင်ငံ တွင်လည်း ယခင်က တွေ့ရှိမှု Record မရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ ကမ်းရိုးတန်းရှိ တိုင်ကျိုးချောင်းဝမှ ညောင်ပင်သာ ကျေးရွာတစ်လျှောက် ကမ်းရိုး တန်းနှင့်၊ တိုင်ကျိုးချောင်းဝမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင်၊ မောင်းထောက်အငူမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင်၊ ညောင်ပင်သာကျေးရွာ အနီးရှိ မိကျောင်းရဲချောင်းမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင် စုစုပေါင်း ဧရိယာဧက ၁၇၉၂၀၀ (၂၈၀ စတုရန်းမိုင်) အား ကမ်းနီးငါးဖမ်းလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအဖြစ် သတ်မှတ်ထားပြီး

ထိုဧရိယာအတွင်းတွင် ပင်လယ်လိပ် ထိန်းသိမ်းရေးဇုန်သုံးဇုန် သတ်မှတ်ကာ ဒေသခံများ ပါဝင်သည့် ပင်လယ်လိပ် ထိန်းသိ မ်းရေး ကော်မတီအဖွဲ့ ဖွဲ့စည်း၍ ပင်လယ်လိပ်များ ထိန်းသိမ်းေ စာင့်ရှောက်ခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး အခြားပင်လယ်လိပ် မျိုးစိတ်များ တက်ရောက် ဥချမှုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *